သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အထူးတရား႐ံုး၊ စစ္ခံု႐ံုးေတြနဲ႔ အင္းစိန္ေထာင္က တရားစီရင္ေရး


အက်ဥ္းက်ေနသူႏွင့္ ေတြ႔ဆံုခြင့္အတြက္ အင္းစိန္ေထာင္ေရွ႕တြင္ ေစာင့္ဆိုင္းေနသူတဦး။ ဧၿပီ ၁၂၊ ၂၀၂၁

(Zawgyi/Unicode)

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြနဲ႔ဆက္စပ္ၿပီး ရန္ကုန္၊ အင္းစိန္ေထာင္မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသူေတြကို အထူးတရား႐ံုး၊ စစ္ခံု႐ုံုးေတြနဲ႔ စစ္ေဆးစီရင္ေနၿပီး ဥပေဒေၾကာင္းအရ ရပိုင္ခြင့္ ဆုံုး႐ံႈးတာေတြ ရွိေနတယ္လုိ႔ အက်ဳိးေဆာင္ေရွ႕ေနတဦးက ဗီြအုိေအကိုေျပာပါတယ္။

လြန္ခဲ့တဲ့ သီတင္းသံုးပတ္ ပတ္ဝန္းက်င္ကစလို႔ အမႈေတြကို စတင္စစ္ေဆးေနၿပီး တရားလို ရဲအရာရွိေတြရဲ႕ ထြက္ဆိုခ်က္ေတြကို စတင္ၾကားနာေနတယ္လုိ႔လည္း ေရွ႕ေနကေျပာပါတယ္။

ဖမ္းဆီးခံထားရသူေတြနဲ႔ ဘယ္လိုမွ အဆက္အသြယ္မရေသးတဲ့ မိသားစုဝင္ေတြအတြက္လည္း သူက အၾကံေပးစကားေျပာထားပါတယ္။ လံုျခံဳေရးအရ နာမည္ထုတ္ေဖာ္လို႔မရတဲ့ အက်ဳိးေဆာင္ေရွ႕ေနတဦးကို ကိုေက်ာ္ေက်ာ္သိန္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

....................

အထူးတရားရုံး၊ စစ်ခုံရုံးတွေနဲ့ အင်းစိန်ထောင်က တရားစီရင်ရေး

(Zawgyi/Unicode)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်ပြီး ရန်ကုန်၊ အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားသူတွေကို အထူးတရားရုံး၊ စစ်ခုံရုံးတွေနဲ့ စစ်ဆေးစီရင်နေပြီး ဥပဒေကြောင်းအရ ရပိုင်ခွင့် ဆုံးရှုံးတာတွေ ရှိနေတယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းသုံးပတ် ပတ်ဝန်းကျင်ကစလို့ အမှုတွေကို စတင်စစ်ဆေးနေပြီး တရားလို ရဲအရာရှိတွေရဲ့ ထွက်ဆိုချက်တွေကို စတင်ကြားနာနေတယ်လို့လည်း ရှေ့နေကပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေနဲ့ ဘယ်လိုမှ အဆက်အသွယ်မရသေးတဲ့ မိသားစုဝင်တွေအတွက်လည်း သူက အကြံပေးစကားပြောထားပါတယ်။ လုံခြုံရေးအရ နာမည်ထုတ်ဖော်လို့မရတဲ့ အကျိုးဆောင်ရှေ့နေတဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG