သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG က ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ဖဲြ႔စည္းေၾကာင္း ေၾကညာ


ရန္ကုန္ၿမိဳ႕ ဆႏၵျပပဲြအတြင္း စစ္တပ္နဲ႔ ရဲရဲ႕ ျဖိဳခြင္းမႈကို ကာကြယ္ေနၾကတဲ့ ျပည္သူမ်ား။ (မတ္ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

NUG အမ်ိဳးသားညီညႊတ္ေရးအစိုးရက ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (People’s Defence Force) ကို တရား၀င္ဖြဲ႔စည္းလို္က္ေၾကာင္း ေမလ ၅ ရက္ေန႔မွာ ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။ စစ္ေကာင္စီတပ္ေတြရဲ ႔ အၾကမ္းဖက္တုိက္ခုိက္မႈေတြကို ရင္ဆုိင္ေနရတဲ့ ျမန္မာျပည္သူျပည္သားေတြကို ကာကြယ္ႏုိင္ဖို႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ကို ကာကြယ္ေရးဆိုင္ရာမူ၀ါဒနဲ႔အညီ ဖြဲ႔စည္းေၾကာင္း NUG ျပည္ေထာင္စု၀န္ႀကီးခ်ဳပ္က ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

စစ္ေကာင္စီတပ္ေတြဟာျပည္သူလူထုရဲ ႔ အသက္အိုးအိမ္စည္းစိမ္ကို ထိပါးေႏွာင့္ယွက္ဖ်က္ဆီးေနၿပီး ျမန္မာ့ႏုိင္ငံေရးဦးတည္ခ်က္ျဖစ္တဲ့ ဖယ္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတည္ေဆာက္ေရးကိုပါ အဟန္႔အတားျပဳေနတယ္လို႔လည္း ေဖာ္ျပပါတယ္။

ႏွစ္ေပါင္း ၇၀ ေက်ာ္ျဖစ္ပြါးေနတဲ့ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရးနဲ႔ လုံၿခဳံေရးက႑ျပဳျပင္ေျပာင္းလဲမႈေတြေဆာင္ရြက္ႏုိင္ဖို႔နဲ႔ ဖယ္ဒရယ္ျပည္ေထာင္စု တပ္မေတာ္ဖြဲ႔စည္းႏုိင္ဖို႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ကို ေရွ ႔ေျပးအျဖစ္ ဖြဲ႔စည္းလိုက္တာျဖစ္တယ္လို႔လည္း ဒီကေန႔႔ထုတ္ၾကျငာခ်က္မွာေဖာ္ျပပါရွိပါတယ္။

ခုဖြြဲ႔စည္းလိုက္တဲ့ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ရဲ ႔ ရည္ရြယ္ခ်က္ျပည္႔မီေအာင္ ေဆာင္ရြက္ေရးနဲ႔ လက္နက္တပ္ဆင္ေရးကိစၥကိုေတာ့ NUG က အေသးစိတ္ေျပာမထားပါဘူး။ NUG ရဲ ႔ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာစစ္တပ္ေျပာခြင့္ရသူကို ေမးျမန္းခဲ့ေပမဲ့ ဖုန္းေျဖဆိုျခင္းမရွိဘူးလို႔ ရိုက္တာသတင္းတရပ္မွာ ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း ကြေညာ

NUG အမျိုးသားညီညွှတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force) ကို တရားဝင်ဖွဲ့စည်းလိုက်ကြောင်း မေလ ၅ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူပြည်သားတွေကို ကာကွယ်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနဲ့အညီ ဖွဲ့စည်းကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်ဖျက်ဆီးနေပြီး မြန်မာ့နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကိုပါ အဟန့်အတားပြုနေတယ်လို့လည်း ဖော်ပြပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်နိုင်ဖို့နဲ့ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ရှေ့ပြေးအဖြစ် ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့လည်း ဒီကနေ့ထုတ်ကြငြာချက်မှာဖော်ပြပါရှိပါတယ်။

ခုဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ရည်ရွယ်ချက်ပြည့်မီအောင် ဆောင်ရွက်ရေးနဲ့ လက်နက်တပ်ဆင်ရေးကိစ္စကိုတော့ NUG က အသေးစိတ်ပြောမထားပါဘူး။ NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ပြောခွင့်ရသူကို မေးမြန်းခဲ့ပေမဲ့ ဖုန်းဖြေဆိုခြင်းမရှိဘူးလို့ ရိုက်တာသတင်းတရပ်မှာ ရေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG