သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလး စဥ့္ကိုင္အနီး တ႐ုတ္ဓါတ္ေငြ႔ပိုက္လိုင္းကင္းစခန္း တိုက္ခိုက္ခံရ


ရခိုင္ျပည္နယ္ ေက်ာက္ျဖဴကေန တရုတ္ျပည္ကို ပို႔တဲ့ ဓာတ္ေငြ႔ပိုက္လိုင္းေျမပံု။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

မႏၱေလးတိုင္း စဥ့္ကိုင္ၿမိဳ႕နယ္ ေတာမရြာမွာ ရခိုင္ကေန တရုတ္ျပည္ ကူမင္းသို႔ ဓာတ္ေငြ႕ပို႔တဲ့ ဓာတ္ေငြ႕ပိုက္လိုင္း ေစာင့္တဲ့ ရဲ ၅ ေယာက္ကို လူတစုက တိုက္ခိုက္ခဲ့လို႔ ရဲ ၃ ဦးေသဆံုးခဲ့ၿပီးတဲ့ေနာက္၊ ပိုက္လိုင္း အနီးက ေက်းရြာမွာလည္း တပ္ခ်ထားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မႏၲေလးနဲ႔ စစ္ကိုင္းေဒသေတြဘက္က ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ ရန္ကုန္က ေပးပို႔ထားတဲ့သတင္း ကိုခင္ေမာင္စိုးမင္းေျပာျပပါမယ္။

ရခိုင္ကေန တရုတ္ျပည္ ကူမင္းကို ဓာတ္ေငြ႔ပို႔ေဆာင္တဲ့ ပိုက္လိုင္းျဖတ္သန္းရာ မႏၱေလးတိုင္း စဥ့္ကိုင္ၿမိဳ႕နယ္၊ ေတာမရြာအနီးက ပိုက္လိုင္း လံုၿခံဳေရးရဲကင္းကို လူတစုက ဒီကေန႔ ေမ ၅ ရက္ မနက္အေစာပိုင္းမွာ ၀င္ေရာက္ တိုက္ခိုက္ခဲ့လို႔ ပိုက္လိုင္းလံုၿခံဳေရးယူေနတဲ့ ရဲ ၃ ဦးေသဆံုးခဲ့ပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံ တဦးက ဗြီအိုေအကို အခုလိုေျပာျပပါတယ္။

“ဂတ္စ္ပိုက္လိုင္းက ရခိုင္ကေန တရုတ္ျပည္ကူမင္ထိ ပို႔တယ္လို႔ ၾကားတယ္ခင္ဗ်။ မနက္ ၇ နာရီေလာက္မွာ ေသနတ္ေဖာက္သံၾကားရတယ္။ ေနာက္ထပ္ ေသနတ္ ေဖာက္သံ ၃ ခ်က္ေပါ့။ ပထမက ၁ ခ်က္၊ ေနာက္တခါ ၂ ခ်က္ အဲ့ဒါ ၾကားရတဲ့အခ်ိန္က ၇ နာရီေလာက္ေပါ့။ ၇ နာရီေလာက္မွာ ၾကားရၿပီးေတာ့ ဘာျဖစ္တာလည္း မသိဘူး။ ရြာလည္း အထိတ္တလန္႔ျဖစ္သြားတာေပါ့။ သူတို႔အခ်င္းခ်င္း ပစ္ခတ္ၾကတာ ထင္တယ္ေပါ့။ ရြာကလည္း ထင္ေၾကးေပးၾကတယ္ေပါ့။ အဲ့ဒီေနာက္ပိုင္းမွာ ျဖစ္လာတာက စစ္သားေရာ၊ ရဲေရာ လံုၿခံဳေရးခ်ထားတဲ့ ရဲကင္းနားမွာ ေရာက္ေနၾကတယ္။ ၇ နာရီေလာက္မွာေလ။ ေနာက္ပိုင္း သတင္းထြက္လာတာက ရဲသား ၃ ေယာက္ ေသသြားတယ္။ ဓားနဲ႔ ၀င္ခုတ္ခံရတယ္။ မနက္ခင္း ၅ နာရီ ၁၀ မိနစ္ေလာက္က လူအင္အား ခန္႔မွန္း လူအင္အား ၂၀ ေလာက္ပါတဲ့ လူတစုက ၀င္ခုတ္သြားတယ္။ တာ၀န္က်တဲ့ ၀န္ထမ္းက ၅ ေယာက္ရွိတယ္။ ဂ်ဴတီအခ်ိန္းအေျပာင္းမွာ အိပ္ေနတဲ့ ၀န္ထမ္းေတြ အခုတ္ခံရတယ္လို႔ သိရတယ္ခင္ဗ်။”

အခုလို ပိုက္လိုင္းေစာင့္တဲ့ ရဲေတြ တိုက္ခိုက္ခံရၿပီး ေသဆံုးသြားတာေၾကာင့္ ေတာမရြာမွာ ည ၆ နာရီေက်ာ္ရင္ အျပင္မထြက္ဖို႔ စစ္ေကာင္စီဘက္က လိုက္ေျပာေနၿပီး စစ္တပ္လည္း ခ်ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အခုတိုက္ခိုက္မႈဟာ ေက်ာက္ဆည္ခရိုင္ ကာကြယ္ေရးအဖြဲ႕က သူတို႔ လုပ္ေဆာင္တာ ျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ေမ ၃ ရက္က စာသင္ေက်ာင္းလာဖြင့္လို႔ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္ထဲက တင္းမရြာမွာ ေမ ၄ ရက္ ညပိုင္းက ဆႏၵထုတ္ေဖာ္ခဲ့သူ တဦးရဲ႕ေနအိမ္ကို စစ္ေကာင္စီတပ္ေတြက လာေရာက္ ရွာေဖြၿပီး ပစၥည္းေတြ ယူေဆာင္သြားတယ္လို႔ ၀င္ေရာက္ရွာေဖြခံရသူက ေျပာပါတယ္။

“ညကဘယ္လိုျဖစ္တာလည္းဆိုေတာ့ အၾကမ္းဖက္စစ္ေကာင္စီအဖြဲ႕ေတြ သက္သက္မဲ့ ၀င္ေရာက္လာၿပီး ကား ၃ စီးနဲ႔ေပါ့ဗ်ာ။ အင္အားကေတာ့ ခန္႔မွန္းေျခ ၃၀ ပတ္၀န္းက်င္ေလာက္ ရွိမယ္ထင္တယ္။ တံခါးကို ရိုက္ဖြင့္ၿပီးေတာ့ ရွိတဲ့ ပန္းကန္ခြက္ေတြကအစ ယူၿပီးေတာ့၊ အသံခ်ဲ႕စက္၊ တြန္းပုန္းေတြနဲ႔ က်န္တဲ့ဟာေတြကို ယူၿပီးေတာ့ က်ေနာ္တို႔ မ်ိဳးစပါးေလးေတြ၊ ဒီမိုးဦးက်ရင္စိုက္ဖို႔လုပ္ထားတဲ့ဟာေတြ၊ အိတ္ေတြကို ခြဲၿပီး အကုန္ျဖန္႔က်ဲထားခဲ့တယ္။ က်ေနာ္အျမင္ေျပာရရင္ က်ေနာ္ဆႏၵျပတာေတြ ေရွ႕ထြက္တာေတြ မေက်နပ္လို႔လား၊ ဒါမွမဟုတ္ ပညာေရး စနစ္ကိုအလိုမရွိေၾကာင္း စစ္ကြ်န္ပညာေရးစနစ္ကို အလိုမရွိေၾကာင္း ဆႏၵျပလို႔ လုပ္တယ္လို႔ ယူဆတယ္။”

ေမလ ၃ ရက္နဲ႔ ၄ ရက္ေန႔ေတြမွာ ေဒသခံေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ၂ ဘက္အျပန္ အလွန္ ပစ္ခတ္တာေတြျဖစ္ပြားခဲ့ၿပီး ေဒသခံ ၂ ဦးနဲ႔ စစ္သား ၄ ဦးအထိ ေသဆံုးတဲ့အထိ ပစ္ခတ္မႈ ျပင္းထန္ခဲ့တဲ့ မေကြးတိုင္း ထီးလင္းၿမိဳ႕မွာေတာ့ ဒီကေန႔ တိုက္ပြဲမျဖစ္ဘဲ ၿငိမ္သက္ေနတယ္လို႔ ေဒသခံ ၁ ဦးကေျပာပါတယ္။

“ဒီကေန႔ အေျခအေနက ေအးေနတယ္လို႔ ေျပာရမွာေပါ့။ အခုခ်ိန္ထိေတာ့ ဘာမွထူးျခားတာမရွိေသးပါဘူး။ ပစ္တာခတ္တာ မရွိဘူး။ ဒီကေန႔ၿငိမ္ေနတယ္။ သူတို႔ဘက္က ကင္းေတြဘာေတြခ်ၿပီးလုပ္ထားၾကေတာ့ ျပည္သူဘက္ကလည္း ၿငိမ္ေနတယ္။”

ဒ့ါအျပင္မေန႔က ညေနပိုင္းက ဖမ္း၀ရမ္းထုတ္ထားသူေတြကို လာေရာက္ ဖမ္းဆီးရာကေန ေဒသခံရြာသားေတြနဲ႔ စစ္ေကာင္စီတပ္တို႔ အေျခအေန တင္းမာၿပီး ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ေရျပာေက်းရြာမွာ စစ္ေကာင္စီတပ္ေတြက ပစ္ခတ္တာေၾကာင့္ ရြာသား ၁ ဦး ေသဆံုးၿပီး ၁ ဦး ဒဏ္ရာရရွိခဲ့ၿပီး ဒီကေန႔မွာေတာ့ လံုၿခံဳေရးကို တင္းၾကပ္စြာခ်ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မႏၱေလးၿမိဳ႕မွာဆိုရင္လည္း လံုၿခံဳေရးယူထားတဲ့ စစ္သားက ဆိုင္ကယ္တစီးကို စစ္ေဆးရာမွာ အစစ္ေဆးမခံဘဲ ေမာင္းေျပးတဲ့အတြက္ လံုၿခံဳေရးယူထားသူက ေသနတ္နဲ႔ ပစ္ခတ္လိုက္တာေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္သူကို မထိဘဲ အနီးမွာ ရပ္ထားတဲ့ ကားေပၚထိုင္ေနသူကို ထိမွန္ၿပီး ၁ ဦးေသဆံုးခဲ့သလို ၁ ဦး ဒဏ္ရာ ရရွိခဲ့ပါေသးတယ္ခင္ဗ်ာ။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ ႏိုင္ငံတကာမွာ စစ္ေကာင္စီကို တ႐ုတ္ႏိုင္ငံက ေက်ာေထာက္ေနာက္ခံလုပ္ေပးေနတယ္လို႔ ျမန္မာ့ေႏြဦးေတာ္လွန္ေရးလႈပ္ရွားသူေတြက ယူဆၾကပါတယ္။ အဲဒါေၾကာင့္လည္း ျမန္မာႏိ္ုင္ငံတြင္း တ႐ုတ္ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ဆန္႔က်င္တာေတြရွိသလို ရခိုင္ကေန တ႐ုတ္ႏိုင္ငံကို သြယ္တန္းထားတဲ့ တ႐ုတ္ႏိုင္ငံပို႔ ဓါတ္ေငြ႕ပိုက္လိုင္းကို ေဖာက္ခဲြဖ်က္ဆီးမယ္လို႔ ၿခိမ္းေျခာက္မႈ အေတာ္မ်ားမ်ား ရွိေနတာပါ။ အခုျဖစ္တဲ့ ဓါတ္ေငြ႕ပိုက္လိုင္း လံုျခံဳေရးယူတဲ့ ကင္းစခန္း တခု တိုက္ခိုက္ခံရတဲ့ျဖစ္ရပ္ကေတာ့ ဒီလိုၿခိမ္းေျခာက္မႈေတြေနာက္ပိုင္း ပထမဆံုးၾကံဳလာတဲ့ တိုက္ခိုက္မႈျဖစ္ပါတယ္။ လူ ၃၀ ခန္႔ပါ၀င္တဲ့ လူအုပ္ဟာ တုတ္ဓါးေတြနဲ႔ ဒီတိုက္ခိုက္မႈေၾကာင့္ ရဲတပ္သားသံုးဦးဟာ ထိုးသြင္းဒဏ္ရာေတြနဲ႔ ေသဆံုးခဲ့တယ္လို႔ ျမန္မာအသံ အခု ည ၈ နာရီသတင္းမွာလည္း အတည္ျပဳေၾကညာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေး စဉ့်ကိုင်အနီး တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကင်းစခန်း တိုက်ခိုက်ခံရ

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် တောမရွာမှာ ရခိုင်ကနေ တရုတ်ပြည် ကူမင်းသို့ ဓာတ်ငွေ့ပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း စောင့်တဲ့ ရဲ ၅ ယောက်ကို လူတစုက တိုက်ခိုက်ခဲ့လို့ ရဲ ၃ ဦးသေဆုံးခဲ့ပြီးတဲ့နောက်၊ ပိုက်လိုင်း အနီးက ကျေးရွာမှာလည်း တပ်ချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းဒေသတွေဘက်က ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က ပေးပို့ထားတဲ့သတင်း ကိုခင်မောင်စိုးမင်းပြောပြပါမယ်။

ရခိုင်ကနေ တရုတ်ပြည် ကူမင်းကို ဓာတ်ငွေ့ပို့ဆောင်တဲ့ ပိုက်လိုင်းဖြတ်သန်းရာ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်၊ တောမရွာအနီးက ပိုက်လိုင်း လုံခြုံရေးရဲကင်းကို လူတစုက ဒီကနေ့ မေ ၅ ရက် မနက်အစောပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ပိုက်လိုင်းလုံခြုံရေးယူနေတဲ့ ရဲ ၃ ဦးသေဆုံးခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံ တဦးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ဂတ်စ်ပိုက်လိုင်းက ရခိုင်ကနေ တရုတ်ပြည်ကူမင်ထိ ပို့တယ်လို့ ကြားတယ်ခင်ဗျ။ မနက် ၇ နာရီလောက်မှာ သေနတ်ဖောက်သံကြားရတယ်။ နောက်ထပ် သေနတ် ဖောက်သံ ၃ ချက်ပေါ့။ ပထမက ၁ ချက်၊ နောက်တခါ ၂ ချက် အဲ့ဒါ ကြားရတဲ့အချိန်က ၇ နာရီလောက်ပေါ့။ ၇ နာရီလောက်မှာ ကြားရပြီးတော့ ဘာဖြစ်တာလည်း မသိဘူး။ ရွာလည်း အထိတ်တလန့်ဖြစ်သွားတာပေါ့။ သူတို့အချင်းချင်း ပစ်ခတ်ကြတာ ထင်တယ်ပေါ့။ ရွာကလည်း ထင်ကြေးပေးကြတယ်ပေါ့။ အဲ့ဒီနောက်ပိုင်းမှာ ဖြစ်လာတာက စစ်သားရော၊ ရဲရော လုံခြုံရေးချထားတဲ့ ရဲကင်းနားမှာ ရောက်နေကြတယ်။ ၇ နာရီလောက်မှာလေ။ နောက်ပိုင်း သတင်းထွက်လာတာက ရဲသား ၃ ယောက် သေသွားတယ်။ ဓားနဲ့ ဝင်ခုတ်ခံရတယ်။ မနက်ခင်း ၅ နာရီ ၁၀ မိနစ်လောက်က လူအင်အား ခန့်မှန်း လူအင်အား ၂၀ လောက်ပါတဲ့ လူတစုက ဝင်ခုတ်သွားတယ်။ တာဝန်ကျတဲ့ ဝန်ထမ်းက ၅ ယောက်ရှိတယ်။ ဂျူတီအချိန်းအပြောင်းမှာ အိပ်နေတဲ့ ဝန်ထမ်းတွေ အခုတ်ခံရတယ်လို့ သိရတယ်ခင်ဗျ။”

အခုလို ပိုက်လိုင်းစောင့်တဲ့ ရဲတွေ တိုက်ခိုက်ခံရပြီး သေဆုံးသွားတာကြောင့် တောမရွာမှာ ည ၆ နာရီကျော်ရင် အပြင်မထွက်ဖို့ စစ်ကောင်စီဘက်က လိုက်ပြောနေပြီး စစ်တပ်လည်း ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုတိုက်ခိုက်မှုဟာ ကျောက်ဆည်ခရိုင် ကာကွယ်ရေးအဖွဲ့က သူတို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မေ ၃ ရက်က စာသင်ကျောင်းလာဖွင့်လို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက တင်းမရွာမှာ မေ ၄ ရက် ညပိုင်းက ဆန္ဒထုတ်ဖော်ခဲ့သူ တဦးရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက လာရောက် ရှာဖွေပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဝင်ရောက်ရှာဖွေခံရသူက ပြောပါတယ်။

“ညကဘယ်လိုဖြစ်တာလည်းဆိုတော့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ သက်သက်မဲ့ ဝင်ရောက်လာပြီး ကား ၃ စီးနဲ့ပေါ့ဗျာ။ အင်အားကတော့ ခန့်မှန်းခြေ ၃၀ ပတ်ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ တံခါးကို ရိုက်ဖွင့်ပြီးတော့ ရှိတဲ့ ပန်းကန်ခွက်တွေကအစ ယူပြီးတော့၊ အသံချဲ့စက်၊ တွန်းပုန်းတွေနဲ့ ကျန်တဲ့ဟာတွေကို ယူပြီးတော့ ကျနော်တို့ မျိုးစပါးလေးတွေ၊ ဒီမိုးဦးကျရင်စိုက်ဖို့လုပ်ထားတဲ့ဟာတွေ၊ အိတ်တွေကို ခွဲပြီး အကုန်ဖြန့်ကျဲထားခဲ့တယ်။ ကျနော်အမြင်ပြောရရင် ကျနော်ဆန္ဒပြတာတွေ ရှေ့ထွက်တာတွေ မကျေနပ်လို့လား၊ ဒါမှမဟုတ် ပညာရေး စနစ်ကိုအလိုမရှိကြောင်း စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း ဆန္ဒပြလို့ လုပ်တယ်လို့ ယူဆတယ်။”

မေလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေ ၂ ဘက်အပြန် အလှန် ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ဦးနဲ့ စစ်သား ၄ ဦးအထိ သေဆုံးတဲ့အထိ ပစ်ခတ်မှု ပြင်းထန်ခဲ့တဲ့ မကွေးတိုင်း ထီးလင်းမြို့မှာတော့ ဒီကနေ့ တိုက်ပွဲမဖြစ်ဘဲ ငြိမ်သက်နေတယ်လို့ ဒေသခံ ၁ ဦးကပြောပါတယ်။

“ဒီကနေ့ အခြေအနေက အေးနေတယ်လို့ ပြောရမှာပေါ့။ အခုချိန်ထိတော့ ဘာမှထူးခြားတာမရှိသေးပါဘူး။ ပစ်တာခတ်တာ မရှိဘူး။ ဒီကနေ့ငြိမ်နေတယ်။ သူတို့ဘက်က ကင်းတွေဘာတွေချပြီးလုပ်ထားကြတော့ ပြည်သူဘက်ကလည်း ငြိမ်နေတယ်။”

ဒ့ါအပြင်မနေ့က ညနေပိုင်းက ဖမ်းဝရမ်းထုတ်ထားသူတွေကို လာရောက် ဖမ်းဆီးရာကနေ ဒေသခံရွာသားတွေနဲ့ စစ်ကောင်စီတပ်တို့ အခြေအနေ တင်းမာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မကွေးတိုင်း ပေါက်မြို့နယ် ရေပြာကျေးရွာမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်တာကြောင့် ရွာသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒီကနေ့မှာတော့ လုံခြုံရေးကို တင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာဆိုရင်လည်း လုံခြုံရေးယူထားတဲ့ စစ်သားက ဆိုင်ကယ်တစီးကို စစ်ဆေးရာမှာ အစစ်ဆေးမခံဘဲ မောင်းပြေးတဲ့အတွက် လုံခြုံရေးယူထားသူက သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် ဆိုင်ကယ်မောင်းနှင်သူကို မထိဘဲ အနီးမှာ ရပ်ထားတဲ့ ကားပေါ်ထိုင်နေသူကို ထိမှန်ပြီး ၁ ဦးသေဆုံးခဲ့သလို ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်ခင်ဗျာ။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတကာမှာ စစ်ကောင်စီကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံလုပ်ပေးနေတယ်လို့ မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားသူတွေက ယူဆကြပါတယ်။ အဲဒါကြောင့်လည်း မြန်မာနိုင်ငံတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ဆန့်ကျင်တာတွေရှိသလို ရခိုင်ကနေ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ တရုတ်နိုင်ငံပို့ ဓါတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲဖျက်ဆီးမယ်လို့ ခြိမ်းခြောက်မှု အတော်များများ ရှိနေတာပါ။ အခုဖြစ်တဲ့ ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူတဲ့ ကင်းစခန်း တခု တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ကတော့ ဒီလိုခြိမ်းခြောက်မှုတွေနောက်ပိုင်း ပထမဆုံးကြုံလာတဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ လူ ၃၀ ခန့်ပါဝင်တဲ့ လူအုပ်ဟာ တုတ်ဓါးတွေနဲ့ ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်သားသုံးဦးဟာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာအသံ အခု ည ၈ နာရီသတင်းမှာလည်း အတည်ပြုကြေညာသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG