သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အကြီးအကဲ ၂ ဦး မြန်မာနိုင်ငံကို နောက်အပတ်အတွင်း သွားရောက်မည်


(Zawgyi/Unicode)

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အာဆီယံအလှည့်ကျ ဥက္ကဌနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ဟာ မြန်မာနိုင်ငံကို လာမယ့် သီတင်းပတ်ထဲမှာ သွားရောက်မှာ ဖြစ်ကြောင်း တောင်ကိုရီးယား Arirang သတင်းဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

အာဆီယံ ထိပ်တန်းအရာရှိကြီးတွေ အနေနဲ့ မြန်မာနိုင်ငံမှာ အခုအချိန်ထိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်သိရှိနိုင်ဖို့ မြန်မာနိုင်ငံကို လာမယ့် သီတင်းပတ်ထဲမှာ သွားရောက်ဖို့ စီစဉ်နေပါတယ်လို့ Arirang သတင်းမှာ ကြေညာသွားတာပါ။ အာဆီယံအလှည့်ကျ ဥက္ကဌ နဲ့ အတွင်းရေးမှုးချုပ်တို့က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့က မြန်မာနိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံ ၁၀ နိုင်ငံ -အထူးအစည်းအဝေး တရပ်ကျင်းပပြီးတဲ့နောက် ရခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ခိုင်ခိုင်မာမာ အကောင်အထည်ဖေါ်ဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ချိန်မှာပဲ အခုလို မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

အာဆီယံ ဆယ်နိုင်ငံကြား ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ထဲမှာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ဘက်အားလုံး အနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ငြိမ်းချမ်းစွာအဖြေထုတ်နိုင်ရေး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့၊ ဒီလို ဆွေးနွေးပွဲတွေ ဖြစ်လာအောင် အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ် ထားရှိဖို့၊ အာဆီယံရဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှဝ်နဲ့ ကိုယ်စားလှယ် အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနိုင်ဖို့ တွေ ပါဝင်ပါတယ်။

စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် တွေကို လေးစား လိုက်နာမယ်လို့ မပြောသေးပါဘူး။ နိုင်ငံတွင်း တည်ငြိမ်မှု၊ နိုင်ငံ အကျိုးစီးပွား အပေါ်မှာ အခြေခံပြီးမှ အာဆီယံ ခေါင်းဆောင်တွေရဲ့ အကြံပြုချက်ကို စဉ်းစားမယ်လို့ သူ ဦးဆောင်တဲ့ စစ်ကောင်စီက ဧပြီ လကုန်လောက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


...........


(Unicode)






XS
SM
MD
LG