သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ နဲ႔ အေရွ႕အာရွ ႏိုင္ငံေတြ ဘ႑ာေရးနဲ႔ ကိုဗစ္တိုက္ဖ်က္ေရး ပူးေပါင္းေဆာင္ရြက္မည္


(Zawgyi/Unicode)

အေရွ႕ေတာင္ အာရွ ႏုိင္ငံမ်ား အသင္း ASEAN၊ တရုတ္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား ႏုိင္ငံေတြက ဗဟိုဘဏ္ အႀကီးအကဲေတြနဲ႔ ဘ႑ာေရး ၀န္ႀကီးေတြက ေဒသတြင္း ဘ႑ာေရး ပူးေပါင္းေဆာင္ရြက္မႈ ခုိင္မာေရးနဲ႔ COVID-19 ကပ္ေဘးေရာဂါ ဆုိးဆိုးရြားရြား ခံေနရတဲ႔ ႏုိင္ငံေတြကို ဆက္လက္ ေထာက္ပံ႔ေရး တနလာၤေန႔က ကတိျပဳခဲ႔ၾကပါတယ္။

အာရွဖြံ႔ၿဖိဳးမႈဘဏ္ ADB ရဲ႕ ႏွစ္ပတ္လည္ ညီလာခံ အတြင္း အြန္လိုင္းကေန သီးျခား ေတြ႔ဆံု ေဆြးေႏြးခဲ႔ၾကၿပီးေနာက္ ထုတ္ျပန္တဲ႔ ပူးတြဲ ေၾကညာခ်က္မွာ အခုလို ေျပာဆိုထားတာပါ။ အာရွ ဖြံ႔ၿဖိဳးမႈဘဏ္ ADB ရဲ႕ ႏွစ္ပတ္လည္ ေဆြးေႏြးပြဲမွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ ျပသနာ တုံ႔ျပန္ ကိုင္တြယ္မႈ အပါအ၀င္ အာရွေဒသတြင္း က်န္းမာေရး၊ ရာသီဥတု ေျပာင္းလဲမႈ အေရး၊ အဆင့္ျမင့္ အေျခခံ အေဆာက္အဦးအေရး၊ အေၾကြး ကိစၥ ပြင့္လင္းျမင္သာမႈနဲ႔ တာ၀န္ယူႏုိင္စြမ္းတို႔ကို အဓိကထား ေဆြးေႏြးမယ့္ အေၾကာင္း ဂ်ပန္ ဘ႑ာေရး ၀န္ႀကီး Taro Aso က ေျပာဆုိထားပါတယ္။

၂၀၂၁ ခုႏွစ္ အတြင္းမွာ COVID-19 ကာကြယ္ေဆး ျဖန္႔ေ၀ႏုိင္မႈနဲ႔ ျပန္လည္ နားလန္ထူမႈ အရွိန္ေကာင္းလာၿပီး စီးပြားေရးကို ျဖည္းျဖည္းခ်င္း ျပန္ဖြင့္လာနုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း အာဆီယံနဲ႔ ေဆြးေႏြးဖက္ သံုးႏုိင္ငံ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ အလံုးစံု ျပန္လည္ ထူေထာင္ေရး၊ ဘ႑ာေရးပိုင္း ေရရွည္ ထိန္းထားႏုိင္ေရးနဲ႔ ေငြေၾကး တည္ၿငိမ္မႈ ရွိေစေရး ေဆာင္ရြက္ၾကဖို႔ ကတိျပဳခဲ႔ၾကတာပါ။

ေဒသတြင္းမွာ ဘ႑ာေရး လံုၿခံဳမႈ ရွိေစေရး ပိုၿပီး ခိုင္မာေစဖို႔ အတြက္ ဦးစီး ေဆာင္ရြက္မယ့္ အေၾကာင္း တရုတ္ ၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားဘက္က အေရွ႕ေတာင္ အာရွ ႏုိင္ငံမ်ားအဖြဲ႔ အာဆီယံနဲ႔ ေတြ႔ဆံု ေဆြးေႏြးပြဲမွာ ေျပာပါတယ္။ စီးပြားေရး ျပန္လည္ နာလန္ထူတဲ႔ ေနရာမွာ ေရရွည္ တည္တံ႔ေစေရး အတြက္ မူ၀ါဒအရ ခ်မွတ္ ေဆာင္ရြက္ေရး အတြက္လည္း ဘ႑ာေရးဆိုင္ရာ အႀကီးအကဲေတြ ကတိျပဳခဲ႔ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

အာဆီယံ နဲ့ အရှေ့အာရှ နိုင်ငံတွေ ဘဏ္ဍာရေးနဲ့ ကိုဗစ်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည်

(Unicode)

အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ဗဟိုဘဏ် အကြီးအကဲတွေနဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေက ဒေသတွင်း ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးနဲ့ COVID-19 ကပ်ဘေးရောဂါ ဆိုးဆိုးရွားရွား ခံနေရတဲ့ နိုင်ငံတွေကို ဆက်လက် ထောက်ပံ့ရေး တနလာၤနေ့က ကတိပြုခဲ့ကြပါတယ်။

အာရှဖွံ့ဖြိုးမှုဘဏ် ADB ရဲ့ နှစ်ပတ်လည် ညီလာခံ အတွင်း အွန်လိုင်းကနေ သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ အခုလို ပြောဆိုထားတာပါ။ အာရှ ဖွံ့ဖြိုးမှုဘဏ် ADB ရဲ့ နှစ်ပတ်လည် ဆွေးနွေးပွဲမှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြသနာ တုံ့ပြန် ကိုင်တွယ်မှု အပါအဝင် အာရှဒေသတွင်း ကျန်းမာရေး၊ ရာသီဥတု ပြောင်းလဲမှု အရေး၊ အဆင့်မြင့် အခြေခံ အဆောက်အဦးအရေး၊ အကြွေး ကိစ္စ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူနိုင်စွမ်းတို့ကို အဓိကထား ဆွေးနွေးမယ့် အကြောင်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီး Taro Aso က ပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ် အတွင်းမှာ COVID-19 ကာကွယ်ဆေး ဖြန့်ဝေနိုင်မှုနဲ့ ပြန်လည် နားလန်ထူမှု အရှိန်ကောင်းလာပြီး စီးပွားရေးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လာနိုင်ဖို့ မျှော်လင့်ကြောင်းလည်း အာဆီယံနဲ့ ဆွေးနွေးဖက် သုံးနိုင်ငံ ကြေညာချက်မှာ ဖော်ပြပါတယ်။ အလုံးစုံ ပြန်လည် ထူထောင်ရေး၊ ဘဏ္ဍာရေးပိုင်း ရေရှည် ထိန်းထားနိုင်ရေးနဲ့ ငွေကြေး တည်ငြိမ်မှု ရှိစေရေး ဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြတာပါ။

ဒေသတွင်းမှာ ဘဏ္ဍာရေး လုံခြုံမှု ရှိစေရေး ပိုပြီး ခိုင်မာစေဖို့ အတွက် ဦးစီး ဆောင်ရွက်မယ့် အကြောင်း တရုတ် ၊ ဂျပန်နဲ့ တောင်ကိုရီးယားဘက်က အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ အာဆီယံနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောပါတယ်။ စီးပွားရေး ပြန်လည် နာလန်ထူတဲ့ နေရာမှာ ရေရှည် တည်တံ့စေရေး အတွက် မူဝါဒအရ ချမှတ် ဆောင်ရွက်ရေး အတွက်လည်း ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲတွေ ကတိပြုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG