(Zawgyi / Unicode)
ထိုင္းႏိုင္ငံတြင္း ဒီကေန႔ တနဂၤေႏြေန႔ ဓာတ္ခဲြစမ္းသပ္မႈေတြအရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁,၉၀၀ ေက်ာ္နဲ႔ ေသဆုံးသူက ၂၁ ေယာက္ရွိပါတယ္။ ဒါဟာ ကပ္ေရာဂါ စျဖစ္ၿပီးေနာက္ပိုင္း ဒုတိယေန႔ဆက္တိုက္ ႏုိင္ငံတြင္း ေသဆုံးမႈႏႈန္း အမ်ားဆုံးျဖစ္ပါတယ္။
ကပ္ေရာဂါကာလ အေစာပိုင္းကတည္းက ထိုင္းမွာ ေရာဂါထိန္းခ်ဳပ္ေရး အသြားအလာေတြ ပိတ္ပင္ခဲ့သလို နယ္စပ္ျဖတ္ေက်ာ္မႈေတြကိုလည္း တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ထားခဲ့တာပါ။ ဒါေပမယ့္ အခု ကပ္ေရာဂါ တတိယလႈိင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးဗီဇကြဲ ကူးစက္မႈနဲ႔ ႀကဳံေနရတာ ျဖစ္ပါတယ္။
ထိုင္းႏိုင္ငံမွာ ဒီကေန႔အထိ ေရာဂါကူးစက္ထားသူေပါင္း ၆၈,၉၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ စုစုေပါင္း ၂၄၅ ေယာက္ရွိပါတယ္။
အခုထိ ႏိုင္ငံတြင္း ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြနဲ႔ ေရာဂါကူးစက္ႏိုင္ေျခရွိသူ အမ်ားစု အပါအဝင္ လူေပါင္း ၁.၅ သန္းေက်ာ္ကို ကာကြယ္ေဆး ထိုးေပးထားၿပီး ျဖစ္ပါတယ္။ ကာကြယ္ေဆးထိုးဖို႔ စာရင္းေပးသြင္းမႈေတြကိုလည္း ဒီသီတင္းပတ္က စလက္ခံေနၿပီျဖစ္ၿပီး ႏိုင္ငံတြင္းထုတ္လုပ္မယ့္ AstraZeneca ကာကြယ္ေဆးနဲ႔ ဇြန္လမွာ ကာကြယ္ေဆး အေျမာက္အျမား ထိုးေပးသြားဖို႔ စီစဥ္ထားပါတယ္။
-------------------------
(Unicode)
ထိုင်းနိုင်ငံတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု တိုးများလာ၊ သေဆုံးမှု မြင့်တက်လာ
ထိုင်းနိုင်ငံတွင်း ဒီကနေ့ တနင်္ဂနွေနေ့ ဓာတ်ခွဲစမ်းသပ်မှုတွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁,၉၀၀ ကျော်နဲ့ သေဆုံးသူက ၂၁ ယောက်ရှိပါတယ်။ ဒါဟာ ကပ်ရောဂါ စဖြစ်ပြီးနောက်ပိုင်း ဒုတိယနေ့ဆက်တိုက် နိုင်ငံတွင်း သေဆုံးမှုနှုန်း အများဆုံးဖြစ်ပါတယ်။
ကပ်ရောဂါကာလ အစောပိုင်းကတည်းက ထိုင်းမှာ ရောဂါထိန်းချုပ်ရေး အသွားအလာတွေ ပိတ်ပင်ခဲ့သလို နယ်စပ်ဖြတ်ကျော်မှုတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တာပါ။ ဒါပေမယ့် အခု ကပ်ရောဂါ တတိယလှိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှုနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီကနေ့အထိ ရောဂါကူးစက်ထားသူပေါင်း ၆၈,၉၀၀ ကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၂၄၅ ယောက်ရှိပါတယ်။
အခုထိ နိုင်ငံတွင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ရောဂါကူးစက်နိုင်ခြေရှိသူ အများစု အပါအဝင် လူပေါင်း ၁.၅ သန်းကျော်ကို ကာကွယ်ဆေး ထိုးပေးထားပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးဖို့ စာရင်းပေးသွင်းမှုတွေကိုလည်း ဒီသီတင်းပတ်က စလက်ခံနေပြီဖြစ်ပြီး နိုင်ငံတွင်းထုတ်လုပ်မယ့် AstraZeneca ကာကွယ်ဆေးနဲ့ ဇွန်လမှာ ကာကွယ်ဆေး အမြောက်အမြား ထိုးပေးသွားဖို့ စီစဉ်ထားပါတယ်။