သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆံုးသူအေရတြက္ တိုးလာ


ထုိင္းႏုိင္ငံမွာ သံဃာေတာ္တပါးကို ကုိဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဧၿပီ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးမႈႏႈန္း ျမင့္လာတာ ၂ ရက္ဆက္တိုက္ ရွိလာတာေၾကာင့္ ကိုဗစ္တတိယလႈိင္းကို ကာကြယ္ဖို႔ အာဏာပိုင္ေတြ ႀကိဳးပမ္းေနၾကပါတယ္။

ကိုဗစ္ မ်ိဳးဗီဇကြဲအသစ္ ပ်ံ႕ႏွံ႔ေနတဲ့ အိႏၵိယကေန ထိုင္းကို လာေရာက္သူေတြကို ႏုိင္ငံတြင္းဝင္ေရာက္ခြင့္ ေလွ်ာ့ခ် ကန္႔သတ္လိုက္တယ္လို႔လည္း ထိုင္း COVID-19 တိုက္ဖ်က္ေရးအဖြဲ႔ ေျပာခြင့္ရက ေျပာပါတယ္။

အခု တတိယလႈိင္းအစ ၂၅ ရက္အတြင္းမွာပဲ COVID-19 ကူးစက္သူ ၂၄,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၄၆ ေယာက္ရွိပါတယ္။ ဒါေၾကာင့္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ အေနနဲ႔ လိုအပ္ရင္ အမ်ားျပည္သူေတြနဲ႔ သက္ဆိုင္တဲ့ ေနရာေတြကို ပိတ္ရမွာျဖစ္သလို ညမထြက္ရအမိန္႔ထုတ္ဖို႔ လိုမယ္လို႔ ဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha က သူ႔ Facebook စာမ်က္ႏွာမွာ စေနေန႔က ေရးထားပါတယ္။

ၿမိဳ႕ေတာ္ ဘန္ေကာက္မွာလည္း ပန္းၿခံေတြ၊ အားကစား႐ုံေတြ၊ ႐ုပ္ရွင္႐ုံေတြနဲ႔ ေန႔ကေလးထိန္းစင္တာေတြကို ဧၿပီ ၂၆ ရက္ကေန ေမလ ၉ ရက္ေန႔အထိ ပိတ္ထားဖို႔ အာဏာပိုင္ေတြက ၫႊန္ၾကားထားပါတယ္။ ေစ်းဝယ္စင္တာေတြကို ဖြင့္ထားေပမယ့္ အခ်ိန္ကန္႔သတ္ထားပါတယ္။

အေစာပိုင္းတုန္းက ထိုင္းႏိုင္ငံမွာ COVID-19 ကူးစက္မႈကို အတန္အသင့္ ထိန္းခ်ဳပ္ထားႏိုင္တာျဖစ္ၿပီး အခုရက္ပိုင္းေတြအတြင္း ကူးစက္မႈႏႈန္း တိုးလာေနတာပါ။ ေရာဂါလကၡဏာမျပလည္း ေရာဂါကူးစက္ေနရင္ ေဆး႐ုံတက္ ကုသမႈခံယူဖို႔ အာဏာပိုင္ေတြက စည္းကမ္းခ်မွတ္ထားတာေၾကာင့္ ေဆး႐ုံခုတင္ေတြ မလုံေလာက္မွာကိုလည္း စိုးရိမ္ေနၾကပါတယ္။ ဒါေၾကာင့္ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔ သီးျခားခြဲ ေစာင့္ၾကည့္ကာလကို ၁၄ ရက္ကေန ၁၀ ရက္ေလွ်ာ့ခ်ဖို႔အတြက္ စဥ္းစားဖို႔ ဝန္ႀကီးခ်ဳပ္က တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ထိုင်းနိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေတွက် တိုးလာ

ထိုင်းနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးမှုနှုန်း မြင့်လာတာ ၂ ရက်ဆက်တိုက် ရှိလာတာကြောင့် ကိုဗစ်တတိယလှိုင်းကို ကာကွယ်ဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေကြပါတယ်။

ကိုဗစ် မျိုးဗီဇကွဲအသစ် ပျံ့နှံ့နေတဲ့ အိန္ဒိယကနေ ထိုင်းကို လာရောက်သူတွေကို နိုင်ငံတွင်းဝင်ရောက်ခွင့် လျှော့ချ ကန့်သတ်လိုက်တယ်လို့လည်း ထိုင်း COVID-19 တိုက်ဖျက်ရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

အခု တတိယလှိုင်းအစ ၂၅ ရက်အတွင်းမှာပဲ COVID-19 ကူးစက်သူ ၂၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၆ ယောက်ရှိပါတယ်။ ဒါကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ လိုအပ်ရင် အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ပိတ်ရမှာဖြစ်သလို ညမထွက်ရအမိန့်ထုတ်ဖို့ လိုမယ်လို့ ဝန်ကြီးချုပ် Prayut Chan-o-cha က သူ့ Facebook စာမျက်နှာမှာ စနေနေ့က ရေးထားပါတယ်။

မြို့တော် ဘန်ကောက်မှာလည်း ပန်းခြံတွေ၊ အားကစားရုံတွေ၊ ရုပ်ရှင်ရုံတွေနဲ့ နေ့ကလေးထိန်းစင်တာတွေကို ဧပြီ ၂၆ ရက်ကနေ မေလ ၉ ရက်နေ့အထိ ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ဈေးဝယ်စင်တာတွေကို ဖွင့်ထားပေမယ့် အချိန်ကန့်သတ်ထားပါတယ်။

အစောပိုင်းတုန်းက ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှုကို အတန်အသင့် ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး အခုရက်ပိုင်းတွေအတွင်း ကူးစက်မှုနှုန်း တိုးလာနေတာပါ။ ရောဂါလက္ခဏာမပြလည်း ရောဂါကူးစက်နေရင် ဆေးရုံတက် ကုသမှုခံယူဖို့ အာဏာပိုင်တွေက စည်းကမ်းချမှတ်ထားတာကြောင့် ဆေးရုံခုတင်တွေ မလုံလောက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သီးခြားခွဲ စောင့်ကြည့်ကာလကို ၁၄ ရက်ကနေ ၁၀ ရက်လျှော့ချဖို့အတွက် စဉ်းစားဖို့ ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG