သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ တရက်အတွင်း ကိုဗစ်ကူးစက်သူ ၁,၃၀၀ ကျော်ရှိ


ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ရှိမရှိ စစ်ဆေးခဲ့စဉ် ( မေ၊၁၂၊၂ဝ၂ဝ)
ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ရှိမရှိ စစ်ဆေးခဲ့စဉ် ( မေ၊၁၂၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံမှာတော့၊ ဒီနေ့ COVID-19 ကူးစက်သူ နောက်ထပ် ၁,၃၃၅ ယောက်အထိရှိခဲ့ပြီး ဒါက ကိုဗစ်ကူးစက်မှု အစကတည်းကဆိုရင် ထိုင်းမှာ တရက်အတွင်းကူးစက်မှု အများဆုံး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ Songkran ခေါ် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကျရောက်တဲ့ ဒီရက်ပိုင်းတွေထဲမှာပဲ ကိုဗစ်ပိုး တကျော့ပြန်ကူးစက်မှုတွေ နေ့စဉ်ဆက်တိုက်တက်လာရာမှာ ရာဂဏန်းတွေကနေ အခုထောင်ဂဏန်းအထက်ထိကို ဖြစ်လာနေပါတယ်။

အရင်ဗြိတိန်မှာစတွေ့ခဲ့တဲ့ ကူးစက်မြန်ဗီဇပြောင်း ပိုးမျိုးသစ်နဲ့ပါ ကြုံလာရချိန် ကာကွယ်နိုင်ရေးအတွက်လည်း Songkran သင်္ကြန်ပွဲတော်အတွင်း လူစုလူဝေးရှောင်ဖို့နဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေမလုပ်ဖို့ ထိုင်းအာဏာပိုင်တွေက အလေးအနက် တိုက်တွန်းနေပါတယ်။

တချိန်ထဲမှာ၊Songkran သင်္ကြန်ပွဲတော်ကာလကြောင့် ခုလိုကူးစက်မှုတွေထိန်းချုပ်ဖို့ ပိုအရေးပါလာတာကိုလည်း ကျန်းမာရေးအရာရှိတွေက သတိပေးနေပြီး သင်္ကြန်အလွန် သီတင်းပတ် ၂ ပတ်အတွက်ပါ အိမ်တွေကနေ အလုပ်လုပ်ပေးကြဖို့ ဆက်တိုက်တွန်းနေပါတယ်။

ထိုင်းနိုင်ငံမှာ အခုအချိန်ထိ COVID-19 ကူးစက်သူပေါင်း ၃၆,၀၀၀ နီးပါးရှိလာပြီး သေဆုံးသူကလည်း ၁၀၀ နီးပါးရှိနေပါတယ်။ ကူးစက်မှုအများဆုံး ဘန်ကောက်မြို့တော်မှာတင် ဒီနေ့ ကူးစက်သူ ၃၅၁ ယောက်ရှိပြီး သေဆုံးသူတော့ ဒီနေ့ မရှိခဲ့ပါဘူး။

အခုလိုကိုဗစ်-19 ပိုးတွေ့သူ ဆက်တိုက်မြင့်တက်လာချိန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးတာ နှေးကွေးခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ ထိုင်းနိုင်ငံမှာ ကုတင် ၁၀,၀၀၀ ဆန့် အရေးပေါ်ဆေးရုံကြီးတစ်ခု သီးသန့်တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG