(Zawgyi / Unicode)
အိႏၵိယအေနာက္ပိုင္း ေဆး႐ုံတခုမွာ စေနေန႔က COVID-19 လူနာေဆာင္တခု မီးေလာင္တာေၾကာင့္ အနည္းဆံုး ၁၈ ဦး ေသဆံုးခဲ့ရပါတယ္။ ဂူဂ်ာရတ္ျပည္နယ္ Bharuch ၿမိဳ႕က Welfare ေဆး႐ုံ ေျမညီထပ္ မီးေလာင္မႈကေန လူနာ ၃၀ ကို ကယ္တင္ခဲ့ရေၾကာင္း အာဏာပိုင္တို႔က ေျပာပါတယ္။
လူနာ ၁၄ ဦးနဲ႔ သူတုိ႔ကို ျပဳစုေစာင့္ေရွာက္ေပးေနသူေတြ၊ က်န္းမာေရးဝန္ထမ္းေတြ မီးသင့္ ေသဆံုးခဲ့ရေၾကာင္း ေဆး႐ုံ တာဝန္ရွိသူက ေျပာပါတယ္။
မီးေလာင္ရတဲ့ အေၾကာင္းရင္းေတာ့ မသိရေသးေၾကာင္းလည္း တာဝန္ရွိသူေတြက ေျပာပါတယ္။ ေဆး႐ုံ မီးေလာင္မႈအတြင္း အသက္ဆံုး႐ႈံးခဲ့ရမႈအတြက္ ဝမ္းနည္းရေၾကာင္းနဲ႔ ေသဆံုးရသူေတြရဲ႕ မိသားစုနဲ႔ ထပ္တူ စိတ္မေကာင္းျဖစ္ရေၾကာင္း အိႏိၵိယဝန္ႀကီးခ်ဳပ္ Narendera Modi က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။
တခ်ိန္တည္းမွာပဲ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ ဆုိးရြားလာေနတဲ့ အိႏၵိယကို ႏုိင္ငံတကာက အေထာက္အကူေတြ အေရးေပၚ ပို႔ေဆာင္ေနၾကပါတယ္။ ေအာက္ဆီဂ်င္၊ ကို႐ုိနာဗိုင္းရပ္စ္ စမ္းသပ္ပစၥည္းေတြနဲ႔ ကာကြယ္ေဆး ထုတ္လုပ္ေရးဆိုင္ရာ ပစၥည္းေတြ အပါအဝင္ အေမရိကန္ရဲ႕ အကူအညီေတြလည္း ေသာၾကာေန႔က ေရာက္ရွိပါတယ္။
---------------------
(Unicode)
အိန္ဒိယ ကိုဗစ်ဆေးရုံ မီးလောင်မှု ၁၈ ဦးသေ
အိန္ဒိယအနောက်ပိုင်း ဆေးရုံတခုမှာ စနေနေ့က COVID-19 လူနာဆောင်တခု မီးလောင်တာကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ရပါတယ်။ ဂူဂျာရတ်ပြည်နယ် Bharuch မြို့က Welfare ဆေးရုံ မြေညီထပ် မီးလောင်မှုကနေ လူနာ ၃၀ ကို ကယ်တင်ခဲ့ရကြောင်း အာဏာပိုင်တို့က ပြောပါတယ်။
လူနာ ၁၄ ဦးနဲ့ သူတို့ကို ပြုစုစောင့်ရှောက်ပေးနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ မီးသင့် သေဆုံးခဲ့ရကြောင်း ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းတော့ မသိရသေးကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဆေးရုံ မီးလောင်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရမှုအတွက် ဝမ်းနည်းရကြောင်းနဲ့ သေဆုံးရသူတွေရဲ့ မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်း အိန္ဒိိယဝန်ကြီးချုပ် Narendera Modi က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆိုးရွားလာနေတဲ့ အိန္ဒိယကို နိုင်ငံတကာက အထောက်အကူတွေ အရေးပေါ် ပို့ဆောင်နေကြပါတယ်။ အောက်ဆီဂျင်၊ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ပစ္စည်းတွေနဲ့ ကာကွယ်ဆေး ထုတ်လုပ်ရေးဆိုင်ရာ ပစ္စည်းတွေ အပါအဝင် အမေရိကန်ရဲ့ အကူအညီတွေလည်း သောကြာနေ့က ရောက်ရှိပါတယ်။