သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဆေးဖက်ဆိုင်ရာ အကူအညီ အိန္ဒိယကို စတင်ရောက်ရှိ


အမေရိကန် ပြည်ထောင်စုမှ ပေးပို့သော Covid-19 ကယ်ဆယ်ရေးပစ္စည်းများ အိန္ဒီယာဂန္ဒီလေဆိပ်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ- Reuters)
အမေရိကန် ပြည်ထောင်စုမှ ပေးပို့သော Covid-19 ကယ်ဆယ်ရေးပစ္စည်းများ အိန္ဒီယာဂန္ဒီလေဆိပ်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ- Reuters)

(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေကြောင့် အကျပ်အတည်း ကြုံနေရတဲ့ အိန္ဒိယနိုင်ငံအတွက် အမေရိကန်က ပေးပို့တဲ့ အရေးပေါ် ဆေးဖက်ဆိုင်ရာ အကူအညီတွေ သောကြာနေ့မှာပဲ ရောက်ရှိသွားပါပြီ။

ကပ်ရောဂါကြောင့် သေဆုံးသူ ၂ သိန်းကျော်နဲ့ ကူးစက်မှုတွေ မြန်မြန်ဆန်ဆန် တိုးလာနေချိန်မှာပဲ အမေရိကန်ရဲ့ အကူအညီတွေ ရောက်ရှိလာခဲ့တာပါ။

Super Galaxy အမေရိကန် သယ်ယူပို့ဆောင်ရေး စစ်လေယာဉ်နဲ့ သယ်ဆောင်လာတဲ့ ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေထဲမှာတော့ အောက်စီဂျင်ဗူး ၄၀၀ ကျော်၊ ဆေးရုံသုံး ပစ္စည်းတွေနဲ့ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်မယ့် ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေက လှူဒါန်းတဲ့ ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေကိုလည်း ရှေ့သီတင်းပတ်မှာ အထူးလေယာဉ်တွေနဲ့ ဆက်လက် ပို့ဆောင်မှာဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး အိန္ဒိယနိုင်ငံကို အကူအညီပေးဖို့ အမေရိကန် သမ္မတ Joe Biden ကလည်း ကတိပြုထားတာပါ။

ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်၊ အိန္ဒိယ မိတ်ဖက် ဆက်ဆံရေး ခိုင်မာအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီး S. Jaishankar ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က သောကြာနေ့မှာ ပြောခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ အရေးပေါ် လိုအပ်နေတဲ့ ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေကို ပေးအပ်ဖို့ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီ နဲ့ ဂျပန်တို့လို နိုင်ငံကြီးတွေ သာမက ထိုင်း၊ ထိုင်ဝမ်တို့လို နိုင်ငံငယ်တွေ အပါအဝင် နိုင်ငံပေါင်း ၄၀ လောက်က ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG