သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ကိုဗစ္ကူးစက္မႈ ေသဆံုးသူ ႏွစ္သိန္းေက်ာ္


အိႏိၵယႏိုင္ငံ New Delhi ၿမိဳ႕မွာ ေတြ႔ရတဲ့ ကိုဗစ္ကူးစက္သူ တခ်ိဳ႕။ (ဧၿပီ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

ကိုဗစ္ေရာဂါကူးသူ ေန႔စဥ္သိန္းခ်ီရွိေနတဲ့ အိႏၵိယႏုိ္င္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ပိုးကူးသူသစ္ ၃၆၀,၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၃,၃၀၀ ေက်ာ္ရွိပါတယ္။ ကိုဗစ္ေၾကာင့္ေသဆုံးသူ စုစုေပါင္း ၂၀၀,၀၀၀ ေက်ာ္သြားၿပီလို႔ အိႏၵိယက်န္းမာေရးဌာနက ေျပာပါတယ္။ ေသဆုံးသူမ်ားလြန္းတဲ့အတြက္ သၿဂိၤဳလ္ဖို႔လည္း မႏုိင္မနင္းျဖစ္ေနၿပီး တခ်ိဳ ႔ျမိဳ ႔ေတြမွာေတာ့ ကားရပ္နားကြင္းေတြထဲမွာတင္ အေလာင္းေတြကို မီးရိႈ ႔ေနၾကရပါတယ္။

“မနက္ ၇ နာရီကတည္းက ဒီကိုေရာက္ေနတာပါ။ က်ေနာ့္ေနာက္မွာ အေလာင္း ၂ ေလာင္း၊ ၃ ေလာင္းေလာက္ပါတဲ့ လူနာတင္ကား ၁၅ စီးေလာက္ရွိေနပါေသးတယ္။ မီးသၿဂိၤဳလ္စက္ကို လူေသအေလာင္း လာပို႔ရတဲ့အတုိင္းပါပဲ။ ဟိုမွာျမင္ေနရတဲ့ လူနာတင္ယာဥ္ ၈ စီးဆိုရင္ မေန႔ညကတည္းက ေစာင့္ေနရတယ္လို႔ ၾကားပါတယ္။” လို႔ လူေသအေလာင္းေတြလာပို႔တဲ့ သူတေယာက္ကေျပာသြားတာပါ။

ေသဆုံးသူအေရအတြက္ ဒီထက္မ်ားႏုိင္တယ္လု႔ိ ကၽြမ္းက်င္သူေတြ ယုံၾကည္ေနၾကပါတယ္။ အိႏၵိယမွာ ပိုးကူးသူ ၁၈ သန္းနီးပါးေရာက္ေနပါၿပီ။ ၿပီးခဲ့တဲ့ တပတ္လုံးေန႔စဥ္ေသဆုံးသူ ၂,၀၀၀ ေက်ာ္ပါတယ္။ လူဦးေရသန္းေပါင္း ၁,၄၀၀ နီးပါး ရွိတဲ့ အိႏၵိယျပည္သူေတြၾကား ပိုးကူးစက္မႈျမင့္တက္ေနတဲ့အတြက္ က်န္းမာေရးစနစ္ႀကီး တခုလုံး ၿပိဳလဲ မတတ္ျဖစ္ေနတာေၾကာင့္ ကမၻာ့ႏုိင္ငံတခ်ိဳ ႔က က်န္းမာေရးပစၥည္း ကိရိယာေတြ ေပးပို႔လႈဒါန္းေနၾကပါတယ္။ ေဆးရုံတက္ရသူနဲ႔ ေသဆုံးသူေတြ စံခ်ိန္တင္ျမင့္တက္လာတဲ့အတြက္ လူနာေတြအတြက္ ေအာက္ဆီဂ်င္ေတြလည္း ျပတ္လတ္ကုန္ပါတယ္။

တခ်ဳိ႕ျပည္နယ္ေတြမွာ က်င္းပတဲ့ ဟိႏၵဴဘာသာေရးပြဲေတာ္နဲ႔ ႏုိင္ငံေရးပြဲေတြမွာ လူေတြ စုေ၀းခဲ့ၾကတဲ့အတြက္ ခုုလိုေမ ွ်ာ္လင့္မထားတဲ့ႏႈန္းနဲ႔ ပိုးကူးစက္ေနတာလို႔လည္း က်န္းမာေရးပညာရွင္ေတြကေျပာပါတယ္။ ၿမိဳ ႔ေတာ္နယူးေဒလီအပါအ၀င္ ျပည္နယ္တခ်ိဳ ႔မွာေတာ့ ကပ္ေရာဂါကန္႔သတ္ခ်က္ေတြ ျပန္ၿပီး ခ်မွတ္ထားပါတယ္။

အိႏိၵယမွာ ကိုဗစ္ကာကြယ္ေဆးထိုးထားသူ ၁၀ ရာခုိင္နႈန္းရွိေပမဲ့ ေဆးလုံးအျပည့္ထိုးထားသူက ၁.၅ ရာခုိင္ႏႈန္းပဲရွိပါတယ္။ အေမရိကန္၊ ဘရာဇီးလ္နဲ႔ မကၠဆီကိုႏုိင္ငံၿပီးရင္ အိႏၵိယက ေသဆုံးသူ အမ်ားဆုံးပါ။ ပိုးကူးခံရသူအေနနဲ႔ဆုိရင္ေတာ့ အေမရိကန္ၿပီးရင္ အိႏၵိယက ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယ ကိုဗစ်ကူးစက်မှု သေဆုံးသူ နှစ်သိန်းကျော်

ကိုဗစ်ရောဂါကူးသူ နေ့စဉ်သိန်းချီရှိနေတဲ့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးကူးသူသစ် ၃၆၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃,၃၀၀ ကျော်ရှိပါတယ်။ ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်း ၂၀၀,၀၀၀ ကျော်သွားပြီလို့ အိန္ဒိယကျန်းမာရေးဌာနက ပြောပါတယ်။ သေဆုံးသူများလွန်းတဲ့အတွက် သဂြိၤုလ်ဖို့လည်း မနိုင်မနင်းဖြစ်နေပြီး တချို့မြို့တွေမှာတော့ ကားရပ်နားကွင်းတွေထဲမှာတင် အလောင်းတွေကို မီးရှို့နေကြရပါတယ်။

“မနက် ၇ နာရီကတည်းက ဒီကိုရောက်နေတာပါ။ ကျနော့်နောက်မှာ အလောင်း ၂ လောင်း၊ ၃ လောင်းလောက်ပါတဲ့ လူနာတင်ကား ၁၅ စီးလောက်ရှိနေပါသေးတယ်။ မီးသဂြိၤုလ်စက်ကို လူသေအလောင်း လာပို့ရတဲ့အတိုင်းပါပဲ။ ဟိုမှာမြင်နေရတဲ့ လူနာတင်ယာဉ် ၈ စီးဆိုရင် မနေ့ညကတည်းက စောင့်နေရတယ်လို့ ကြားပါတယ်။” လို့ လူသေအလောင်းတွေလာပို့တဲ့ သူတယောက်ကပြောသွားတာပါ။

သေဆုံးသူအရေအတွက် ဒီထက်များနိုင်တယ်လု့ိ ကျွမ်းကျင်သူတွေ ယုံကြည်နေကြပါတယ်။ အိန္ဒိယမှာ ပိုးကူးသူ ၁၈ သန်းနီးပါးရောက်နေပါပြီ။ ပြီးခဲ့တဲ့ တပတ်လုံးနေ့စဉ်သေဆုံးသူ ၂,၀၀၀ ကျော်ပါတယ်။ လူဦးရေသန်းပေါင်း ၁,၄၀၀ နီးပါး ရှိတဲ့ အိန္ဒိယပြည်သူတွေကြား ပိုးကူးစက်မှုမြင့်တက်နေတဲ့အတွက် ကျန်းမာရေးစနစ်ကြီး တခုလုံး ပြိုလဲ မတတ်ဖြစ်နေတာကြောင့် ကမ္ဘာ့နိုင်ငံတချို့က ကျန်းမာရေးပစ္စည်း ကိရိယာတွေ ပေးပို့လှုဒါန်းနေကြပါတယ်။ ဆေးရုံတက်ရသူနဲ့ သေဆုံးသူတွေ စံချိန်တင်မြင့်တက်လာတဲ့အတွက် လူနာတွေအတွက် အောက်ဆီဂျင်တွေလည်း ပြတ်လတ်ကုန်ပါတယ်။

တချို့ပြည်နယ်တွေမှာ ကျင်းပတဲ့ ဟိန္ဒူဘာသာရေးပွဲတော်နဲ့ နိုင်ငံရေးပွဲတွေမှာ လူတွေ စုဝေးခဲ့ကြတဲ့အတွက် ခုလိုမေ ျှာ်လင့်မထားတဲ့နှုန်းနဲ့ ပိုးကူးစက်နေတာလို့လည်း ကျန်းမာရေးပညာရှင်တွေကပြောပါတယ်။ မြို့တော်နယူးဒေလီအပါအဝင် ပြည်နယ်တချို့မှာတော့ ကပ်ရောဂါကန့်သတ်ချက်တွေ ပြန်ပြီး ချမှတ်ထားပါတယ်။

အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားသူ ၁၀ ရာခိုင်နှုန်းရှိပေမဲ့ ဆေးလုံးအပြည့်ထိုးထားသူက ၁.၅ ရာခိုင်နှုန်းပဲရှိပါတယ်။ အမေရိကန်၊ ဘရာဇီးလ်နဲ့ မက္ကဆီကိုနိုင်ငံပြီးရင် အိန္ဒိယက သေဆုံးသူ အများဆုံးပါ။ ပိုးကူးခံရသူအနေနဲ့ဆိုရင်တော့ အမေရိကန်ပြီးရင် အိန္ဒိယက ဒုတိယအများဆုံးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG