သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဂျိုးဘိုင်ဒန်အစိုးရ ရက်၁၀၀ဆောင်ရွက်မှု ကန်လူထုအများစုလက်ခံ


US President Joe Biden
US President Joe Biden

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ အဖြစ်တာဝန်ယူတာ ရက်ပေါင်း ၁၀၀ ပြည့်တော့မယ့် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေကို အမေရိကန်ပြည်သူအများစု ထောက်ခံတာတွေ့ရပါတယ်။

Covid-19 ကပ်ရောဂါထိန်းချုပ်မှုအပေါ် လူထုက အကောင်းမြင်ကြပေမယ့် အမေရိကန်-မက္ကဆီကို နယ်စပ်ကို အများအပြားရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူအရေး ကိုင်တွယ်တဲ့နေရာမှာတော့ သဘောမကျကြတာကို လူထုသဘောထား စစ်တမ်းကြီး ၂ ခုကဖော်ပြခဲ့တာပါ။

ဝါရှင်တန်ပို့စ်သတင်းစာကြီးနဲ့ ABC သတင်းဌာနတို့ က လူထုသဘေားထား ကောက်ယူခဲ့ကြဖြစ်ပါတယ်။ ဝါရှင်တန်ပို့စ်က ကောက်ယူမှုမှာ လူထုထောက်ခံမှုက ၅၂ %နဲ့ မထောက်ခံကြတဲ့သူက ၄၂ %ရှိပါတယ်။

NBC သတင်းဌာနရဲ့စစ်တမ်းမှာလည်း လူထုထောက်ခံမှုက ၅၂%နဲ့ ထောက်ခံမှုမရတာက ၃၉ % ရှိပါတယ်။
သမ္မတဟောင်း Donald Trump ကို သမ္မတ ဘိုင်ဒန်အနိုင်ရခဲ့တဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအရ နက်ရှိုင်းစွာသဘောထားကွဲနေတုန်းပဲ ဆိုတာကိုလည်း ခုကောက်ယူထားတဲ့ လူထု စစ်တမ်းတွေမှာတွေ့ရပါတယ်။

အမေရိကန်ပြည်သူ ၂၂၆ သန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ခဲ့တဲ့ သမ္မတဘိုင်ဒန်ရဲ့ကပ်ရောဂါကိုင်တွယ်ပုံကိုတော့ ရီပတ်ဘလစ်ကန်ပါတီဝင်တွေအပါအဝင် လူထု ထောက်ခံမှုအမြင့်ဆုံးရထားတာကို စစ်တမ်းတွေမှာတွေ့ရပါတယ်။

ဒါပေမယ့်လည်း အခြားကဏ္ဍေတွေမှာတော့သမ္မတဘိုင်ဒန်ရဲ့ ဆောင်ရွက်ချက်တွေ အားနည်းနေတာကို လူထုကရှုမြင်တာကိုလည်း စစ်တမ်းမှာ တွေ့မြင်နေရပါတယ်။

.................................

သမ္မတဂျိုးဘိုင်ဒန်အစိုးရ ရက်၁၀၀ဆောင်ရွက်မှု ကန်လူထုအများစုလက်ခံ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG