သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ဒီကနေ့ ပြုလုပ်မည်


အမေရိကန်သမ္မတ Joe Biden။ (မတ် ၂၄၊ ၂၀၂၁)
အမေရိကန်သမ္မတ Joe Biden။ (မတ် ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်သမ္မတ Joe Biden အနေနဲ့ သမ္မတဖြစ်လာအပြီး ပထမဆုံး သတင်းစာရှင်းလင်းပွဲ ဒီနေ့ လုပ်ဖို့ ရှိနေပြီး မြန်မာနိုင်ငံအကြောင်းလည်း မေးခံရနိုင်ပါတယ်။

ဇန်နဝါရီမှာ သမ္မတ တာဝန်စယူခဲ့တဲ့ Biden ရဲ့ အိမ်ဖြူတော် အရှေ့ဘက်ခန်းမမှာ လုပ်မယ့် ဒီ သတင်းစာရှင်းလင်းပွဲဟာ ဆယ်စုနှစ် ၄ ခုအတွင်း နောက်အကျဆုံးလုပ်တဲ့ သမ္မတသစ် သတင်းစာရှင်းလင်းပွဲလည်းဖြစ်ပါတယ်။

Biden အနေနဲ့ သမ္မတဖြစ်လာခဲ့အပြီး တောက်လျှောက် သူ့ရဲ့ ပြောခွင့်ရနဲ့ပဲ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွေကို လွှဲထားခဲ့ပြီး အခု သတင်းထောက်တွေမေးတာကို ဖြေမှာကတော့ အမေရိကန်ပြည်သူတွေအတွက် သတင်းစကားပါးရေး အခွင့်အလမ်းပါလို့ ပြောခွင့်ရ Jen Psaki က ဆိုပါတယ်။

ပြောခွင့်ရ Psaki က ဆက်ပြီး သမ္မတ Biden အနေနဲ့ သူပြောချင်တာတွေ၊ သတင်းစကားပါးချင်တာတွေ၊ နောက်ဆုံးဖြစ်နေတာတွေအတွက် ဖြည့်ဆည်းပေးနိုင်တာတွေကို စဉ်းစားထားပြီး လွတ်လပ်တဲ့သတင်းမီဒီယာနဲ့ တွေ့ဆုံခွင့်အတွက် စောင့်စားနေပြီလို့ ထင်မြင်မိကြောင်း ပြောခဲ့ပါတယ်။

ဒီပွဲမှာ သမ္မတ Biden အမေးခံရနိုင်တဲ့ ပြည်တွင်းသတင်းတွေထဲ Georgia နဲ့ Colorado ပြည်နယ်တွေမှာ မကြာခင်ဖြစ်ခဲ့တဲ့ လူအများအပြားပစ်သတ်မှု၊ အမေရိကန်-မက္ကဆီကိုနယ်စပ်အခြေအနေနဲ့ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေလည်း ပါဝင်နိုင်ပါတယ်။

နိုင်ငံတကာသတင်းဘက်မှာတော့ အီရန်နျူကလီယား သဘောတူချက်ကို ပြန်အသက်သွင်းမှု၊ မကြာခင်က မြောက်ကိုရီးယားရဲ့ မစ်ဆိုင်းဒုံးစမ်းသပ်မှု၊ မြန်မာနိုင်ငံကအခြေအနေနဲ့ အမေရိကန်နဲ့ တရုတ်-ရုရှားတို့နဲ့ ဆက်ဆံရေးတွေအကြောင်း အမေးခံရဖို့ ရှိနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG