သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရပ္သားေတြ တိုက္ခိုက္ေရးလက္နက္ ကိုင္ေဆာင္ခြင့္ ပိတ္ပင္ဖို႔ သမၼတ Biden တိုက္တြန္း


(Zawgyi/Unicode)
ရဲတဦးအပါအ၀င္ လူ ၁၀ ဦးေသဆံုးေစခဲ့တဲ့ ေကာ္လိုရာဒိုျပည္နယ္ Boulder ၿမိဳ ့ပစ္ခတ္မႈအျပီးမွာပဲ အေမရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္က နိုင္ငံတ၀ွမ္း တိုက္ခိုက္ေရး လက္နက္ေတြအေပၚ ပိတ္ပင္ဖို ့ အဂၤါေန ့မွာ ေတာင္းဆို လိုက္ပါတယ္။

“လူေတြရဲ့ အသက္ကို ကယ္ဖို ့အတြက္ လြယ္ကူရိုးရွင္းတဲ့အဆင့္ေတြကို လုပ္ေဆာင္ရာမွာ တမိနစ္၊ တနာရီေလာက္ ေစာင့္ေနဖို ့မလိုပါဘူး” လို ့သမၼတ ဘုိင္ဒန္က အိမ္ျဖဴကေန အထက္နဲ ့ေအာက္လႊတ္ေတာ္ နွစ္ရပ္စလံုးကို အလ်င္အျမန္ေဆာင္ရြက္ဖို ့အခုလို တိုက္တြန္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

တိုက္ခိုက္ေရး လက္နက္ေတြနဲ ့က်ည္ပိုအမ်ားၾကီးထည့္သြင္းနိုင္တဲ့ က်ည္ကပ္ေတြကို က်ေနာ္တို ့ပိတ္ပင္နိုင္ပါတယ္လို ့လည္း သမၼတက ေျပာသြားတာပါ။ သူကိုယ္တိုင္ အထက္လႊတ္ေတာ္အမတ္နဲ ့အထက္လႊတ္ေတာ္ရဲ့ တရားေရးေကာ္မတီဥကၠဌျဖစ္စဥ္ကလည္း အခုလို အလားတူဥပေဒျပဳမႈမ်ိဴးလုပ္ေဆာင္ခဲ့တာကိုလည္း အေလးေပးေျပာၾကားခဲ့ပါတယ္။ အဲဒီ ဥပေဒဟာ ၁၉၉၄ မွာ အတည္ျပဳနိုင္ခဲ့ျပီး ၁၀ နွစ္အၾကာမွာ သက္တမ္းကုန္ဆံုးခဲ့ပါတယ္။

ေသနတ္၀ယ္ယူရာမွာ ေနာက္ေၾကာင္းရာဇ၀င္ေတာင္းခံမႈနဲ ့ပက္သက္ျပီး ဥပေဒျပဳေရး တစ္ဆို ့ေနခဲ့ရာမွာ ေအာက္လႊတ္ေတာ္က အတည္ျပဳျပီးသားျဖစ္တာမို ့အထက္လႊတ္ေတာ္အေနနဲ ့လည္းေထာက္ခံေပးဖို ့ဘိုင္ဒန္က ေတာင္းဆိုထားပါတယ္။

Boulder ျမိဳ ့ပစ္ခတ္မႈနဲ ့ပက္သက္ျပီး ေသဆံုးသူေတြရဲ့ မိသားစု၀င္ေတြနဲ ့အသက္ရွင္လႊတ္ေျမာက္လာသူေတြနဲ ့အတူ စိတ္နွလံုးေၾကကြဲရေၾကာင္း သမၼတ ဘိုင္ဒန္က ေျပာဆိုသြားပါတယ္။

ျပီးခဲ့တဲ့ တနလၤာေန ့က Boulder ျမိဳ႕က စတိုးဆိုင္တခုတြင္း ပစ္ခတ္မႈေၾကာင့္ လူ ၁၀ ဦးေသဆံုးခဲ့ရျပီး အသက္ ၂၁ နွစ္အရြယ္ သံသယရွိသူတဦးကို ဖမ္းဆီးတရားစြဲဆိုထားတယ္လို ့ရဲက အဂၤါေန ့က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အရပ်သားတွေ တိုက်ခိုက်ရေးလက်နက် ကိုင်ဆောင်ခွင့် ပိတ်ပင်ဖို့ သမ္မတ Biden တိုက်တွန်း
(Unicode)
ရဲတဦးအပါအဝင် လူ ၁၀ ဦးသေဆုံးစေခဲ့တဲ့ ကော်လိုရာဒိုပြည်နယ် Boulder မြို့ပစ်ခတ်မှုအပြီးမှာပဲ အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်က နိုင်ငံတဝှမ်း တိုက်ခိုက်ရေး လက်နက်တွေအပေါ် ပိတ်ပင်ဖို့ အင်္ဂါနေ့မှာ တောင်းဆို လိုက်ပါတယ်။

“လူတွေရဲ့ အသက်ကို ကယ်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့အဆင့်တွေကို လုပ်ဆောင်ရာမှာ တမိနစ်၊ တနာရီလောက် စောင့်နေဖို့မလိုပါဘူး” လို့သမ္မတ ဘိုင်ဒန်က အိမ်ဖြူကနေ အထက်နဲ့အောက်လွှတ်တော် နှစ်ရပ်စလုံးကို အလျင်အမြန်ဆောင်ရွက်ဖို့အခုလို တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ရေး လက်နက်တွေနဲ့ကျည်ပိုအများကြီးထည့်သွင်းနိုင်တဲ့ ကျည်ကပ်တွေကို ကျနော်တို့ပိတ်ပင်နိုင်ပါတယ်လို့လည်း သမ္မတက ပြောသွားတာပါ။ သူကိုယ်တိုင် အထက်လွှတ်တော်အမတ်နဲ့အထက်လွှတ်တော်ရဲ့ တရားရေးကော်မတီဥက္ကဌဖြစ်စဉ်ကလည်း အခုလို အလားတူဥပဒေပြုမှုမျိူးလုပ်ဆောင်ခဲ့တာကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။ အဲဒီ ဥပဒေဟာ ၁၉၉၄ မှာ အတည်ပြုနိုင်ခဲ့ပြီး ၁၀ နှစ်အကြာမှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။

သေနတ်ဝယ်ယူရာမှာ နောက်ကြောင်းရာဇဝင်တောင်းခံမှုနဲ့ပက်သက်ပြီး ဥပဒေပြုရေး တစ်ဆို့နေခဲ့ရာမှာ အောက်လွှတ်တော်က အတည်ပြုပြီးသားဖြစ်တာမို့အထက်လွှတ်တော်အနေနဲ့လည်းထောက်ခံပေးဖို့ဘိုင်ဒန်က တောင်းဆိုထားပါတယ်။

Boulder မြို့ပစ်ခတ်မှုနဲ့ပက်သက်ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အသက်ရှင်လွှတ်မြောက်လာသူတွေနဲ့အတူ စိတ်နှလုံးကြေကွဲရကြောင်း သမ္မတ ဘိုင်ဒန်က ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က Boulder မြို့က စတိုးဆိုင်တခုတွင်း ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ရပြီး အသက် ၂၁ နှစ်အရွယ် သံသယရှိသူတဦးကို ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ရဲက အင်္ဂါနေ့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG