သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္တႏွစ္ျပည္  ေသဆံုးသူေတြ အတြက္ သမၼတ Biden ေအာက္ေမ႔ဖြယ္မိန္႔ခြန္း ေျပာမည္


အေမရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္ မွ ကိုဗစ္ကပ္ေရာ တနွစ္ျပည့္ မိန္ ့ခြန္းေျပာၾကားစဥ္ (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)
အေမရိကန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ခံစားခဲ့ရတဲ့ တႏွစ္ေျမာက္ေန႔ အထိန္း အမွတ္အျဖစ္ ၾကာသပေတးေန႔ ညပိုင္းမွာ သမၼတဂ်ိဳးဘိ္ုင္ဒန္က လူထုကို သူ႔ရဲ႕ ပထမဆံုး ႐ုပ္သံမိန္႔ခြန္း ေျပာၾကားမွာ ျဖစ္ၿပီး ႏိုင္ငံသား သန္းတဝက္ေက်ာ္အသက္ေတြ ဆံုးရံႈးခဲ့ရတာအတြက္ ေအာက္ေမ့ဂုဏ္ျပဳမႈနဲ႔ အတူ အနာဂတ္ လုပ္ေဆာင္မွာေတြကို ေျပာၾကားမွာ ျဖစ္ပါတယ္။

သမၼတဘိုင္ဒန္ အိမ္ျဖဴကေန မိန္႔ခြန္းေျပာၾကားမယ့္ အခ်ိန္ဟာ သူသမၼတတာဝန္ထမ္းေဆာင္တာ ရက္ေပါင္း ၅၀ ျပည့္သြားခ်ိန္ျဖစ္သလို အေမရိကန္ႏိုင္ငံမွာ ၁၉၁၈ စပိန္တုပ္ေကြးကပ္ေရာဂါဒဏ္ အဆိုးဝါးဆံုး ခံခဲ့ခ်ိန္ကစၿပီး အခု ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ပထမဆံုး အျဖစ္ အေမရိကန္စီးပြါးေရး အေတာ္မ်ားမ်ား ပိတ္ပစ္ခဲ့ရတဲ့ တႏွစ္ေျမာက္ေန႔လည္း ျဖစ္ပါတယ္။

အခုအခ်ိန္အထိ စာသင္ေက်ာင္း ေထာင္ေပါင္းမ်ားစြာ ပိတ္ထားရဆဲ ျဖစ္သလို သန္းနဲ႔ခ်ီတဲ့ အလုပ္သမားေတြလည္း အလုပ္လက္မဲ့ျဖစ္ေနၿပီး ပံုမွန္အေျခေနေရာက္မယ့္ အရိပ္အေယာင္ မျမင္ရေသးပါဘူး။ လုပ္ငန္းေတြ ျပန္ဖြင့္ရင္ Covid 19 ကူးစက္မႈတိုးလာႏိုင္တယ္လို႔ က်န္းမာေရး အရာရွိေတြ သတိေပးေနတဲ့ ၾကားကပဲ တခ်ိဳ႕ျပည္နယ္အုပ္ခ်ဳပ္ေရးမႈးေတြက ေတာ့ ဒီေရာဂါအတြက္ ကန္႔သပ္မႈေတြေျဖေလွ်ာ့ေပးၿပီး ပံုမွန္စီးပြါးေရး ျပန္လုပ္ခိုင္းေနၾကတာပါ။

အခုလို ႐ုပ္သံမိန္႔ခြန္း မေျပာၾကားခင္ ၾကာသပေတးေန႔မွာပဲ သမၼတဘိုင္ဒန္က ကို႐ိုနာဗိုင္းရပ္စ္ ဒဏ္ခံရမႈ ေလ်ာ့ပါးေရးအတြက္ ေထာက္ပံ့ေငြ ေဒၚလာ ၁.၉ ထရီလီယံ ခ်ထားေပးဖို႔ လက္မွတ္ေရးထိုးးအတည္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။

အခုေျပာၾကားမယ့္ မိန္႔ခြန္းမွာ ၿပီးခဲ့တဲ့ ႏွစ္အတြင္း အေမရိကန္ႏိုင္ငံ ျဖတ္သန္းလာတာေတြကို ေဆြးေႏြးမွာ ျဖစ္တဲ့အျပင္ အနာဂတ္မွာ ျဖစ္လာႏိုင္တာေတြ၊ Covid တုန္႔ျပန္ေရး ေနာက္တဆင့္တက္ဖို႔နဲ႔ အစိုးရဘာေတြ လုပ္ေဆာင္မယ္၊ ျပည္သူေတြ ဘာလုပ္ရမယ္ ဆိုတာေတြကို ရွင္းျပမွာ ျဖစ္ေၾကာင္း လည္း သမၼတက ဗုဒၶဟူးေန႔ကေျပာခဲ့တာပါ။ Covid 19 ေၾကာင့္ အေမရိကန္ႏိုင္ငံသား ၅.၃ သိန္း ေသဆံုးခဲ့ရၿပီး ျဖစ္သလို အကူးစက္ခံရသူကလည္း ၂၉ သန္းေက်ာ္ ရွိေနၿပီး ကမာၻမွာ အမ်ားဆံုး ျဖစ္ေနတာပါ။

.........................................................................

တိုက္႐ိုက္ လင့္ခ္


ကိုဗစ်တနှစ်ပြည် သေဆုံးသူတွေ အတွက် သမ္မတ Biden အောက်မေ့ဖွယ်မိန့်ခွန်း ပြောမည်

(Unicode)
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ခံစားခဲ့ရတဲ့ တနှစ်မြောက်နေ့ အထိန်း အမှတ်အဖြစ် ကြာသပတေးနေ့ ညပိုင်းမှာ သမ္မတဂျိုးဘိုင်ဒန်က လူထုကို သူ့ရဲ့ ပထမဆုံး ရုပ်သံမိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး နိုင်ငံသား သန်းတဝက်ကျော်အသက်တွေ ဆုံးရှုံးခဲ့ရတာအတွက် အောက်မေ့ဂုဏ်ပြုမှုနဲ့ အတူ အနာဂတ် လုပ်ဆောင်မှာတွေကို ပြောကြားမှာ ဖြစ်ပါတယ်။

သမ္မတဘိုင်ဒန် အိမ်ဖြူကနေ မိန့်ခွန်းပြောကြားမယ့် အချိန်ဟာ သူသမ္မတတာဝန်ထမ်းဆောင်တာ ရက်ပေါင်း ၅၀ ပြည့်သွားချိန်ဖြစ်သလို အမေရိကန်နိုင်ငံမှာ ၁၉၁၈ စပိန်တုပ်ကွေးကပ်ရောဂါဒဏ် အဆိုးဝါးဆုံး ခံခဲ့ချိန်ကစပြီး အခု ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပထမဆုံး အဖြစ် အမေရိကန်စီးပွါးရေး အတော်များများ ပိတ်ပစ်ခဲ့ရတဲ့ တနှစ်မြောက်နေ့လည်း ဖြစ်ပါတယ်။

အခုအချိန်အထိ စာသင်ကျောင်း ထောင်ပေါင်းများစွာ ပိတ်ထားရဆဲ ဖြစ်သလို သန်းနဲ့ချီတဲ့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်နေပြီး ပုံမှန်အခြေနေရောက်မယ့် အရိပ်အယောင် မမြင်ရသေးပါဘူး။ လုပ်ငန်းတွေ ပြန်ဖွင့်ရင် Covid 19 ကူးစက်မှုတိုးလာနိုင်တယ်လို့ ကျန်းမာရေး အရာရှိတွေ သတိပေးနေတဲ့ ကြားကပဲ တချို့ပြည်နယ်အုပ်ချုပ်ရေးမှုးတွေက တော့ ဒီရောဂါအတွက် ကန့်သပ်မှုတွေဖြေလျှော့ပေးပြီး ပုံမှန်စီးပွါးရေး ပြန်လုပ်ခိုင်းနေကြတာပါ။

အခုလို ရုပ်သံမိန့်ခွန်း မပြောကြားခင် ကြာသပတေးနေ့မှာပဲ သမ္မတဘိုင်ဒန်က ကိုရိုနာဗိုင်းရပ်စ် ဒဏ်ခံရမှု လျော့ပါးရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ ၁.၉ ထရီလီယံ ချထားပေးဖို့ လက်မှတ်ရေးထိုးးအတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အခုပြောကြားမယ့် မိန့်ခွန်းမှာ ပြီးခဲ့တဲ့ နှစ်အတွင်း အမေရိကန်နိုင်ငံ ဖြတ်သန်းလာတာတွေကို ဆွေးနွေးမှာ ဖြစ်တဲ့အပြင် အနာဂတ်မှာ ဖြစ်လာနိုင်တာတွေ၊ Covid တုန့်ပြန်ရေး နောက်တဆင့်တက်ဖို့နဲ့ အစိုးရဘာတွေ လုပ်ဆောင်မယ်၊ ပြည်သူတွေ ဘာလုပ်ရမယ် ဆိုတာတွေကို ရှင်းပြမှာ ဖြစ်ကြောင်း လည်း သမ္မတက ဗုဒ္ဓဟူးနေ့ကပြောခဲ့တာပါ။ Covid 19 ကြောင့် အမေရိကန်နိုင်ငံသား ၅.၃ သိန်း သေဆုံးခဲ့ရပြီး ဖြစ်သလို အကူးစက်ခံရသူကလည်း ၂၉ သန်းကျော် ရှိနေပြီး ကမ္ဘာမှာ အများဆုံး ဖြစ်နေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG