သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး ရန်ပုံအဖွဲ့ COVAX ကို ကန် ဒေါ်လာ ၄ ဘီလီယံ ကူညီမည်


 Pfizer-BioNtech's COVID-19 ကာကွယ်ရေးစက်ရုံကို Biden သွားရောက်
Pfizer-BioNtech's COVID-19 ကာကွယ်ရေးစက်ရုံကို Biden သွားရောက်

(Zawgyi/Unicode)

သောကြာနေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ G7 ညီလာခံကို အမေရိကန်သမ္မတအဖြစ် ပထမဆုံး တက်ရောက်ဖို့ရှိတဲ့ ဂျိုးဘိုင်ဒန်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူပြီး ဆင်းရဲတဲ့နိုင်ငံတွေကို ဖြန့်ဝေဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာ ကြိုးပမ်းမှုတွေအတွက် မကြာခင်မှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ချထားပေးတော့မှာ ဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်တွေကို ကြေညာဖို့ရှိတယ်လို့ သမ္မတအိမ်ဖြူအရာရှိတွေက ပြောကြားပါတယ်။

ဒါ့အပြင် ဒီကာကွယ်ဆေးတွေ ပိုပြီလက်လှမ်းမှီလာအောင် လုပ်နေတဲ့ WHO ဦးဆောင်တဲ့ COVAX အဖွဲ့အတွက် ထည့်ဝင်မယ်လို့ ကတိပြုထားကြတဲ့အတိုင်း လုပ်ဖို့ G7 မိတ်ဆွေတွေကို အားပေးတိုက်တွန်းဖို့လည်း ရှိပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်တုန်းကတော့ ဒီ WHO ဟာ ကမ္ဘာတလွှား ကျန်းမာရေးပြဿနာ ဖြစ်အောင်စတင်တဲ့ တရုတ်နိုင်ငံရဲ့ ဗိုင်းရပ်စ်ဆိုင်ရာ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး COVAX အဖွဲ့မှာ ဝင်ဖို့ငြင်းဆိုခဲ့တာပါ။

WHO အဖွဲ့ဝင်အဖြစ်ကနေပါ ထရမ့်က နုတ်ထွက်ခဲ့တာ ဖြစ်ပေမယ့် ဘိုင်ဒန်ကတော့ သူသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ပြီးခဲ့တဲလမှာပဲ ပြန်ဝင်ခဲ့သလို COVAX အတွက်ပါ အမေရိကန်က အလှူငွေထည့်ဝင်မှာ ဖြစ်ကြောင်း ပြောခဲ့တာပါ။

အမေရိကန်အလှူငွေ ဒေါ်လာ ၄ ဘီလီယံကို ၂၀၂၂ ခုနှစ်မှာ အပြီးပေးအပ်ဖို့ လွှတ်တော်က ဒီဇင်ဘာလ ထဲမှာ အတည်ပြု ပေးထားတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ COVAX ကနေတဆင့် ကမ္ဘာတလွှား အကူအညီတွေနဲ့ ကာကွယ်ဆေး အညီအမျှ ဖြန့်ဖြူးပေးနိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

..................


(Unicode)







XS
SM
MD
LG