သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာရွႏြယ္ဖြားေတြ ေသဆံုးရတဲ႔ Atlanta ပစ္ခတ္မႈ လူမ်ိဳးေရးမုန္းတီးစိတ္ေၾကာင္႔လို႔ ေျပာဖို႔ေစာေသး


Atlanta ပစ္ခတ္မႈ

(Zawgyi/Unicode)

အာရွ အမ်ိဴးသမီး ၆ ဦးအပါအ၀င္ လူ ၈ ဦးေသဆံုးေစခဲ့တဲ့ ျပီးခဲ့တဲ့ အဂၤါေန ့က Atlanta ၿမိဳ႕ အာရွ အႏွိပ္ခန္းတခုျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈမွာ သံသယရွိသူဟာ လိင္အစဲြအလမ္း လြန္ကဲမႈ sex addiction ျပႆနာေၾကာင့္လို ့စုံစမ္းစစ္ေဆးသူေတြက ဆိုပါတယ္။

အသက္ ၂၁ အရြယ္ Robert Aaron Long က ျဖားေယာင္းျမဴဆြယ္မႈေတြကို အဆံုးသတ္ေစခ်င္တယ္လို ့ သူတို ့ကို ေျပာခဲ့ပါတယ္။

လိင္ပိုင္းစြဲလမ္းမႈ ျဖစ္ဖြယ္ရွိတဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာတခ်ိဳ႕ကို သူေဖာ္ျပခဲ့ၿပီး အရင္တုန္းကလည္း ဒီလိုေနရာေတြကို သူ ခဏခဏ ေရာက္ခဲ့တဲ့ ပံုမ်ိဴးရွိတယ္ လို ့လည္း Cherokee ခရိုင္က ရဲ အရာရွိ Frank Reynolds ကေျပာပါတယ္။

ဖေလာ္ရီဒါကို ျပန္ရင္း အခုလို ပစ္ခတ္မႈ ျဖစ္သြားဖြယ္ရွိတယ္လို႔လည္း ရဲအရာရွိေတြက ဆိုပါတယ္။

အေမရိကန္မွာရွိတဲ့ အာရွအႏွိပ္ခန္းေတြမွာ ေငြေၾကးအတြက္ လိင္ေဖ်ာ္ေျဖမႈေတြ မၾကာခဏေတြ ့ရွိရေပမယ့္ အခု ပစ္ခတ္မႈျဖစ္တဲ့ အႏွိပ္ခန္းမွာေတာ့ ဒါမ်ိဴး ရွိ-မရွိရဲက မေျပာပါဘူူး။

ေသဆံုးသူ ၈ ဦးထဲက ၂ ဦးဟာ လူျဖဴေတြျဖစ္ၿပီး ကိုးေယာက္ေျမာက္အပစ္ခံရသူကေတာ့ ေဆးရံုမွာ အေျခအေန ေကာင္းမြန္လ်က္ရွိပါတယ္။

Atlanta ရဲမွဴးႀကီး Rodney Bryant ကေတာ့ ဒီပစ္ခတ္မႈဟာ လူမ်ိဴးေရး အမုန္းတရားေၾကာင့္ လို ့ေျပာဖို ့ေစာေသးတယ္လို ့ဆိုပါတယ္။ ျမိဳ ့ေတာ္၀န္ Keisha Lance Bottoms ကေတာ့ ဘယ္လူ ့အဖြဲ ့အစည္းကိုမဆို က်ဴးလြန္တဲ့ ဘယ္ရာဇ၀တ္မႈမဆို အားလံုးအေပၚမွာ က်ဴးလြန္တာျဖစ္တယ္လို ့ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

အခုလို ပစ္ခတ္သတ္ျဖတ္မႈနဲ ့ပက္သက္ၿပီး အေမရိကန္သမၼတ ဂ်ိဴးဘိုင္ဒန္ကေတာ့ အာရွႏြယ္ဖြားေတြအတြက္ သူ ့ရဲ့ စိုးရိမ္မႈကို အခုလိုေျပာသြားပါတယ္။

“ အာရွႏြယ္ဖြားအေမရိကန္ေတြ ေတာ္ေတာ့္ကို စိုးရိမ္ေနၾကမယ္ဆုိတာကို က်ေနာ္သိပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သိၾကတဲ့အတိုင္းပဲ ျပီးခဲ့တဲ့လမ်ားမၾကာမီကပဲ အာရွႏြယ္ဖြား အေမရိကန္ေတြကို ရင့္ရင့္သီးသီးဆက္ဆံၾကတယ္လို ့ က်ေနာ့္ကို ေျပာၾကပါတယ္။ ဒါဟာ ေတာ္ေတာ္ေလး ျပႆနာ ရွိတယ္လို ့ထင္ပါတယ္” လို ့သမၼတ ဘုိင္ဒန္က ေျပာသြားတာပါ။

ၿပီးခဲ့တဲ့အပတ္ထဲ ရုပ္ျမင္သံၾကားမိန္ ့ခြန္းထဲမွာလည္း အာရွႏြယ္ဖြားေတြကို ပစ္မွတ္ထားတဲ့ အၾကမ္းဖက္မႈေတြကို ရႈတ္ခ်ေၾကာင္း သမၼတ ဘိုင္ဒန္က ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အာရှနွယ်ဖွားတွေ သေဆုံးရတဲ့ Atlanta ပစ်ခတ်မှု လူမျိုးရေးမုန်းတီးစိတ်ကြောင့်လို့ ပြောဖို့စောသေး

(Unicode)

အာရှ အမျိူးသမီး ၆ ဦးအပါအဝင် လူ ၈ ဦးသေဆုံးစေခဲ့တဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က Atlanta မြို့ အာရှ အနှိပ်ခန်းတခုဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ သံသယရှိသူဟာ လိင်အစွဲအလမ်း လွန်ကဲမှု sex addiction ပြဿနာကြောင့်လို့စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။

အသက် ၂၁ အရွယ် Robert Aaron Long က ဖြားယောင်းမြူဆွယ်မှုတွေကို အဆုံးသတ်စေချင်တယ်လို့ သူတို့ကို ပြောခဲ့ပါတယ်။

လိင်ပိုင်းစွဲလမ်းမှု ဖြစ်ဖွယ်ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ကို သူဖော်ပြခဲ့ပြီး အရင်တုန်းကလည်း ဒီလိုနေရာတွေကို သူ ခဏခဏ ရောက်ခဲ့တဲ့ ပုံမျိူးရှိတယ် လို့လည်း Cherokee ခရိုင်က ရဲ အရာရှိ Frank Reynolds ကပြောပါတယ်။

ဖလော်ရီဒါကို ပြန်ရင်း အခုလို ပစ်ခတ်မှု ဖြစ်သွားဖွယ်ရှိတယ်လို့လည်း ရဲအရာရှိတွေက ဆိုပါတယ်။

အမေရိကန်မှာရှိတဲ့ အာရှအနှိပ်ခန်းတွေမှာ ငွေကြေးအတွက် လိင်ဖျော်ဖြေမှုတွေ မကြာခဏတွေ့ရှိရပေမယ့် အခု ပစ်ခတ်မှုဖြစ်တဲ့ အနှိပ်ခန်းမှာတော့ ဒါမျိူး ရှိ-မရှိရဲက မပြောပါဘူူး။

သေဆုံးသူ ၈ ဦးထဲက ၂ ဦးဟာ လူဖြူတွေဖြစ်ပြီး ကိုးယောက်မြောက်အပစ်ခံရသူကတော့ ဆေးရုံမှာ အခြေအနေ ကောင်းမွန်လျက်ရှိပါတယ်။

Atlanta ရဲမှူးကြီး Rodney Bryant ကတော့ ဒီပစ်ခတ်မှုဟာ လူမျိူးရေး အမုန်းတရားကြောင့် လို့ပြောဖို့စောသေးတယ်လို့ဆိုပါတယ်။ မြို့တော်ဝန် Keisha Lance Bottoms ကတော့ ဘယ်လူ့အဖွဲ့အစည်းကိုမဆို ကျူးလွန်တဲ့ ဘယ်ရာဇဝတ်မှုမဆို အားလုံးအပေါ်မှာ ကျူးလွန်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလို ပစ်ခတ်သတ်ဖြတ်မှုနဲ့ပက်သက်ပြီး အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်ကတော့ အာရှနွယ်ဖွားတွေအတွက် သူ့ရဲ့ စိုးရိမ်မှုကို အခုလိုပြောသွားပါတယ်။

“ အာရှနွယ်ဖွားအမေရိကန်တွေ တော်တော့်ကို စိုးရိမ်နေကြမယ်ဆိုတာကို ကျနော်သိပါတယ်။ ဘာကြောင့်လည်းဆိုတော့ သိကြတဲ့အတိုင်းပဲ ပြီးခဲ့တဲ့လများမကြာမီကပဲ အာရှနွယ်ဖွား အမေရိကန်တွေကို ရင့်ရင့်သီးသီးဆက်ဆံကြတယ်လို့ ကျနော့်ကို ပြောကြပါတယ်။ ဒါဟာ တော်တော်လေး ပြဿနာ ရှိတယ်လို့ထင်ပါတယ်” လို့သမ္မတ ဘိုင်ဒန်က ပြောသွားတာပါ။

ပြီးခဲ့တဲ့အပတ်ထဲ ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာလည်း အာရှနွယ်ဖွားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း သမ္မတ ဘိုင်ဒန်က ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG