(Zawgyi/Unicode)
အာဖဂန္နစ္စတန္ႏိုင္ငံ Kabul တကၠသိုလ္ ထဲကို တနလၤာေန႔ မနက္ပိုင္းမွာ ေသနတ္သမား အမ်ားအျပားဝင္ေရာက္ ပစ္ခတ္ခဲ့တဲ့ အတြက္ လူ ၁၉ ဦးထက္မနည္း ေသဆံုးခဲ့ရၿပီး လူ ၂၀ ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။
ေက်ာင္းသားေတြနဲ႔ တကၠသိုလ္ဝန္ထမ္းေတြဟာ စာသင္ခန္းေတြထဲကေန ေဘးလြတ္ရာ ထြက္ေျပးခဲ့ရသလိုု တခ်ိဳ႕ကလည္း သံဆူးႀကိဳးေတြရွိတဲ့ နံရံေတြကို တြယ္တက္ၿပီး ေက်ာင္းျပင္ထြက္ႏိုင္ဖုိ႔ ႀကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္။ ေသနတ္သမား အမ်ားအျပားက ေက်ာင္းဝင္းထဲက ေက်ာင္းသားေတြကို ပစ္ခတ္တာျမင္ရတယ္လို႔ မ်က္ျမင္သက္ေသ ေတြက ေျပာပါတယ္။
ပစ္ခတ္မႈ ျဖစ္ပြါးၿပီး မၾကာခင္မွာပဲ ေက်ာင္းပရဝဏ္ပတ္လည္မွာ လံုၿခံဳေရးေတြ ခ်ထားခဲ့တာပါ။ တကၠသိုလ္ ဝင္းတခုလံုးကို လံုၿခံဳေရးေတြက စစ္ေဆးေနၿပီျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ေျပာခြင့္ရ Tariq Arian ကေျပာပါတယ္။ ဒါေပမယ့္ အရပ္သားေတြ ထိခိုက္မႈ မရွိေစဖို႔ ေျဖးေျဖးခ်င္းလုပ္ေဆာင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
ဒီတိုက္ခိုက္မႈကို သူတို႔ လုပ္ေဆာင္တာ မဟုတ္ေၾကာင္း တာလီဘန္ေတြက ျငင္းဆိုပါတယ္။
Kabul တကၠသိုလ္ဝင္းထဲမွာ တနလၤာေန႔က အာဖဂန္- အီရန္ စာအုပ္ျပပြဲ က်င္းပဖို႔ ရွိသလို အာဖဂန္ အႀကီးတန္း အရာရွိေတြနဲ႔ အာဖဂန္နစ္စတန္ဆိုင္ရာ အီရန္ သံအမတ္ႀကီးလည္း ဒီပြဲကို တက္ေရာက္ဖုိ႔ ရွိေနတာပါ။
ဒါေပမယ့္ အခု ေသနတ္နဲ႔ ပစ္ခတ္မႈ ျဖစ္ပြါးခ်ိန္က ဒီအရာရွိေတြ ေက်ာင္းဝင္းထဲ ရွိမရွိေတာ့ မသိရေသးသလို ဘာေၾကာင့္ အခုလို ပစ္ခတ္တယ္ ဆိုတာကိုလည္း ေသေသခ်ာခ်ာ မသိရေသးပါဘူး။
............
Kabul တက္ကသိုလ်ဝင်းထဲ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးထဲ မနည်း သေဆုံး
(Unicode)
အာဖဂန်နစ်စတန်နိုင်ငံ Kabul တက္ကသိုလ် ထဲကို တနင်္လာနေ့ မနက်ပိုင်းမှာ သေနတ်သမား အများအပြားဝင်ရောက် ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကျောင်းသားတွေနဲ့ တက္ကသိုလ်ဝန်ထမ်းတွေဟာ စာသင်ခန်းတွေထဲကနေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသလို တချို့ကလည်း သံဆူးကြိုးတွေရှိတဲ့ နံရံတွေကို တွယ်တက်ပြီး ကျောင်းပြင်ထွက်နိုင်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ သေနတ်သမား အများအပြားက ကျောင်းဝင်းထဲက ကျောင်းသားတွေကို ပစ်ခတ်တာမြင်ရတယ်လို့ မျက်မြင်သက်သေ တွေက ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွါးပြီး မကြာခင်မှာပဲ ကျောင်းပရဝဏ်ပတ်လည်မှာ လုံခြုံရေးတွေ ချထားခဲ့တာပါ။ တက္ကသိုလ် ဝင်းတခုလုံးကို လုံခြုံရေးတွေက စစ်ဆေးနေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Tariq Arian ကပြောပါတယ်။ ဒါပေမယ့် အရပ်သားတွေ ထိခိုက်မှု မရှိစေဖို့ ဖြေးဖြေးချင်းလုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာ မဟုတ်ကြောင်း တာလီဘန်တွေက ငြင်းဆိုပါတယ်။
Kabul တက္ကသိုလ်ဝင်းထဲမှာ တနင်္လာနေ့က အာဖဂန်- အီရန် စာအုပ်ပြပွဲ ကျင်းပဖို့ ရှိသလို အာဖဂန် အကြီးတန်း အရာရှိတွေနဲ့ အာဖဂန်နစ်စတန်ဆိုင်ရာ အီရန် သံအမတ်ကြီးလည်း ဒီပွဲကို တက်ရောက်ဖို့ ရှိနေတာပါ။
ဒါပေမယ့် အခု သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွါးချိန်က ဒီအရာရှိတွေ ကျောင်းဝင်းထဲ ရှိမရှိတော့ မသိရသေးသလို ဘာကြောင့် အခုလို ပစ်ခတ်တယ် ဆိုတာကိုလည်း သေသေချာချာ မသိရသေးပါဘူး။