[Zawgyi/Unicode]
တနလၤာေန႔ မြန္းလြဲပိုင္းက အိမ္ျဖဴေတာ္အနားမွာ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့တာေၾကာင့္ သမၼတ ေဒၚနယ္ထရမ့္ဟာ သတင္းစာ ရွင္းလင္းပြဲကို ခဏ ရပ္ခဲ့ၿပီး သူ႔ရဲ႕ ကိုယ္ေရး လုံၿခဳံေရးအဖဲြ႕ေတြရဲ႕ အေစာင့္အေရွာက္ကို ခံယူ ခဲ့ရပါတယ္။ မိနစ္အနည္းငယ္ အၾကာမွာေတာ့ သမၼတ ထရမ့္ သတင္းစာ ရွင္းလင္းပြဲကို ျပန္ေရာက္လာၿပီး အိမ္ျဖဴေတာ္အနီး ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္းနဲ႔ လူတစ္ေယာက္ကို ေဆး႐ုံကို တင္လိုက္ရေၾကာင္း ေျပာပါတယ္။
အသက္ ၅၁ႏွစ္အ႐ြယ္ရွိတဲ့ လူတစ္ေယာက္က သမၼတရဲ႕ အထူး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ တစ္ဦးဆီကို ခ်ဥ္းကပ္ၿပီး သူ႔မွာ လက္နက္ရွိတယ္လို႔ ေျပာေၾကာင္း၊ အဲဒီေနာက္ လွည့္ထြက္သြားၿပီး အက်ႌအိတ္ထဲက တစံုတခု ထုတ္ဟန္ ျပဳတာေၾကာင့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္တစ္ဦးက ပစ္ခတ္ခဲ့ရေၾကာင္းလည္း ကိုယ္ေရး လုံၿခဳံေရးတပ္ဖြဲ႕ အႀကီးအကဲ Tom Sullivan က ေျပာပါတယ္။ အဲဒီလူမွာ တကယ္ လက္နက္ ရွိ၊ မရွိ အေသးစိတ္ ေျပာၾကားတာေတာ့ မရွိပါဘူး။
ပစ္ခတ္မႈက ၁၇ လမ္းနဲ႔ Pennsylvania Avenue လမ္းေထာင့္မွာ ျဖစ္ပြားခဲ့တာပါ။ အဲဒီေနရာက အိမ္ျဖဴေတာ္အနား အမ်ားျပည္သူ သြားလာႏိုင္တဲ့ေနရာနဲ႔ ကန္႔သတ္ထားတဲ့ေနရာ ႏွစ္ခုဆုံရာ ေနရာျဖစ္ပါတယ္။
သတင္းစာ ရွင္းလင္းပြဲကို ေရာက္ေနတဲ့ သတင္းေထာက္ တစ္ဦးကလည္း ေသနတ္သံ ႏွစ္ခ်က္ ၾကားလိုက္တယ္လို႔ ေျပာပါတယ္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက အႏၲရာယ္ ကင္းရွင္းေၾကာင္း ေျပာအၿပီးမွာ သတင္းစာ ရွင္းလင္းပြဲ ျပန္မစ စရာအေၾကာင္း မရွိဘူးလို႔ ျမင္မိေၾကာင္းလည္း သမၼတ ထရမ့္က ေျပာခဲ့ပါတယ္။
[Unicode Version]
အိမ်ဖြူတော်အနီးပစ်ခတ်မှုကြောင့် သမ္မတ သတင်းရှင်းလင်းပွဲယာယီရပ်နားခဲ့
တနင်္လာနေ့ မွန်းလွဲပိုင်းက အိမ်ဖြူတော်အနားမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သတင်းစာ ရှင်းလင်းပွဲကို ခဏ ရပ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ရေး လုံခြုံရေးအဖွဲ့တွေရဲ့ အစောင့်အရှောက်ကို ခံယူ ခဲ့ရပါတယ်။ မိနစ်အနည်းငယ် အကြာမှာတော့ သမ္မတ ထရမ့် သတင်းစာ ရှင်းလင်းပွဲကို ပြန်ရောက်လာပြီး အိမ်ဖြူတော်အနီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းနဲ့ လူတစ်ယောက်ကို ဆေးရုံကို တင်လိုက်ရကြောင်း ပြောပါတယ်။
အသက် ၅၁နှစ်အရွယ်ရှိတဲ့ လူတစ်ယောက်က သမ္မတရဲ့ အထူး လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးဆီကို ချဉ်းကပ်ပြီး သူ့မှာ လက်နက်ရှိတယ်လို့ ပြောကြောင်း၊ အဲဒီနောက် လှည့်ထွက်သွားပြီး အင်္ကျီအိတ်ထဲက တစုံတခု ထုတ်ဟန် ပြုတာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရကြောင်းလည်း ကိုယ်ရေး လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ Tom Sullivan က ပြောပါတယ်။ အဲဒီလူမှာ တကယ် လက်နက် ရှိ၊ မရှိ အသေးစိတ် ပြောကြားတာတော့ မရှိပါဘူး။
ပစ်ခတ်မှုက ၁၇ လမ်းနဲ့ Pennsylvania Avenue လမ်းထောင့်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီနေရာက အိမ်ဖြူတော်အနား အများပြည်သူ သွားလာနိုင်တဲ့နေရာနဲ့ ကန့်သတ်ထားတဲ့နေရာ နှစ်ခုဆုံရာ နေရာဖြစ်ပါတယ်။
သတင်းစာ ရှင်းလင်းပွဲကို ရောက်နေတဲ့ သတင်းထောက် တစ်ဦးကလည်း သေနတ်သံ နှစ်ချက် ကြားလိုက်တယ်လို့ ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အန္တရာယ် ကင်းရှင်းကြောင်း ပြောအပြီးမှာ သတင်းစာ ရှင်းလင်းပွဲ ပြန်မစ စရာအကြောင်း မရှိဘူးလို့ မြင်မိကြောင်းလည်း သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။