သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပါက္ကြဲမႈႀကီးဒဏ္သင့္ လက္ဘႏြန္ကို ကူညီဖို႔ အင္အားႀကီးႏုိင္ငံေတြ သေဘာတူ


ေဘရြတ္ၿမိဳ႕မွာ ေပါက္ကြဲမႈ ျဖစ္ပြားေနတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ၿပီးခဲ့တဲ့ သီတင္းပတ္က လက္ဘႏြန္ႏိုင္ငံ ေဘရြတ္ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ အင္အားျပင္းထန္လွတဲ့ ေပါက္ကဲြမႈႀကီးေၾကာင့္ နစ္နာဆံုး႐ႈံးမႈေတြအတြက္ ျပန္လည္ထူေထာင္ေရး အကူအညီေတြေပးဖို႔ တနဂၤေႏြေန႔က ကမၻာ့ေခါင္းေဆာင္ေတြ သေဘာတူညီခဲ့ၾကပါတယ္။ ဒါေပမယ့္ ေငြေၾကးအရ ဘယ္အတိုင္းအတာထိ ေထာက္ပံ့မလဲဆိုတဲ့ ပမာဏကိုေတာ့ တရား၀င္ ေၾကညာျခင္း မရွိခဲ့ပါဘူး။

ဒီအကူအညီေတြဟာ လက္ဘႏြန္ျပည္သူေတြရဲ႕ လိုအပ္ခ်က္နဲ႔အညီ အခ်ိန္မီ လံုေလာက္ၿပီး ကိုက္ညီမႈ ရွိသင့္ေၾကာင္းနဲ႔ လက္ဘႏြန္ျပည္သူေတြဆီ တိုက္႐ုိက္ ထိထိေရာက္ေရာက္၊ ပြင့္လင္းျမင္သာမႈရွိရွိ ေပးသင့္ေၾကာင္း တယ္လီကြန္ဖရင့္နဲ႔ ျပဳလုပ္တဲ့ အစည္းအေ၀းမွာ ျပင္သစ္သမၼတ Emmanuel Macron က ေျပာၾကားခဲ့ပါတယ္။

လက္ဘႏြန္အစိုးရအေနနဲ႔ အကူအညီေတြကို ပြင့္လင္းျမင္သာမႈရွိရွိ အသံုးျပဳဖို႔ ကမာၻ႔အင္အားႀကီး ႏိုင္ငံေတြက တိုက္တြန္းခဲ့ၾကပါတယ္။ သူတို႔အေနနဲ႔ လက္ဘႏြန္အစိုးရကို ေပးတဲ့ အကူအညီေတြအေပၚ သတိရွိေနတာ ျဖစ္ပါတယ္။

အစိုးရမွာ အက်င့္ပ်က္ ျခစားမႈေတြ ရွိေနတယ္လို႔ လက္ဘႏြန္အမ်ားစုက ႐ႈျမင္ၾကသလို Shi'ite အုပ္စုျဖစ္တဲ့ Hezbollah ကေနတဆင့္ အီရန္ ၾသဇာလႊမ္းမိုးမႈေတြအေပၚ စိုးရိမ္မႈေတြ ရွိေနၾကတာပါ။

ၾကာသပေတးေန႔က ေဘရြတ္ကို သြားခဲ့တဲ့ ျပင္သစ္သမၼတ Macron ကေတာ့ လက္ဘႏြန္ျပည္သူေတြကို ေထာက္ပံ့ေရး ပါ၀င္တဲ့ အလွဴရွင္ႏိုင္ငံေတြအေနနဲ႔ မတူကဲြျပားမႈေတြကို ေဘးဖယ္ထားဖို႔ လိုအပ္ေၾကာင္းနဲ႔ အကူအညီေတြကို ကုလသမဂၢ ဦးေဆာင္ညႇိႏႈိင္းသင့္ေၾကာင္း တယ္လီကြန္ဖရင့္ အစည္းအေ၀း အဖြင့္မိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

အနည္းဆုံး လူ ၁၅၈ ဦး ေသဆုံးၿပီး ၆,၀၀၀ ခန႔္ ဒဏ္ရာရခဲ့တဲ့ ေပါက္ကဲြမႈကို ဘက္မလိုက္တဲ့ ယံုၾကည္စိတ္ခ်ၿပီး လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈေတြ လုပ္ဖို႔ လက္ဘႏြန္အစိုးရကို အေမရိကန္သမၼတ Donald Trump အပါအ၀င္ ကမာၻ႔ေခါင္းေဆာင္ေတြက တိုက္တြန္းခဲ့ပါတယ္။

အမ်က္ေဒါသထြက္ေနတဲ့ လက္ဘႏြန္ျပည္သူေတြကေတာ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြကို ျဖဳတ္ခ်ေရး ေတာ္လွန္ ဆႏၵျပၾကဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ေဘရြတ္ၿမိဳ႕က ေပါက္ကဲြမႈႀကီးဟာ ပတ္၀န္းက်င္တခုလံုးကို အေပ်ာက္ရွင္းသလိုမ်ဳိး ျဖစ္ေစခဲ့ၿပီး လူေပါင္း ၂၅၀,၀၀၀ ကို အိုးမဲ့အိမ္မဲ့ ျဖစ္ေစခဲ့ပါတယ္။

ခန္႔မွန္းေခ် ႏိုင္ငံရဲ႕ စီးပြားေရးထုတ္လုပ္မႈ ၂၅ ရာခုိင္ႏႈန္းအထိ ပ်က္စီးဆံုး႐ႈံးဖို႔ ရွိႏိုင္ၿပီး ေဘရြတ္ ျပန္လည္တည္ေဆာက္ေရးအတြက္ ေဒၚလာဘီလီယံေပါင္း မ်ားစြာ ကုန္က်မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပေါက်ကွဲမှုကြီးဒဏ်သင့် လက်ဘနွန်ကို ကူညီဖို့ အင်အားကြီးနိုင်ငံတွေ သဘောတူ

ပြီးခဲ့တဲ့ သီတင်းပတ်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းထန်လှတဲ့ ပေါက်ကွဲမှုကြီးကြောင့် နစ်နာဆုံးရှုံးမှုတွေအတွက် ပြန်လည်ထူထောင်ရေး အကူအညီတွေပေးဖို့ တနင်္ဂနွေနေ့က ကမ္ဘာ့ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။ ဒါပေမယ့် ငွေကြေးအရ ဘယ်အတိုင်းအတာထိ ထောက်ပံ့မလဲဆိုတဲ့ ပမာဏကိုတော့ တရားဝင် ကြေညာခြင်း မရှိခဲ့ပါဘူး။

ဒီအကူအညီတွေဟာ လက်ဘနွန်ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့အညီ အချိန်မီ လုံလောက်ပြီး ကိုက်ညီမှု ရှိသင့်ကြောင်းနဲ့ လက်ဘနွန်ပြည်သူတွေဆီ တိုက်ရိုက် ထိထိရောက်ရောက်၊ ပွင့်လင်းမြင်သာမှုရှိရှိ ပေးသင့်ကြောင်း တယ်လီကွန်ဖရင့်နဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြင်သစ်သမ္မတ Emmanuel Macron က ပြောကြားခဲ့ပါတယ်။

လက်ဘနွန်အစိုးရအနေနဲ့ အကူအညီတွေကို ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တိုက်တွန်းခဲ့ကြပါတယ်။ သူတို့အနေနဲ့ လက်ဘနွန်အစိုးရကို ပေးတဲ့ အကူအညီတွေအပေါ် သတိရှိနေတာ ဖြစ်ပါတယ်။

အစိုးရမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတယ်လို့ လက်ဘနွန်အများစုက ရှုမြင်ကြသလို Shi'ite အုပ်စုဖြစ်တဲ့ Hezbollah ကနေတဆင့် အီရန် သြဇာလွှမ်းမိုးမှုတွေအပေါ် စိုးရိမ်မှုတွေ ရှိနေကြတာပါ။

ကြာသပတေးနေ့က ဘေရွတ်ကို သွားခဲ့တဲ့ ပြင်သစ်သမ္မတ Macron ကတော့လက်ဘနွန်ပြည်သူတွေကို ထောက်ပံ့ရေး ပါဝင်တဲ့ အလှူရှင်နိုင်ငံတွေအနေနဲ့ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားဖို့ လိုအပ်ကြောင်းနဲ့ အကူအညီတွေကို ကုလသမဂ္ဂ ဦးဆောင်ညှိနှိုင်းသင့်ကြောင်း တယ်လီကွန်ဖရင့် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အနည်းဆုံး လူ ၁၅၈ ဦး သေဆုံးပြီး ၆,၀၀၀ ခန့် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုကို ဘက်မလိုက်တဲ့ ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လက်ဘနွန်အစိုးရကို အမေရိကန်သမ္မတ Donald Trump အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။

အမျက်ဒေါသထွက်နေတဲ့ လက်ဘနွန်ပြည်သူတွေကတော့ နိုင်ငံရေးခေါင်းဆောင်တွေကို ဖြုတ်ချရေး တော်လှန် ဆန္ဒပြကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဘေရွတ်မြို့က ပေါက်ကွဲမှုကြီးဟာ ပတ်ဝန်းကျင်တခုလုံးကို အပျောက်ရှင်းသလိုမျိုး ဖြစ်စေခဲ့ပြီး လူပေါင်း ၂၅၀,၀၀၀ ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါတယ်။

ခန့်မှန်းချေ နိုင်ငံရဲ့ စီးပွားရေးထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးဖို့ ရှိနိုင်ပြီး ဘေရွတ် ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာဘီလီယံပေါင်း များစွာ ကုန်ကျမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG