သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အ႐ြယ္ေရာက္ၿပီး အေမရိကန္အားလုံး ကိုဗစ္ကာကြယ္ေဆး မၾကာခင္ ထိုးႏိုင္မည္ (သမၼတ Biden)


(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ အရြယ္ေရာက္သူေတြအားလုံး ဧၿပီလ ၁၉ ရက္ေန႔ကစလို႔ ကိုဗစ္ကာကြယ္ေဆးထိုးခြင့္ ရေတာ့မွာျဖစ္ေၾကာင္း သမၼတ Joe Biden က အဂၤါေန႔မွာပဲ ေၾကညာလိုက္ပါတယ္။ မူလက ေမလ ၁ ရက္ေန႔မွာ ထိုးခြင့္ရဖို႔ သတ္မွတ္ထားတာထက္ သီတင္း ၂ ပတ္ေစာၿပီး ထိ္ုးခြင့္ရၾကေတာ့မွာပါ။

အေမရိကန္မွာ ကာကြယ္ေဆး အမ်ဳိးအစား ၃ ခုကို ထုတ္လုပ္မႈေတြ တိုးလာေနခ်ိန္မွာပဲ အရြယ္ေရာက္သူ အားလုံးရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ ဧၿပီလ ၁၉ ရက္ေန႔ကစ ကာကြယ္ေဆးထိုးခြင့္ ရေတာ့မွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ သမၼတ ဘိုင္ဒင္ ေျပာဆိုထားေပမဲ့ အခုအခါမွာေတာ့ အရြယ္ေရာက္သူေတြထဲက ကာကြယ္ေဆးထိုးခ်င္တဲ့သူေတြအားလုံး ထိုးခြင့္ရမယ့္အေၾကာင္း ေၾကညာလိုက္တာ ျဖစ္ပါတယ္။

“အစိုးရတာ၀န္ ယူခ်ိန္ကစလို႔ လူသန္း ၁၅၀ ကို ကာကြယ္ေဆး ထိုးေပးၿပီးပါၿပီ။ ဧၿပီလ ၁၉ ရက္ေန႔ကစလို႔ အရြယ္ေရာက္သူ အေမရိကန္အားလုံးလည္း ကာကြယ္ေဆးထိုးခြင့္ ရေတာ့မွာပါ။” လို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki ေျပာဆိုသြားတာပါ။

ဒါေပမဲ့လည္း အေမရိကန္ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေကာက္ယူထားတဲ့ လူထုသေဘာထား စစ္တမ္းမွာေတာ့ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္တဲ့သူ ၂၀ ရာခိုင္ႏႈန္းေလာက္ ရွိေနတာ ေတြ႕ရပါတယ္။ သေဘာထား ေပးသူေတြထဲမွာေတာ့ ေဆးထိုးဖို႔ မလိုအပ္ဘူးလို႔ ယူဆသူေတြ ရွိသလို၊ အက်ဳိးထက္ အျပစ္ျဖစ္ႏိုင္တယ္လို႔ ယူဆသူေတြ၊ အစိုးရရဲ႕ ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္ကို မယုံၾကည္သူေတြလည္း ပါ၀င္ၾကပါတယ္။

ကာကြယ္ေဆးထိုးၿပီးသူ အမ်ားစုဟာ ေဆးဒဏ္လုံး၀ မခံရတာ၊ ဒါမွမဟုတ္ရင္လည္း ၁ ရက္ ၂ ရက္ေလာက္သာ ယာယီေဆးဒဏ္ခံစားရတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ မၾကာေသးခင္လေတြကစလို႔ ကာကြယ္ေဆး မထိုးခ်င္တဲ့သူ အေရအတြက္ က်ဆင္းလာေနပါတယ္။

သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆို တာ၀န္မယူခင္မွာပဲ ကာကြယ္ေဆးထိုးထားတဲ့ သမၼတ ဘိုင္ဒင္ကေတာ့ အဂၤါေန႔မွာပဲ ဝါရွင္တန္ဒီစီအနီး ဗာဂ်ီးနီးယားျပည္နယ္က ကာကြယ္ေဆးထိုးေပးေနတဲ့ ေနရာကို သြားေရာက္ခဲ့ၿပီးေနာက္ အိမ္ျဖဴေတာ္မွာ ကာကြယ္ေဆးထိုးမယ့္ အစီအစဥ္သစ္ကို ေၾကညာခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အရွယ်ရောက်ပြီးအမေရိကန်အားလုံး ကိုဗစ်ကာကွယ်ဆေးမကြာခင် ထိုးနိုင်မည် (သမ္မတ Biden)
(Unicode)

အမေရိကန် ပြည်ထောင်စုမှာ အရွယ်ရောက်သူတွေအားလုံး ဧပြီလ ၁၉ ရက်နေ့ကစလို့ ကိုဗစ်ကာကွယ်ဆေးထိုးခွင့် ရတော့မှာဖြစ်ကြောင်း သမ္မတ Joe Biden က အင်္ဂါနေ့မှာပဲ ကြေညာလိုက်ပါတယ်။ မူလက မေလ ၁ ရက်နေ့မှာ ထိုးခွင့်ရဖို့ သတ်မှတ်ထားတာထက် သီတင်း ၂ ပတ်စောပြီး ထိုးခွင့်ရကြတော့မှာပါ။

အမေရိကန်မှာ ကာကွယ်ဆေး အမျိုးအစား ၃ ခုကို ထုတ်လုပ်မှုတွေ တိုးလာနေချိန်မှာပဲ အရွယ်ရောက်သူ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက် ဧပြီလ ၁၉ ရက်နေ့ကစ ကာကွယ်ဆေးထိုးခွင့် ရတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သမ္မတ ဘိုင်ဒင် ပြောဆိုထားပေမဲ့ အခုအခါမှာတော့ အရွယ်ရောက်သူတွေထဲက ကာကွယ်ဆေးထိုးချင်တဲ့သူတွေအားလုံး ထိုးခွင့်ရမယ့်အကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

“အစိုးရတာဝန် ယူချိန်ကစလို့ လူသန်း ၁၅၀ ကို ကာကွယ်ဆေး ထိုးပေးပြီးပါပြီ။ ဧပြီလ ၁၉ ရက်နေ့ကစလို့ အရွယ်ရောက်သူ အမေရိကန်အားလုံးလည်း ကာကွယ်ဆေးထိုးခွင့် ရတော့မှာပါ။” လို့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki ပြောဆိုသွားတာပါ။

ဒါပေမဲ့လည်း အမေရိကန် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူထားတဲ့ လူထုသဘောထား စစ်တမ်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့သူ ၂၀ ရာခိုင်နှုန်းလောက် ရှိနေတာ တွေ့ရပါတယ်။ သဘောထား ပေးသူတွေထဲမှာတော့ ဆေးထိုးဖို့ မလိုအပ်ဘူးလို့ ယူဆသူတွေ ရှိသလို၊ အကျိုးထက် အပြစ်ဖြစ်နိုင်တယ်လို့ ယူဆသူတွေ၊ အစိုးရရဲ့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို မယုံကြည်သူတွေလည်း ပါဝင်ကြပါတယ်။

ကာကွယ်ဆေးထိုးပြီးသူ အများစုဟာ ဆေးဒဏ်လုံး၀ မခံရတာ၊ ဒါမှမဟုတ်ရင်လည်း ၁ ရက် ၂ ရက်လောက်သာ ယာယီဆေးဒဏ်ခံစားရတယ်ဆိုတဲ့ သတင်းတွေကြောင့် မကြာသေးခင်လတွေကစလို့ ကာကွယ်ဆေး မထိုးချင်တဲ့သူ အရေအတွက် ကျဆင်းလာနေပါတယ်။

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို တာဝန်မယူခင်မှာပဲ ကာကွယ်ဆေးထိုးထားတဲ့ သမ္မတ ဘိုင်ဒင်ကတော့ အင်္ဂါနေ့မှာပဲ ဝါရှင်တန်ဒီစီအနီး ဗာဂျီးနီးယားပြည်နယ်က ကာကွယ်ဆေးထိုးပေးနေတဲ့ နေရာကို သွားရောက်ခဲ့ပြီးနောက် အိမ်ဖြူတော်မှာ ကာကွယ်ဆေးထိုးမယ့် အစီအစဉ်သစ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG