သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၃၀ ပြည့်အရောက် အမေရိကန် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှု ၅၀% လျှော့ချမည်  (သမ္မတ Biden)


(Zawgyi/unicode)

ဒါဇင်နဲ့ချီတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ ပါဝင်တဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အွန်လိုင်းထိပ်သီးအစည်းအဝေး စတင်လိုက်တဲ့ ကြာသပတေးနေ့မှာပဲ အမေရိကန် ပြည်ထောင်စုမှာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး ၅၀ ကနေ ၅၂ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ့် ရည်မှန်းချက် အသစ်ကို သမ္မတ Joe Biden ကြေညာလိုက်ပါတယ်။

“ဒီဆယ်စုနှစ်ဟာ ဥတုရာသီ ဖောက်ပြန်မှု ပြဿနာကြောင့် နောက်ဆက်တွဲ ကြုံရမယ့် အဆိုးဆုံး အခြေအနေတွေကို ရှောင်ရှားနိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်ကြရမယ့် အချိန်ဖြစ်ပါတယ်။” လို့ သမ္မတဘိုင်ဒင် ပြောလိုက်တာပါ။ အထူးသဖြင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေ အနေနဲ့ ဦးဆောင် ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

သမ္မတဘိုင်ဒင်ရဲ့ ကြေညာချက်ဟာ ကြီးမားတဲ့ အပြောင်းအလဲတခုအဖြစ် ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က ကြိုဆိုလိုက်ပြီး၊ ကမ္ဘာအဝန်း ဥတုရာသီဖောက်ပြန်မှု တိုက်ဖျက်ရေးမှာ ထင်ရှားတဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။

၂၀၀၅ ခုနှစ်တုန်းက လေထုညစ်ညမ်းမှု အဆင့်လောက်အထိ လျှော့ချနိုင်မယ့် အမေရိကန်ရဲ့ ရည်မှန်းချက်မှာတော့ ကာဗွန်ဓာတ်ငွေ့ ကင်းရှင်းတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ကားတွေမှာ လောင်စာဆီ လျှော့ပေါ့သုံးစွဲနိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းတွေမှာ ကာဗွန်ဓာတ်ငွေ့ လျှော့ချနိုင်ရေးနဲ့ မီသိန်းဓာတ်ငွေ့ အသုံးပြုမှု လျှော့ချရေး အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာမှာ လူဦးရေ အများဆုံး နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက ကတိကဝတ်ပေးတာမျိုး မရှိခဲ့တဲ့ အတွက်လည်း ထိပ်သီးအစည်းအဝေး စီစဉ်သူတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

............


(unicode)






XS
SM
MD
LG