သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္နဲ႔တ႐ုတ္ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရး လက္တဲြလုပ္ကိုင္မည္


အေမရိကန္ ရာသီဥတုဆိုင္ရာ အထူးကိုယ္စားလွယ္ ဂၽြန္ကယ္ရီ။ (မတ္ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္ႏုိင္ငံတို႔ဟာ ဥတုရာသီ ေဖာက္ျပန္ေျပာင္းလဲမႈ တန္ျပန္ေရးမွာ အတူပူးေပါင္း ေဆာင္ရြက္သြားဖို႔ အခုိင္အမာ ဆံုးျဖတ္ခဲ့ၾကေၾကာင္း စေနေန႔က ႏွစ္ႏုိင္ငံ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ဒီေၾကညာခ်က္ဟာ အေမရိကန္ရဲ႕ ရာသီဥတုဆိုင္ရာ အထူးကိုယ္စားလွယ္ ဂၽြန္ကယ္ရီရဲ႕ တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းခရီးစဥ္အတြင္း ျဖစ္ေပၚလာတာပါ။

“အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္ႏိုင္ငံတုိ႔ ရာသီဥတု ေဖာက္ျပန္ေနတဲ့ အေရးကိစၥမွာ အတူတကြ လက္တြဲလုပ္ေဆာင္သြားပါမယ္။ တ႐ုတ္ႏုိင္ငံဟာ ဒီအခက္အခဲကို ေျဖရွင္းဖို႔အတြက္ ဒါဟာ ပထမဆံုး ပါဝင္လာတာလို႔ က်ေနာ္ထင္ပါတယ္။” လို႔ ရာသီဥတုဆုိင္ရာ အေမရိကန္ အထူးကိုယ္စားလွယ္ ဂၽြန္ကယ္ရီက ေျပာသြားတာပါ။

မစၥတာကယ္ရီဟာ အေမရိကန္ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း တေယာက္ျဖစ္ၿပီး သမၼတ ဂ်ဳိးဘုိင္ဒန္ အစိုးရလက္ထက္မွာ ပထမဆံုး တ႐ုတ္ႏုိင္ငံကိုသြားတဲ့ အစိုးရအရာရွိတဦးလည္း ျဖစ္ပါတယ္။ ဒါဟာ ႏွစ္ႏိုင္ငံၾကား တျခားကိစၥရပ္ေတြမွာ ဆက္ဆံေရး အလြန္တင္းမာေနေပမယ့္လည္း ကမၻာလံုးဆုိင္ရာ ျပႆနာေတြမွာေတာ့ ပူးေပါင္းေဆာင္ရြက္ၾကမယ့္သေဘာ ေဆာင္ေနပါတယ္။

ပူးတြဲေၾကညာခ်က္မွာ ရာသီဥတုေဖာက္ျပန္မႈကို ျဖစ္ေစတဲ့ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ ၅၀ ရာခုိင္ႏႈန္းနီးပါးအတြက္ အတူတာဝန္ရွိေနတဲ့ ကမၻာ့စီးပြါးေရး အင္အားႀကီးႏွစ္ႏုိင္ငံျဖစ္တဲ့ အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ ပူးေပါင္းေဆာင္ရြက္မယ့္ လုပ္ငန္းအမ်ားအျပားကို ေဖာ္ျပခဲ့ပါတယ္။

သမၼတဂ်ဳိးဘုိင္ဒန္ဟာ ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈကို အဓိက ဦးစားေပးလိုက္ျခင္းဟာ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေလာင္စာထုတ္ လုပ္ငန္းနဲ႔ နီးနီးကပ္ကပ္ ဆက္ဆံမႈရွိတဲ့ သမၼတထရမ့္ရဲ႕ လုပ္ရပ္ေတြကို လံုးဝေျပာင္းလဲလိုက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကန်နဲ့တရုတ် ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေး လက်တွဲလုပ်ကိုင်မည်

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ဟာ ဥတုရာသီ ဖောက်ပြန်ပြောင်းလဲမှု တန်ပြန်ရေးမှာ အတူပူးပေါင်း ဆောင်ရွက်သွားဖို့ အခိုင်အမာ ဆုံးဖြတ်ခဲ့ကြကြောင်း စနေနေ့က နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်ဟာ အမေရိကန်ရဲ့ ရာသီဥတုဆိုင်ရာ အထူးကိုယ်စားလှယ် ဂျွန်ကယ်ရီရဲ့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းခရီးစဉ်အတွင်း ဖြစ်ပေါ်လာတာပါ။

“အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ ရာသီဥတု ဖောက်ပြန်နေတဲ့ အရေးကိစ္စမှာ အတူတကွ လက်တွဲလုပ်ဆောင်သွားပါမယ်။ တရုတ်နိုင်ငံဟာ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ဒါဟာ ပထမဆုံး ပါဝင်လာတာလို့ ကျနော်ထင်ပါတယ်။” လို့ ရာသီဥတုဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဂျွန်ကယ်ရီက ပြောသွားတာပါ။

မစ္စတာကယ်ရီဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း တယောက်ဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒန် အစိုးရလက်ထက်မှာ ပထမဆုံး တရုတ်နိုင်ငံကိုသွားတဲ့ အစိုးရအရာရှိတဦးလည်း ဖြစ်ပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား တခြားကိစ္စရပ်တွေမှာ ဆက်ဆံရေး အလွန်တင်းမာနေပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေမှာတော့ ပူးပေါင်းဆောင်ရွက်ကြမယ့်သဘော ဆောင်နေပါတယ်။

ပူးတွဲကြေညာချက်မှာ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၅၀ ရာခိုင်နှုန်းနီးပါးအတွက် အတူတာဝန်ရှိနေတဲ့ ကမ္ဘာ့စီးပွါးရေး အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းအများအပြားကို ဖော်ပြခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ဟာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို အဓိက ဦးစားပေးလိုက်ခြင်းဟာ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာထုတ် လုပ်ငန်းနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုရှိတဲ့ သမ္မတထရမ့်ရဲ့ လုပ်ရပ်တွေကို လုံးဝပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG