သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻႀကီး ပိုၿပီးပူေႏြးလာေနတဲ့အေပၚ ပညာရွင္ေတြသတိေပး


စပိန္ႏိုင္ငံ Pamplona ၿမိဳ႕မွာ ေနပူထဲ ထီးေဆာင္းထားတဲ့ အမ်ိဳးသမီးတဦး။ (ဇြန္ ၂၈၊ ၂၀၁၉)

[Zawgyi/Unicode]

မွတ္တမ္းတင္ထားတာအရဆိုရင္ ၂၀၂၀ ျပည့္ႏွစ္ဟာ ၂၀၁၆ ခုႏွစ္နဲ႔တန္းတူ အပူျပင္းဆုံးႏွစ္ျဖစ္တယ္လို႔ ဥေရာပသမဂၢ ဥတုရာသီေလ့လာေစာင့္ၾကည့္ေရးဌာနက ဒီေန႔ ေျပာလိုက္ပါတယ္။

၂၀၁၅ ခုႏွစ္ကစၿပီး ၆ ႏွစ္တာကာလဟာ ကမာၻေပၚမွာ အပူျပင္းဆုံး ၆ ႏွစ္အျဖစ္ မွတ္တမ္းတင္ထားတာျဖစ္ၿပီး လြန္ခဲ့တဲ့ ၂၁ ႏွစ္အတြင္း ႏွစ္ ၂၀ မွာ ဆက္တုိက္ ပိုၿပီးေတာ့ ကမာၻႀကီး ပူေႏြးလာတဲ့ အေထာက္အထားေတြ ေတြ႔ရတယ္လို႔ Copernicus ဥတုရာသီေျပာင္းလဲမႈ ေလ့လာေစာင့္ၾကည့္ေရးဌာနက ေျပာပါတယ္။

၂၀၂၀ ခုႏွစ္ကေတာ့ ထူးထူးျခားျခားကို ပူေႏြးတဲ့ႏွစ္ျဖစ္တယ္လို႔ Copernicus ရာသီဥတုေျပာင္းလဲမႈ ေလ့လာေစာင့္ၾကည့္ေရးအဖဲြ႔ ညႊန္ၾကားေရးမွဴး Carlo Buontempo က ေျပာပါတယ္။

ဒါဟာ အနာဂတ္မွာ ဆုိးရြားတဲ့ ရာသီဥတုအက်ိဳးဆက္ေတြကို ကာကြယ္ဖို႔အတြက္ ကာဗြန္ဓါတ္ေငြ႔ေလွ်ာ့ခ်ေရး ရည္မွန္းခ်က္ေတြကို အျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔ လိုအပ္တယ္ဆုိတာကို ထပ္ၿပီးေတာ့ သတိေပးလိုက္တာျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာကြီး ပိုပြီးပူနွေးလာနေတဲ့အပေါ် ပညာရှင်တွေသတိပေး

မှတ်တမ်းတင်ထားတာအရဆိုရင် ၂၀၂၀ ပြည့်နှစ်ဟာ ၂၀၁၆ ခုနှစ်နဲ့တန်းတူ အပူပြင်းဆုံးနှစ်ဖြစ်တယ်လို့ ဥရောပသမဂ္ဂ ဥတုရာသီလေ့လာစောင့်ကြည့်ရေးဌာနက ဒီနေ့ ပြောလိုက်ပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး ၆ နှစ်တာကာလဟာ ကမ္ဘာပေါ်မှာ အပူပြင်းဆုံး ၆ နှစ်အဖြစ် မှတ်တမ်းတင်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၁ နှစ်အတွင်း နှစ် ၂၀ မှာ ဆက်တိုက် ပိုပြီးတော့ ကမ္ဘာကြီး ပူနွေးလာတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ Copernicus ဥတုရာသီပြောင်းလဲမှု လေ့လာစောင့်ကြည့်ရေးဌာနက ပြောပါတယ်။

၂၀၂၀ ခုနှစ်ကတော့ ထူးထူးခြားခြားကို ပူနွေးတဲ့နှစ်ဖြစ်တယ်လို့ Copernicus ရာသီဥတုပြောင်းလဲမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Carlo Buontempo က ပြောပါတယ်။

ဒါဟာ အနာဂတ်မှာ ဆိုးရွားတဲ့ ရာသီဥတုအကျိုးဆက်တွေကို ကာကွယ်ဖို့အတွက် ကာဗွန်ဓါတ်ငွေ့လျှော့ချရေး ရည်မှန်းချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်တယ်ဆိုတာကို ထပ်ပြီးတော့ သတိပေးလိုက်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG