သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေသနတ္ကိုင္ေဆာင္ခြင္႔ ပိုမိုတင္းၾကပ္ဖို႔ သမၼတ Biden အမိန္႔ထုတ္


ေသနတ္ကိုင္ေဆာင္ခြင္႔ ပိုမိုတင္းၾကပ္ဖို႔ သမၼတ Biden အမိန္႔ထုတ္

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ ေသနတ္ကိုင္ေဆာင္ခြင့္ ထိန္းခ်ဳပ္ေရး အစီအစဥ္ေတြကို သမၼတ Joe Biden က သမၼတအာဏာနဲ႔ ၾကာသပေတးေန႔မွာပဲ ျပဌာန္းလိုက္ပါတယ္။

“ဒီႏိုင္ငံမွာ ေသနတ္နဲ႔ အၾကမ္းဖက္ေနတာဟာ ေရာဂါဆိုးႀကီးတခုပါ။ ထပ္ေျပာပါရေစ၊ ဒီႏိုင္ငံမွာ ေသနတ္နဲ႔ အၾကမ္းဖက္ေနတာဟာ ေရာဂါဆိုးႀကီး တခုပါ၊ ႏိုင္ငံတကာ အလယ္မွာ ရွက္စရာလည္း ေကာင္းပါတယ္။” လို႔ ေသနတ္ကိုင္ေဆာင္ခြင့္ ထိန္းခ်ဳပ္ေရးအတြက္ အိမ္ျဖဴေတာ္မွာ မိန္႔ခြန္းေျပာရာမွာ သမၼတ ဘိုင္ဒင္က ေျပာဆိုလိုက္တာပါ။

ေခ်မႈန္းေရး႐ိုင္ဖယ္ေတြ ကိုင္ေဆာင္ခြင့္ တားျမစ္ေရး လႊတ္ေတာ္က ပ်က္ကြက္ေနတဲ့ အေပၚမွာလည္း ဖိအားေပး ေျပာဆိုခဲ့ပါတယ္။ လူေတြ အစုလိုက္အျပံဳလိုက္ ပစ္ခတ္ခံရတဲ့အခါ လႊတ္ေတာ္အမတ္ေတြက ၀မ္းနည္းစကားနဲ႔ ဆုေတာင္းေပးတာေတြ ရွိေပမဲ့ ေသနတ္ကိုင္ အၾကမ္းဖက္လုပ္ရပ္ေတြ ေလ်ာ့က်ေစမယ့္ တႏိုင္ငံလုံးအတြက္ ဥပေဒသစ္ တခုမွ ခ်မွတ္ႏိုင္တာ မရွိဘူးလို႔လည္း ေျပာဆိုခဲ့တာပါ။

Georgia ျပည္နယ္၊ Atlanta ၿမိဳ႕မွာ လူ ၈ ေယာက္ ေသဆုံးတဲ့ ပစ္ခတ္မႈ၊ Colorado ျပည္နယ္၊ Boulder ၿမိဳ႕မွာ လူ ၁၀ ေယာက္ ေသဆုံးတဲ့ ပစ္ခတ္မႈေတြ ဆက္တိုက္ ၾကံဳခဲ့ရၿပီးေနာက္ သမၼတ Biden ရဲ႕ ေသနတ္ကိုင္ေဆာင္ခြင့္ ထိန္းခ်ဳပ္ေရး အစီအစဥ္ ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။

ႏိုင္ငံအႏွံ႔ ဟိုးေလးတေက်ာ္ ျဖစ္ခဲ့တဲ့ ဒီအစုလိုက္အျပံဳလိုက္ ပစ္ခတ္မႈ ၂ ခုၾကား သီတင္းတပတ္ေလာက္ အခ်ိန္အတြင္း လူသိမမ်ားတဲ့ တျခားပစ္ခတ္မႈေပါင္း ၈၅၀ ျဖစ္ပြားခဲ့ၿပီး၊ လူေပါင္း ၂၅၀ ေသဆုံး၊ ၅၀၀ ေလာက္ ဒဏ္ရာရခဲ့ေၾကာင္းလည္း သမၼတကေျပာပါတယ္။

လက္နက္ကိုင္ အၾကမ္းဖက္မႈေတြဟာ အေမရိကန္ ျပည္သူေတြအတြက္ ပါတီစဲြ ႏိုင္ငံေရးကိစၥတခု မဟုတ္သလို၊ ဒီကိစၥကို ေျဖရွင္းဖို႔ ဘယ္သူနဲ႔မဆို လက္တဲြႀကိဳးပမ္းလိုေၾကာင္းလည္း သမၼတ Biden က မိန္႔ခြန္းမွာထည့္သြင္း ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

သေနတ်ကိုင်ဆောင်ခွင့် ပိုမိုတင်းကြပ်ဖို့ သမ္မတ Biden အမိန့်ထုတ်
(Unicode)

အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး အစီအစဉ်တွေကို သမ္မတ Joe Biden က သမ္မတအာဏာနဲ့ ကြာသပတေးနေ့မှာပဲ ပြဌာန်းလိုက်ပါတယ်။

“ဒီနိုင်ငံမှာ သေနတ်နဲ့ အကြမ်းဖက်နေတာဟာ ရောဂါဆိုးကြီးတခုပါ။ ထပ်ပြောပါရစေ၊ ဒီနိုင်ငံမှာ သေနတ်နဲ့ အကြမ်းဖက်နေတာဟာ ရောဂါဆိုးကြီး တခုပါ၊ နိုင်ငံတကာ အလယ်မှာ ရှက်စရာလည်း ကောင်းပါတယ်။” လို့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးအတွက် အိမ်ဖြူတော်မှာ မိန့်ခွန်းပြောရာမှာ သမ္မတ ဘိုင်ဒင်က ပြောဆိုလိုက်တာပါ။

ချေမှုန်းရေးရိုင်ဖယ်တွေ ကိုင်ဆောင်ခွင့် တားမြစ်ရေး လွှတ်တော်က ပျက်ကွက်နေတဲ့ အပေါ်မှာလည်း ဖိအားပေး ပြောဆိုခဲ့ပါတယ်။ လူတွေ အစုလိုက်အပြုံလိုက် ပစ်ခတ်ခံရတဲ့အခါ လွှတ်တော်အမတ်တွေက ဝမ်းနည်းစကားနဲ့ ဆုတောင်းပေးတာတွေ ရှိပေမဲ့ သေနတ်ကိုင် အကြမ်းဖက်လုပ်ရပ်တွေ လျော့ကျစေမယ့် တနိုင်ငံလုံးအတွက် ဥပဒေသစ် တခုမှ ချမှတ်နိုင်တာ မရှိဘူးလို့လည်း ပြောဆိုခဲ့တာပါ။

Georgia ပြည်နယ်၊ Atlanta မြို့မှာ လူ ၈ ယောက် သေဆုံးတဲ့ ပစ်ခတ်မှု၊ Colorado ပြည်နယ်၊ Boulder မြို့မှာ လူ ၁၀ ယောက် သေဆုံးတဲ့ ပစ်ခတ်မှုတွေ ဆက်တိုက် ကြုံခဲ့ရပြီးနောက် သမ္မတ Biden ရဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး အစီအစဉ် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံအနှံ့ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ ဒီအစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂ ခုကြား သီတင်းတပတ်လောက် အချိန်အတွင်း လူသိမများတဲ့ တခြားပစ်ခတ်မှုပေါင်း ၈၅၀ ဖြစ်ပွားခဲ့ပြီး၊ လူပေါင်း ၂၅၀ သေဆုံး၊ ၅၀၀ လောက် ဒဏ်ရာရခဲ့ကြောင်းလည်း သမ္မတကပြောပါတယ်။

လက်နက်ကိုင် အကြမ်းဖက်မှုတွေဟာ အမေရိကန် ပြည်သူတွေအတွက် ပါတီစွဲ နိုင်ငံရေးကိစ္စတခု မဟုတ်သလို၊ ဒီကိစ္စကို ဖြေရှင်းဖို့ ဘယ်သူနဲ့မဆို လက်တွဲကြိုးပမ်းလိုကြောင်းလည်း သမ္မတ Biden က မိန့်ခွန်းမှာထည့်သွင်း ပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG