(Zawgyi/Unicode)
အိန္ဒိယနိုင်ငံမှာတော့ ကိုဗစ်ဒုတိယလှိုင်းကြောင့် အခု ဗုဒ္ဓဟူးနေ့အထိ သေဆုံးသူ ၂ သိန်းကျော်လာပြီး ဆေးရုံကုတင်နဲ့အောက်ဆီဂျင်မလုံလောက်မှုတွေပေါ်ပေါက်နေပါတယ်။
ကိုဗစ်ဒုတိယလှိုင်းကူးစက်မှုမှာ ပြီးခဲ့တဲ့အပတ်ကတည်းကစလို့ နေ့စဉ် လူအနည်းဆုံး သုံးသိန်း စမ်းသပ်တွေ့ရှိနေရတာဖြစ်ပြီး အရေးပေါ်တုံ့ပြန်မှုတွေပြုလုပ်ဖို့မဟာမိတ်တွေအနေနဲ့ နိုင်ငံတကာက ဆေးဝါးပစ္စည်းတွေကိုလည်း ပေးပို့နေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ လူနာသစ် ၃ သိန်း ၆ သောင်းကျော် စမ်းသပ်တွေ့ရှိရပြီး ဒါဟာ ကမ္ဘာ့အများဆုံး တရက်အတွင်း ကူးစက်မှုလည်းဖြစ်ပါတယ်။ တရက် သေဆုံးသူ ၃၂၀၀ ကျော်ရှိနေပြီး စုစုပေါင်း သေဆုံးသူ ၂ သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ စုစုပေါင်းလူဦးရေ ၁.၃ ဘီလျံကျော်တဲ့တိုင်းပြည်မှာ ကူးစက်သူတွေဟာ ဒီထက်ပိုမယ်လို့ ယုံကြည်ကြပါတယ်။
အခြေအနေဟာ အဆိုးဆုံးဖြစ်လာနေပြီး လူတိုင်း ထိတ်လန့်ကြောက်ရွံ့နေကြတယ်လို့ဆိုပါတယ်။ လေးမိနစ်မှာ တယောက်နှုန်းနဲ့ သေဆုံးနေကြရတယ်လို့ ဒေလီပြည်နယ်က သတင်းပေးပို့ထားပြီး အလောင်းတွေကို စီတန်းပြီး ပန်းခြံတွေ၊ ကားရပ်ထားစရာနေရာတွေမှာ မီးရှို့ပစ်နေရတယ်လို့ ဒေလီ ဒေသခံတွေက ပြောဆိုပါတယ်။
............
(Unicode)