သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် အခြေအနေဆိုးနေတဲ့ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေး အဆင်သင့်မရှိသေး


(Zawgyi/Unicode)
ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေကြောင့် သေဆုံးသူတွေနဲ့ ကူးစက်သူတွေ ကြာသပတေးနေ့ကလည်း စံချိန်တင် များပြားခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးထိုးဖို့ စီစဉ်နေပေမဲ့ အခက်အခဲတွေလည်း ကြုံနေရပါတယ်။

အသက် ၁၈ နှစ်အထက် အရွယ်ရောက်သူတွေ ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ် စနေနေ့မှာ စတင်ဖို့ အစိုးရက ကြေညာထားပေမဲ့ နယူးဒေလီမြို့တော် အပါအဝင် တချို့နေရာတွေမှာ ကာကွယ်ဆေးတွေ အဆင်သင့် မရှိသေးဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

“လောလောဆယ် ကာကွယ်ဆေးတွေ မရှိသေးပါဘူး။ ကုမ္ပဏီတွေကနေ ဆေးတွေမှာထားပါတယ်။ ရတာနဲ့ ချက်ချင်း အသိပေးပါမယ်။” လို့ နယူးဒေလီမြို့တော်ရဲ့ ကျန်းမာရေးဝန်ကြီး Satyendar Kumar Jain က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

လူဦးရေ သန်း ၁,၄၀၀ လောက်ရှိတဲ့ အိန္ဒိယ နိုင်ငံမှာ စနေနေ့ကစ အရွယ်ရောက်သူတွေကို ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ်အတွက် စာရင်းပေးဖို့ ဗုဒ္ဓဟူးနေ့က အင်တာနက် ဝဘ်ဆိုဒ်တခု ဖွင့်လိုက်ပေမဲ့ ဝဘ်ဆိုဒ်စာမျက်နှာက ဝင်မရတာ၊ စာရင်းပေးလို့ မရတာတွေ ရှိတယ်ဆိုပြီး ဝေဖန်သံတွေလည်း လူမှုကွန်ရက်တွေမှာ ထွက်ပေါ်ခဲ့တာပါ။

အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃,၆၄၅ ယောက် အပါအဝင် ကူးစက်သူလူနာသစ် ၃၇၉,၂၅၇ ယောက် ရှိခဲ့တာကြောင့် တနေ့တည်းမှာ အများဆုံး သေဆုံးမှုအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ကိုဗစ် အခြေအနေဆိုးနေတဲ့ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေး အဆင်သင့်မရှိသေး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်


...............

(Unicode)





XS
SM
MD
LG