သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ကိုဗစ်ကူးစက်မှု တနေ့တည်း ၄ သိန်းကျော်


နယူးဒေလီမြို့ ဆေးရုံတခုကို ဆေးကုသဖို့ ခေါ်ဆောင်လာတဲ့ ကိုဗစ်လူနာတဦး။ (ဧပြီ ၂၉၊ ၂၀၂၁)
နယူးဒေလီမြို့ ဆေးရုံတခုကို ဆေးကုသဖို့ ခေါ်ဆောင်လာတဲ့ ကိုဗစ်လူနာတဦး။ (ဧပြီ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

ကိုဗစ်ဒဏ် အကြီးအကျယ် ပြန်ခံနေရတဲ့ အိန္ဒိယမှာ နေ့စဉ် ပိုးသစ်တွေ့သူ ပထမဆုံးအနေနဲ့ ၄ သိန်း စကျော်လာနေပါပြီ။

အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးသစ်တွေ့သူ ၄၀၁,၉၉၃ ဦးရှိတယ်လို့ ကြေညာလိုက်ချိန်မှာ ပြည်သူ့ကျန်းမာရေး အရာရှိတွေကတော့ တကယ့်လက်တွေ့မှာက ဒီထက် အနည်းဆုံး ၅ ဆတောင် ပိုများနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အမေရိကန် ကူးစက်ရောဂါဆိုင်ရာ အဆင့်မြင့်ဆုံး ကျွမ်းကျင်သူ Anthony Fauci ကလည်း အိန္ဒိယ Express သတင်းစာနဲ့ အင်တာဗျူးပြောရာမှာ ဒီဗိုင်းရပ်စ်က သူ့သဘောသဘာဝအတိုင်း လွှတ်ပေးထားမိရင် လူ့ဘောင်အသိုင်းအဝိုင်းထဲ ပေါက်ကွဲထွက်လာနိုင်တာကို အခုပြလိုက်တာပါပဲလို့ အလေးအနက် ထောက်ပြလိုက်ပါတယ်။

ဒီဗိုင်းရပ်စ်ရဲ့ ဖျက်ဆီးနိုင်စွမ်းကို အလေးမထားမိလိုက်ရင် ကိုယ်ဒုက္ခ ကိုယ်ရှာသလို ဖြစ်သွားလိမ့်မယ်လို့လည်း ဒေါက်တာ Fauci က အထူး သတိပေးလိုက်ပါတယ်။

အိန္ဒိယမှာ Lockdown ခရီးအသွားအလာ ပိတ်ဆို့မှုတွေ အတိအကျ ချမှတ်ဖို့လိုတယ်၊ ဒါမှသာ ပျံ့နှံ့နိုင်မှုကို လျှော့ချဖို့ ခြုံငုံမိနိုင်မှာပါလို့လည်း ဒေါက်တာ Fauci က အကြံပြုပါတယ်။

ဘယ်သူမှတော့ Lockdown မချချင်ဘူး၊ ဒါပေမယ့် သီတင်းပတ်အနည်းငယ် ချလိုက်ရင်တောင်မှ ဒီရောဂါ အများကြီး ပြန့်သွားနိုင်တဲ့အပေါ် အများကြီးကို ထိန်းချုပ်လိုက်နိုင်မှာပါလို့ ဒေါက်တာ Fauci က ရှင်းပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရပ်ပြည်နယ်က ဆေးရုံတရုံရဲ့ COVID-19 ဆောင်မှာ ဒီနေ့မနက်ပဲ မီးလောင်ခဲ့ပြီး လူနာ ၁၈ ဦး သေဆုံးခဲ့ရပါတယ်။ အောက်ထပ်က လူနာ ၃၀ ကို ကယ်ထုတ်ခဲ့နိုင်ကာ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲလို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)









XS
SM
MD
LG