သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး မူပိုင်ခွင့် လျှော့ပေးဖို့ ကန် မပြတ်မသားရှိဆဲ


Johnson & Johnson ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး။ (မတ် ၆၊ ၂၀၂၁)
Johnson & Johnson ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး။ (မတ် ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အိန္ဒိယ အပါအဝင် တခြား ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ပြန်တက်လာပြီး ကာကွယ်ဆေး လုံးပန်းနေရချိန်မှာ အမေရိကန်အနေနဲ့တော့ ကိုဗစ်ကာကွယ်ဆေး မူပိုင်ခွင့်ကို လျှော့ပေးဖို့ မပြတ်မသား ဖြစ်နေဆဲပါ။

အောက်တိုဘာ ၂၀၂၀ ကတည်းက အိန္ဒိယနဲ့ တောင်အာဖရိကတို့ အဆိုပြုခဲ့တဲ့ TRIPS လို့ အတိုကောက်ခေါ်တဲ့ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူချက်ကို လျှော့ပေးဖို့ အမေရိကန်ဘက်က ပြတ်ပြတ်သားသား မပြောသေးပါဘူး။

ဒီ TRIPS သဘောတူချက်ထဲက ဒီ မူပိုင်ခွင့်ဆိုင်ရာ အစိတ်အပိုင်းတချို့ကို လျှော့ပေါ့ပေးလိုက်မယ်ဆိုရင် တခြားနိုင်ငံတွေအနေနဲ့ အများ အလွယ်တကူသုံးနိုင်မယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အမျိုးအစားထုတ်ဖို့ နည်းပညာနဲ့ ကိရိယာအရင်းအမြစ်တွေ မျှဝေခံစားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် ဆေးကုမ္ပဏီကြီးတွေနဲ့ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီဘက်က တီထွင်မှုစွမ်းအားဖြစ်တဲ့ ဒီမူပိုင်ခွင့်ကို လျှော့မပေးဖို့ အရေးကြီးတယ်လို့ ပြောနေချိန်မှာ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး အရာရှိကတော့ ကာကွယ်ဆေးတိုးထုတ်ဖို့နဲ့ အညီအမျှ ဖြန့်ပေးဖ့ိုအတွက် လက်တွေ့ကျပြီး ထိရောက်မယ့် နည်းတွေကို ကမ္ဘာ့မိတ်ဘက်နိုင်ငံတွေနဲ့ ညှိနှိုင်းနေပါတယ်လို့ ဗွီအိုအေကို ရှင်းပြခဲ့ပါတယ်။

အမေရိကန်အစိုးရပါတီ ဒီမိုကရက်ပါတီ အမတ်တချို့ဘက်ကလည်း ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်မှုမှာ ပိုထိရောက်လာရေးအတွက် ဒီ မူပိုင်ခွင့်လျှော့ပေးဖို့ တောင်းဆိုလာချိန်မှာ သမ္မတ Joe Biden အစိုးရကိုယ်တိုင်လည်း လျှော့ပေးသင့်မသင့် ချင့်ချိန်သုံးသပ်နေပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki ကလည်း အဓိကကတော့ ကမ္ဘာ့အသိုင်းအဝိုင်း တခုလုံးကို နစ်နာမှုနည်းပြီး ပိုထိရောက်စေမယ့်နည်းနဲ့ ကာကွယ်ဆေးဖြန့်ဖို့ပါ၊ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး အနေနဲ့ ဒီအပေါ် နောက်ဆုံး ဆုံးဖြတ်ချက် အပြတ်မချရသေးပါဘူးလို့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG