သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ သန်း ၁၀၀ ပြည့် 


(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေး အပြည့်အ၀ ထိုးပြီးတဲ့သူ သန်း ၁၀၀ ပြည့်ပြီဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့ တလလောက်ကထက် ၂ ဆနီးပါး တိုးလာတာလို့လည်း အိမ်ဖြူတော်ရဲ့ ကိုဗစ်ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Jeff Zients က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“ဒီကနေ့ အမေရိကန်မှာ ကာကွယ်ဆေး ထိုးပြီးသူ သန်း ၁၀၀ ရှိသွားပါပြီ။ မတ်လကုန်အထိ ၅၅ သန်းနီးပါး ရှိနေရာကနေ ၂ ဆ တိုးလာတာပါ။” လို့ အိမ်ဖြူတော်အရာရှိက ပြောဆိုသွားတာပါ။ ခက်ခဲကြမ်းတမ်းတဲ့နှစ်ကို ဖြတ်သန်းခဲ့ရတဲ့ အမေရိကန် သန်း ၁၀၀ အတွက် ကပ်ရောဂါကနေ ကာကွယ်ပေးနိုင်တော့မှာ ဖြစ်တာကြောင့် စိတ်အေးချမ်းသာ နေနိုင်ကြမယ့် သတင်းကောင်း ဖြစ်ကြောင်းလည်း ပြောဆိုသွားပါတယ်။

အမေရိကန်မှာ အသက် ၁၆ နှစ်အထက် အရွယ်ရောက်သူတိုင်း ကာကွယ်ဆေးထိုးခွင့်ရှိပြီး၊ မေလကုန် နောက်ဆုံးထားပြီး ဆေးထိုးခွင့်ရှိသူ အားလုံးအတွက် ကာကွယ်ဆေးတွေ အလုံအလောက် ရရှိမှာဖြစ်ကြောင်းလည်း သမ္မတ Joe Biden က ကတိပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ် စာရင်းအရ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ ၃၂ သန်း ကျော်ရှိတဲ့ အမေရိကန်က ကမ္ဘာမှာအများဆုံးဖြစ်ပြီး တကျော့ပြန် ကူးစက်မှုတွေ ကြုံနေရတဲ့ အိန္ဒိယနိုင်ငံကတော့ ၁၈ သန်းကျော် ရှိနေပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ ဇွန်လ ၁၅ ရက်နေ့ကစပြီး အရွယ်ရောက်သူအားလုံး ကာကွယ်ဆေးထိုးခွင့် ရရှိမှာဖြစ်ကြောင်း သမ္မတ Emmanuel Macron က သောကြာနေ့မှာပဲ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)





XS
SM
MD
LG