သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာရွႏြယ္ဖြြားေတြ အေပၚ တိုက္ခိုက္မႈ အေမရိကန္မွာ ဆက္ရွိေနဆဲ 


အာရွႏြယ္ဖြြားေတြ အေပၚ မုန္းတီးေရး ဆန္႔က်င္ ဆႏၵျပသူမ်ား

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ၿပီးခဲ့တဲ့ႏွစ္ ကို႐ိုနာဗိုင္းရပ္စ္နဲ ့အတူေပၚေပါက္လာတဲ့ အာရွ မုန္းတီးေရးဟာ အခု ၂၀၂၁ ခုႏွစ္အထိ ဆက္လက္ေပၚေပါက္ေနတယ္လို ့ ရဲဌာန အခ်က္အလက္ေတြက ျပသေနပါတယ္။

မႏွစ္ကနဲ ့စာရင္ ဒီႏွစ္ ပထမ ၄ လအတြင္း အေမရိကန္ၿမိဳ ့ႀကီး ၁၅ ၿမိဳ ့မွာ အာရွႏြယ္ဖြားေတြကို ရည္ရြယ္တဲ့ အၾကမ္းဖက္မႈ ၁၆၉ ရာခိုင္ႏႈန္းအထိ တိုးၿပီးျဖစ္ပြားခဲ့တယ္လို ့သတင္းအခ်က္အလက္ေတြမွာ ေဖာ္ျပပါတယ္။

အၾကမ္းဖက္မႈဟာ ႏွစ္စဥ္ပံုမွန္ ၁၅၀ ရာခိုင္ႏႈန္းနဲ ့တက္ေနတာျဖစ္ၿပီး သမၼတ ဂ်ိဴးဘိုင္ဒန္ရဲ႕ အစိုးရအဖြဲ ့ကလည္း ဦးစားေပးအေနနဲ ့ အာရွႏြယ္ဖြားေတြအေပၚ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးလုပ္ေဆာင္ေနတာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ အေမရိကန္ေအာက္လႊတ္ေတာ္ကလည္း ဒီျပႆနာကို ေျဖရွင္းဖို ့ တရားေရးဌာနမွာ ရာထူးေနရာသစ္ဖန္တီးေပးဖို ့ ဥပေဒကို ခြင့္ျပဳထားၿပီျဖစ္ပါတယ္။

နယူးေယာက္နဲ ့ေလာ့အင္ဂ်ယ္လိစ္ၿမိဳ႕ ႀကီးေတြအပါအ၀င္ တျခားၿမိဳ ့ ႀကီး ၁၃ ၿမိဳ ့ေတြမွာ ဒီႏွစ္ ပထမ ၄ လပတ္အတြင္း အာရွအေမရိကန္ေတြအေပၚ တိုက္ခိုက္မႈစုစုေပါင္း ၈၆ မႈရွိခဲ့ၿပီး ၂၀၂၀ ပထမ ၄ လပတ္မွာေတာ့ ၃၂ မႈသာ ရွိခဲ့တာပါ။

ဖယ္ဒရယ္စံုစမ္းေရး ဗ်ဴ႐ို FBI ရဲ႕ အခ်က္အလက္ေတြအရ အဆိုပါၿမိဳ ့ႀကီး ၁၅ ၿမိဳ ့မွာ လူမ်ိဳးေရး မုန္းတီးမႈရာဇ၀တ္မႈေတြဟာ ၂၀၁၉ ခုႏွစ္ထက္ ၂၀ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာတာျဖစ္ပါတယ္။

နယူးေယာက္ၿမိဳ ့ေတာ္ဟာ အာရွအေမရိကန္ေတြအေပၚ တိုက္ခိုက္မႈ အမ်ားဆံုးျဖစ္ၿပီး ဒီႏွစ္ ပထမေလးလပတ္အတြင္း မႈခင္း ၄၂ ခုျဖစ္ပြားခဲ့တာမွာ တႏိုင္ငံလံုးအတိုင္းအတာနဲ ့ထက္၀က္ေက်ာ္ဟာ နယူးေယာက္ၿမိဳ ့မွာ ျဖစ္ပြားခဲ့ပါတယ္။

ရာသီဥတု ပူေႏြးလာတာနဲ ့အညီ COVID-19 စည္းမ်ဥ္းေတြလည္း ေလွ်ာ့ခ်လာတာမို ့ လူေတြ အုပ္စုလိုက္ အရင္လို သြားလာလႈပ္ရွားလာတာမို႔ အာရွေတြကိုတိုက္ခိုက္မႈေတြ ျမင့္မားလာဖြယ္ရာ ရွိေနတယ္လို ့ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အာရှနွယ်ဖွားတွေ အပေါ် တိုက်ခိုက်မှု အမေရိကန်မှာ ဆက်ရှိနေဆဲ

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူပေါ်ပေါက်လာတဲ့ အာရှ မုန်းတီးရေးဟာ အခု ၂၀၂၁ ခုနှစ်အထိ ဆက်လက်ပေါ်ပေါက်နေတယ်လို့ ရဲဌာန အချက်အလက်တွေက ပြသနေပါတယ်။

မနှစ်ကနဲ့စာရင် ဒီနှစ် ပထမ ၄ လအတွင်း အမေရိကန်မြို့ကြီး ၁၅ မြို့မှာ အာရှနွယ်ဖွားတွေကို ရည်ရွယ်တဲ့ အကြမ်းဖက်မှု ၁၆၉ ရာခိုင်နှုန်းအထိ တိုးပြီးဖြစ်ပွားခဲ့တယ်လို့သတင်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။

အကြမ်းဖက်မှုဟာ နှစ်စဉ်ပုံမှန် ၁၅၀ ရာခိုင်နှုန်းနဲ့တက်နေတာဖြစ်ပြီး သမ္မတ ဂျိူးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကလည်း ဦးစားပေးအနေနဲ့ အာရှနွယ်ဖွားတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ဆောင်နေတာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ အမေရိကန်အောက်လွှတ်တော်ကလည်း ဒီပြဿနာကို ဖြေရှင်းဖို ့ တရားရေးဌာနမှာ ရာထူးနေရာသစ်ဖန်တီးပေးဖို့ ဥပဒေကို ခွင့်ပြုထားပြီဖြစ်ပါတယ်။

နယူးယောက်နဲ့လော့အင်ဂျယ်လိစ်မြို့ ကြီးတွေအပါအဝင် တခြားမြို့ ကြီး ၁၃ မြို့တွေမှာ ဒီနှစ် ပထမ ၄ လပတ်အတွင်း အာရှအမေရိကန်တွေအပေါ် တိုက်ခိုက်မှုစုစုပေါင်း ၈၆ မှုရှိခဲ့ပြီး ၂၀၂၀ ပထမ ၄ လပတ်မှာတော့ ၃၂ မှုသာ ရှိခဲ့တာပါ။

ဖယ်ဒရယ်စုံစမ်းရေး ဗျူရို FBI ရဲ့ အချက်အလက်တွေအရ အဆိုပါမြို့ကြီး ၁၅ မြို့မှာ လူမျိုးရေး မုန်းတီးမှုရာဇဝတ်မှုတွေဟာ ၂၀၁၉ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတာဖြစ်ပါတယ်။

နယူးယောက်မြို့တော်ဟာ အာရှအမေရိကန်တွေအပေါ် တိုက်ခိုက်မှု အများဆုံးဖြစ်ပြီး ဒီနှစ် ပထမလေးလပတ်အတွင်း မှုခင်း ၄၂ ခုဖြစ်ပွားခဲ့တာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ထက်ဝက်ကျော်ဟာ နယူးယောက်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ရာသီဥတု ပူနွေးလာတာနဲ့အညီ COVID-19 စည်းမျဉ်းတွေလည်း လျှော့ချလာတာမို့ လူတွေ အုပ်စုလိုက် အရင်လို သွားလာလှုပ်ရှားလာတာမို့ အာရှတွေကိုတိုက်ခိုက်မှုတွေ မြင့်မားလာဖွယ်ရာ ရှိနေတယ်လို့ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG