သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် အမေရိကန်မှာ အာရှနွယ်ဖွား မုန်းတီးမှု ကျယ်ပြန့်


နယူးယောက်မြို့ရှိ တရုတ်တန်းမှာ သွားလာနေကြသူများ။ (မေ ၁၆၊ ၂၀၂၀)
နယူးယောက်မြို့ရှိ တရုတ်တန်းမှာ သွားလာနေကြသူများ။ (မေ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် စတင်ကူးစက်ပြီးနောက် မတ်လလယ်ကတည်းက စလို့ အာရှနွယ်ဖွား မုန်းတီးရေး လုပ်ဆောင်မှုတွေ ၂,၁၀၀ ကျော် စာရင်းယူနိုင်ခဲ့တယ်လို့ ဒီဖြစ်ရပ်တွေကို စောင့်ကြည့်တဲ့ STOP AAPI Hate ဆိုတဲ့အဖွဲ့က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး မုန်းတီးစိတ်အခြေခံ ပြောဆိုတာတွေ အပါအဝင် လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေ နှုတ်နဲ့ ပြောဆိုနှောင့်ယှက်မှုတွေက အများစုဖြစ်ပြီး ဒီထဲမှာတော့ အာရှတိုက်သားတွေကို အဆောက်အဦထဲ ပေးမဝင်တာ၊ တံတွေးနဲ့ထွေးတာလို ကိုယ်ထိလက်ရောက် ကျူးလွန်မှု ၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

အဆိုးရွားဆုံး ဖြစ်ရပ်တခုကတော့ တက္ကဆက်စ်ပြည်နယ်မှာ လူငယ်တဦးက အာရှနွယ်ဖွားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဖြန့်ဖြူးနေပါတယ်ဆိုပြီး စူပါမားကက်တခုမှာ အာရှအမျိုးသားတဦးနဲ့ သူ့ကလေးငယ် ၂ ဦးကို ဓားနဲ့ လိုက်ထိုးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလို အာရှတိုက်သားတွေကို ပစ်မှတ်ထားတဲ့ဖြစ်ရပ်ဟာ ၂၀၀၃ ခုနှစ် အသက်ရှူလမ်းကြောင်းဆိုင်ရာ SARS ရောဂါ ကူးစက်မှုတုန်းကလည်း ဖြစ်ခဲ့သေးတာပါ။

အခုတခေါက်မှာတော့ သမ္မတ Donald Trump နဲ့ တခြားနိုင်ငံရေးသမားတချို့က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အစပိုင်းမှာ တရုတ်က ဖုံးထားတယ်၊ ဒါ့ကြောင့် အခြေအနေတွေ ပိုဆိုးကုန်တာဖြစ်တယ်လို့ ပြောခဲ့ပြီး တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှု ဖြစ်နေတဲ့ အနေအထားမှာ အခုလို အာရှမုန်းတီးရေး လုပ်ရပ်တွေလည်း တွေ့နေရတာပါ။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)







XS
SM
MD
LG