သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးခွဲခြားမှု Donald Trump ရှုတ်ချ


အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လူမျိုးရေးခွဲခြားမှုကို ပြစ်တင် ရှုတ်ချပြီးတော့ အားလုံးညီညွတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့အားလုံး နိုင်ငံတခုအဖြစ် စုစည်း ညီညွတ်ကြရပါမယ်၊ လူမျိုးရေးခွဲခြားမှုပုံစံ အားလုံးနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျနော် ပြစ်တင်ရှုတ်ချပါတယ်၊ အမေရိကန် နိုင်ငံသား အားလုံး ငြိမ်းချမ်းပါစေ” လို့ နယူးဂျာစီပြည်နယ်က သူပိုင်ဂေါက်ကွင်းမှာ အပန်းဖြေနေတဲ့ သမ္မတထရမ့်ပ်က Twitter မှာရေးပါတယ်။

လူဖြူ လူမျိုးရေးအစွန်းရောက်ဝါဒီတွေ (ဒီကနေ့) တနင်္ဂနွေနေ့ ဝါရှင်တန် ဒီစီနဲ့ ဗာဂျီး နီးယား ပြည်နယ်တို့မှာ စုဝေးဆန္ဒပြကြဖို့ ရှိနေချိန်မှာပဲ သမ္မတထရမ့်ပ်က အဲဒီလို တိုက် တွန်းလိုက်တာပါ။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ဗာဂျီးနီးယားပြည်နယ်၊ Charlottesville မြို့မှာ လူဖြူ လူမျိုးရေးဝါဒီ ဆန္ဒပြသူတွေနဲ့ တန်ပြန်ဆန္ဒပြသူတွေ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူအများအပြား ရှိခဲ့သလို ကားတစီးက လူအုပ်ထဲကို ဝင်တိုက်တာကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ ရပါတယ်။ အဲဒီဆန္ဒပြပွဲ တနှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်ထားကြ တာပါ။

ဝါရှင်တန် ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်ရှေ့က ကားလမ်းနဲ့ တဘက်ခြမ်းမှာရှိတဲ့ Lafayette ပန်းခြံမှာလုပ်မယ့် ဆန္ဒပြပွဲ အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အရေးပေါ် လုပ်ဆောင်ဖွယ်ရာတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အမိန့်တရပ်ကို လက်မှတ်ထိုး ထုတ်ပြန် ထားတယ်လို့ ဝါရှင်တန်မြို့တော်ဝန် Muriel Bowser က ကြာသပတေးနေ့မှ ပြောပါတယ်။

အဲဒီပန်းခြံတွင်းနဲ့ အနီးနားကနေရာတွေမှာပါ တန်ပြန်ဆန္ဒပြပွဲတွေလုပ်ဖို့ ခွင့်တောင်း ထား တာကိုလည်း ခွင့်ပြုထားပါတယ်။

ဝါရှင်တန်မြို့တော်အပြင်ဘက် ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းက Charlottesville မြို့နဲ့ ပြည်နယ်တွင်း နေရာတချို့မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး Ralph Northam နဲ့ Charlottesville မြို့ တာဝန်ရှိသူတွေက အရေးပေါ်အခြေအနေ ကြေညာထားပါ တယ်။

ရုန်းရင်းဆန်ခတ် အခြေအနေတွေဖြစ်လာရင် ထိန်းသိမ်းဖို့ ဗာဂျီးနီးယား ပြည်တွင်း ကာ ကွယ် ရေး အရန်တပ်ဖွဲ့ကို အသုံးပြုနိုင်ဖို့အပါအဝင် တခြား လုပ်ဆောင်ဖွယ် နည်းလမ်း တွေကို အလျင်အမြန် စုစည်းနိုင်ဖို့ “အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်း” တခုအဖြစ် အရေးပေါ် အခြေအနေ ကြေညာရတာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Northam ကပြောပါတယ်။

လူမျိုးရေးခွဲခြားမှု Donald Trump ရှုတ်ချ
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG