သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားမှာ အာရှနွယ်ဖွားဦးရေ ၁၅ နှစ်အတွင်း ၇၂%တိုး


အာရှနွယ်ဖွားအမေရိကန်များ။
အာရှနွယ်ဖွားအမေရိကန်များ။

နောက် ၃၈နှစ်ကြာရင် အမေရိကန်နိုင်ငံမှာ အာရှနွယ်ဖွားတွေဟာ အများဆုံးနိုင်ငံခြားနွယ်ဖွားဖြစ်တော့မယ်လို့ စစ်တမ်းသစ်တခုမှာဖော်ပြလိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ လူဦးရေ အများဆုံးတိုးပွားမှုဖြစ်နေတဲ့ အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကို စစ်တမ်းတခုကောက်ယူလိုက်တာမှာ အခုလို ထူးထူးခြားခြား တွေ့ရှိလိုက်တာပါ။

စစ်တမ်းကောက်ယူခဲ့တဲ့ သုတေသနအဖွဲ့က ဒီအာရှနွယ်ဖွားအမေရိကန်နိုင်ငံသားတွေရဲ့ လူဦးရေတိုးမှုဟာ သက္ကရာဇ်၂၀၀၀ နဲ့ ၂၀၁၅ခုနှစ် ကြားမှာ သန်း၂၀ကျော်အထိရှိခဲ့တယ်။ ဒါက ၇၂% တိုးပွားလာတာတို့ဆိုပါတယ်။ အမေရိကန်မှာ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ လက်တင်အမေရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေရဲ့ လူဦးရေတိုးမှုနှုန်းကတော့ ဒီတူညီတဲ့ကာလထဲမှာ ၆၀% ပဲရှိတယ်လို့ ဒီစစ်တမ်းကဆိုပါတယ်။

ဒီထဲကမှ တခြားလူဦးရေ တိုးများတဲ့ လူမျိုးနွယ်အုပ်စုတွေကတော့ ဘူတန်၊ နီပေါလ်နဲ့ မြန်မာတွေဖြစ်ကြပြီး လူဦးရေအနည်းဆုံးကတော့ လာအိုနဲ့ ဂျပန်နွယ်ဖွားတွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG