သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေဆးထိုးဖို႔ ဝန္ေလးေနသူေတြေၾကာင့္ ကပ္ေရာဂါပေပ်ာက္ေရးအခက္အခဲရွိ


88 year old Trevor Cowlett receives the Oxford University/AstraZeneca COVID-19 vaccine from nurse Sam Foster at the Churchill Hospital in Oxford, southwest England on January 4, 2021. - Britain today began the mass rollout of the Oxford-AstraZeneca corona

{{Zawgyi/Unicode}}

ကမၻာတဝွမ္း ကိုဗစ္ကာကြယ္ေဆးထုိးဖို႔႔ဝန္ေလးေနတဲ့လူေတြေၾကာင့္ Covid-19 ကပ္ေရာဂါလံုး၀ကြယ္ေပ်ာက္ဖို႔ တိုက္ဖ်က္ေရးမွာ အႏၱရာယ္ရွိေနတယ္လို႔ ေနာက္ဆုံးေကာက္ယူထားတဲ့လူထု သေဘာထားစစ္တမ္းတခုမွာေတြ႔ရပါတယ္။

ကမၻာ့ႏုိင္ငံေပါင္း ၁၁၇ ႏုိင္ငံကို Gullap သုေတသန ကစစ္တမ္းေကာက္ယူခဲ့တာမွာ ၇၉ ႏုိင္ငံမွာ ကာကြယ္ေဆးထိုးခ်င္ပါတယ္လို႔ေျဖဆိုတဲ့သူ ၇၀% ေအာက္မွာပဲရွိပါတယ္။ ပိုးကူစက္ျပန္႔ႏွံ႔မႈ ရပ္တန္႔သြားေအာင္ ျပည္သူ ၇၀ % ကာကြယ္ေဆးထိုးဖို႔လိုတယ္လို႔သိပၸံပညာရွင္ေတြက ေျပာပါတယ္။

ကာကြယ္ေဆးေတြေရာက္မလာခင္ မႏွစ္ေနွာင္းပိုင္းေလာက္က နုိုင္ငံေပါင္း ၁၁၇ နုိင္ငံက လူ တေထာင္စီကို ေမးျမန္းခဲ့တာျဖစ္ပါတယ္။ ႏို္င္ငံ ၂၀ ေလာက္မွာေတာ့ အမ်ားစုက ကာကြယ္ေဆးမထိုးဘူးလို႔ေျဖဆိုၾကပါတယ္။

စစ္တမ္းရလဒ္ေတြကိုၿခဳံငုံသုံးသပ္လိုက္တဲ့အခါ ကမၻာ့လူဦးေရ ၇.၆ ဘီလီယံထဲမွာ ၁ ဘီလီယံေက်ာ္ကေဆးထိုးမွာမဟုတ္တာကိုေတြ႔ရပါတယ္။

က်န္းမာေရးတာ၀န္ရွိသူေတြကေတာ့ေရာဂါပိုးဒဏ္ခံႏုိင္စြမ္းရွိမယ့္ herd Immunity ရွိဖို႔ လူအေတာ္မ်ားမ်ားေဆးထိုးဖို႔ႀကိဳးပမ္းေနတာပါ။ ဒီလုိအခ်ိန္္မ်ိဳးမွာပဲ က်န္းမာေရးဝန္ထမ္းေတြ အသတ္ခံရတာ၊ မုဒိန္းက်င့္ခံရတာေတြတင္မက ကိုယ္ထိလက္ေရာက္တုိက္ခိုက္ခံရတာေတြရွိေနတယ္လို႔ အျပည္ျပည္ဆုိင္ရာၾကက္ေျခနီအဖြဲ႔ ICRC ကတနလၤာေန႔မွာေၾကျငာခ်က္ထုတ္ျပန္ပါတယ္။

ပဋိပကၡေဒသေတြမွာက်န္းမာေရး၀န္ထမ္းေတြကို အကာအကြယ္ေပးဖို႔၊ အဲဒီလိုတုိက္ခိုက္တာမ်ိဳးကို ျပစ္ဒဏ္ကကင္းလြတ္ခြင့္ေပးထားတာေတြ အဆုံးသတ္ဖို႔ ကုလသမဂၢရဲ ႔ ပထမဆုံး ျပဌာန္းခ်က္ထြြက္လာတာ ၅ ႏွစ္ထဲေရာက္လာပါၿပီ။

အဲဒီေနာက္ပိုင္း က်န္းမာေရးဝန္ထမ္းေတြ တုိက္ခုိက္ခံရတဲ့အႀကိမ္ေထာင္နဲ႔ခ်ီရွိတယ္လို႔လည္း ေၾကျငာခ်က္မွာေျပာထားပါတယ္။ က်န္းမာေရးဌာနေတြ၊ က်န္းမာေရး၀န္ေဆာင္မႈေတြနဲ႔ လူနာတင္ယာဥ္ေတြပါ တုိက္ခိုက္ လုယက္တာနဲ႔ ႀကဳံေနရၿပီး ကာကြယ္ေဆးထိုးလုပ္ငန္းေတြပါ တုိက္ခိုက္ခံေနရတယ္လို႔ ICRC ကေျပာပါတယ္။

၂၀၁၆ ေန ၂၀၂၀ ခုႏွစ္ၾကားႏုိင္ငံ ၃၃ ႏုိင္ငံမွာ က်န္းမာေရးဝန္ထမ္းေတြတုိက္ခိုက္ခံရတာ တႏွစ္ကို အႀကိမ္ေရ ၃ ေထာင့္၇ ရာေက်ာ္ရွိတယ္လို႔ ICRC ကေျပာပါတယ္။

ပဋိပကၡေဒသေတြမွာ စာရင္းေကာက္ယူဖို႔အခက္အခဲရွိတာေၾကာင့္ တုိက္ခိုက္ခံရတဲ့အႀကိမ္ေရ ဒီထက္မ်ားႏုိ္င္တယ္လို႔လည္း ေျပာပါတယ္။

....................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကမ္ဘာတဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးဖို့ဝန်လေးနေတဲ့လူတွေကြောင့် Covid-19 ကပ်ရောဂါလုံးဝကွယ်ပျောက်ဖို့ တိုက်ဖျက်ရေးမှာ အန္တရာယ်ရှိနေတယ်လို့ နောက်ဆုံးကောက်ယူထားတဲ့လူထု သဘောထားစစ်တမ်းတခုမှာတွေ့ရပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၁၇ နိုင်ငံကို Gullap သုတေသန ကစစ်တမ်းကောက်ယူခဲ့တာမှာ ၇၉ နိုင်ငံမှာ ကာကွယ်ဆေးထိုးချင်ပါတယ်လို့ဖြေဆိုတဲ့သူ ၇၀% အောက်မှာပဲရှိပါတယ်။ ပိုးကူစက်ပြန့်နှံ့မှု ရပ်တန့်သွားအောင် ပြည်သူ ၇၀ % ကာကွယ်ဆေးထိုးဖို့လိုတယ်လို့သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ကာကွယ်ဆေးတွေရောက်မလာခင် မနှစ်နှောင်းပိုင်းလောက်က နိုင်ငံပေါင်း ၁၁၇ နိုင်ငံက လူ တထောင်စီကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ နိုင်ငံ ၂၀ လောက်မှာတော့ အများစုက ကာကွယ်ဆေးမထိုးဘူးလို့ဖြေဆိုကြပါတယ်။

စစ်တမ်းရလဒ်တွေကိုခြုံငုံသုံးသပ်လိုက်တဲ့အခါ ကမ္ဘာ့လူဦးရေ ၇.၆ ဘီလီယံထဲမှာ ၁ ဘီလီယံကျော်ကဆေးထိုးမှာမဟုတ်တာကိုတွေ့ရပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေကတော့ရောဂါပိုးဒဏ်ခံနိုင်စွမ်းရှိမယ့် herd Immunity ရှိဖို့ လူအတော်များများဆေးထိုးဖို့ကြိုးပမ်းနေတာပါ။ ဒီလိုအချိန်မျိုးမှာပဲ ကျန်းမာရေးဝန်ထမ်းတွေ အသတ်ခံရတာ၊ မုဒိန်းကျင့်ခံရတာတွေတင်မက ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရတာတွေရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC ကတနင်္လာနေ့မှာကြေငြာချက်ထုတ်ပြန်ပါတယ်။

ပဋိပက္ခဒေသတွေမှာကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့၊ အဲဒီလိုတိုက်ခိုက်တာမျိုးကို ပြစ်ဒဏ်ကကင်းလွတ်ခွင့်ပေးထားတာတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂရဲ့ ပထမဆုံး ပြဌာန်းချက်ထွက်လာတာ ၅ နှစ်ထဲရောက်လာပါပြီ။

အဲဒီနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းတွေ တိုက်ခိုက်ခံရတဲ့အကြိမ်ထောင်နဲ့ချီရှိတယ်လို့လည်း ကြေငြာချက်မှာပြောထားပါတယ်။ ကျန်းမာရေးဌာနတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ လူနာတင်ယာဉ်တွေပါ တိုက်ခိုက် လုယက်တာနဲ့ ကြုံနေရပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေပါ တိုက်ခိုက်ခံနေရတယ်လို့ ICRC ကပြောပါတယ်။

၂၀၁၆ နေ ၂၀၂၀ ခုနှစ်ကြားနိုင်ငံ ၃၃ နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေတိုက်ခိုက်ခံရတာ တနှစ်ကို အကြိမ်ရေ ၃ ထောင့်၇ ရာကျော်ရှိတယ်လို့ ICRC ကပြောပါတယ်။

ပဋိပက္ခဒေသတွေမှာ စာရင်းကောက်ယူဖို့အခက်အခဲရှိတာကြောင့် တိုက်ခိုက်ခံရတဲ့အကြိမ်ရေ ဒီထက်များနိုင်တယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG