သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္ခံရလို႔ ထိုင္းမွာ ပိတ္ေလွာင္ခံေနရတဲ႔ ျမန္မာတဦး မိမိကိုယ္ကို အဆံုးစီရင္


ကိုဗစ္ကူးစက္ခံရလို႔ ထိုင္းမွာ ပိတ္ေလွာင္ခံေနရတဲ႔ ျမန္မာတဦး မိမိကိုယ္ကို အဆံုးစီရင္

ထိုင္းႏုိင္ငံစမုတ္ပရာကမ္ခရိုင္အတြင္းက ထိုင္းနဲ့ ျမန္မာ၅၀၀ေလာက္အလုပ္လုပ္ေနတဲ့ သံမဏိစက္ရံုကအလုပ္သမားတန္းလ်ားမွာ ကိုဗစ္ကူစက္မူေတြေႀကာင့္ ေစာင့္ၾကည့္ခံေနရတဲ့ ျမန္မာအလုပ္သမားတဦး တိုက္အျမင့္ ၄ လႊာကေန ခုန္ခ်ၿပီး ကိုယ့္ကိုကိုယ္ အဆုံးစီရင္ခဲ့ပါတယ္။ ဗီြေအအို ျမန္မာပိုင္း ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံစမုတ္ပရာကန္ခရိုင္ ထဲက ျမန္မာနဲ ့ထိုင္း နိုင္ငံသား အလုပ္သမား ၅၀၀ ေလာက္ရွိ တဲ့သံမဏိ ပစၥည္းကေတြထုတ္တဲ့စက္ရံုအတြင္းမွာ ျပီးခဲ့တဲ့အပတ္ကစလို့ ကိုဗစ္-၁၉ ေရာဂါပိုး ကူးဆက္ေနသူ ၃၀ နီးပါး ေတြ ့ခဲ့ရာကေန အလုပ္သမား၂၀၀ေလာက္ကို မိမိ ေနထိုင္ေနတဲ့ တိုက္ခန္းတြင္းကေန အျပင္ထြက္ခြင့္ပိတ္ပင္ထားတာပါ ဒီထဲကျမန္မာအလုပ္သမားတဦး တိုက္ေပၚကခုန္ခ်ျပီးမိမိကိုယ္ကိုအဆံုးစီရင္သြားခဲ့ေႀကာင္း ပညာေရးနဲ့ဖံြ့ျဖိဳးေရးေဖာင္ေဒးရွင္းကအလုပ္သမားေရးလွဳပ္ရွားသူဦးမင္းဦးကအခုလိုေျပာပါတယ္။

”က်န္ခဲ့တဲ့တပတ္ေလာက္ကတည္းကကိုဗစ္ေတြ့တယ္ေပါ့ေနာ္အဲဒီမွာအလုပ္လုပ္ေနတဲ့ အလုပ္သမား၅၀၀ ၀န္းက်င္ေလာက္ရိွတယ္ ျမန္မာေကာထုိင္းေကာ ေပါ့ ပထမအုပ္စုထဲမွာအဲဒီထဲမွာ ၅ေယာက္ေတြ့တယ္ သူတို့နဲ့ထိစပ္သူဘယ္ႏွစ္ေယာက္ရွိလဲစစ္လိုက္တ့ဲအခါက်ေတာ့အေယာက္ ၂၀၀ေလာက္ကို ေစာင္ႀကည့္သေဘာမ်ိဳးေပးမထြက္ဘူးထားတယ္ ထားထားတဲ့အခိ်န္မွာ အဲဒီအုပ္စုထဲမွာပါတာေပါ့ ဆံုးတဲ့တေယာက္က ၄လြာကေန ခုန္ခ်ျပီးသူ့ကိုယ္သူ အဆံုးစီရင္တယ္လို့ယူဆရတာေပါ့ အဲဒီေနရာမွာ၀န္ထမ္းေတြရွိတဲ့apartment ကုိ lockdown လုပ္ထားတာေပါ့ ေပးမထြက္တာေပါ့ ခန့္မွန္းတာကေတာ့စိတ္က်ဥ္းႀကပ္ျပီးအဆံုးစီရင္တယ္လို့ေတာ့သံုးသပ္တာပဲ။”

ေမ၁ရက္ ညေန ပိုင္းက ထိုင္းနိုင္ငံ စမုတ္ပရာကမ္ ေလးထပ္အျမင့္ တိုက္ခန္းကေန ခုန္ခ်သတ္ေသသြားခဲ့သူဟာ အသက္ ၄၃ ႏွသ္အရြယ္ရွိ ျမန္မာနိုင္ငံသား အမ်ိဳးသားတစ္ဦး ျဖစ္ေၾကာင္း စမုပရကမ္ ရဲမွဴး Pol Capt Suwit Phudonnang စူ၀စ္ ပုဒံုနမ္ က အတည္ျပဳခဲ့ပါတယ္။

ထိုင္းႏိုင္ငံမွာ ျပီးခဲ့တဲ့ႏွစ္ကုန္ပုိင္းကျဖစ္ခဲ့တဲ့ ကိုဗစ္ ဒုတိယလႈိင္းတုန္းကေတာ့ ဘန္ေကာက္ၿမိဳ႕ျပင္မွာ႐ွိတဲ့ စမုတ္ဆာခြန္းျပည္နယ္ထဲက ပင္လယ္စာထုတ္လုပ္စက္႐ံုေတြမွာ အမ်ားစုအလုပ္လုပ္ၾကတဲ့ ေ႐ႊ႕ေျပာင္းျမန္မာအလုပ္သမားေတြဆီက ျဖစ္ပါတယ္။

အခုတတိယလႈိင္းမွာေတာ့ ထုိင္းလူမ်ဳိးေတြ အဓိက ကူးစက္ေနၾကတာျဖစ္ပါတယ္။
အခုေလာေလာဆယ္ အတည္ျပဳလူနာေန႔စဥ္ ေထာင္ခ်ီ တုိးေနတာေႀကာင့္ ကိုဗစ္တတိယလႈိင္းကို ထိန္းခ်ဳပ္ႏိုင္ဖုိ႔လည္း ထိုင္းအစိုးရက တင္းၾကပ္တဲ့ စည္းကမ္းခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ထုိင္းႏို္င္ငံက ေလာေလာဆယ္အထိ ကုိဗစ္အတည္ျပဳလူနာ စုစုေပါင္း ၆၇,၀၄၄ ေျခာက္ေသာင္း ခုႏွစ္ေထာင္ေက်ာ္႐ွိေနၿပီး ေသဆံုးသူက ၂၂၄ ဦးထိ႐ွိတယ္လို႔ ထုိင္းအစုိးရက တရား၀င္သတင္းထုတ္ျပန္ထားပါတယ္ ။

-----------------------

ကိုဗစ်ကူးစက်ခံရလို့ ထိုင်းမှာ ပိတ်လှောင်ခံနေရတဲ့ မြန်မာတဦး မိမိကိုယ်ကို အဆုံးစီရင်

ထိုင်းနိုင်ငံစမုတ်ပရာကမ်ခရိုင်အတွင်းက ထိုင်းနဲ့ မြန်မာ၅၀၀လောက်အလုပ်လုပ်နေတဲ့ သံမဏိစက်ရုံကအလုပ်သမားတန်းလျားမှာ ကိုဗစ်ကူစက်မူတွေကြောင့် စောင့်ကြည့်ခံနေရတဲ့ မြန်မာအလုပ်သမားတဦး တိုက်အမြင့် ၄ လွှာကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ ဗွီအေအို မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံစမုတ်ပရာကန်ခရိုင် ထဲက မြန်မာနဲ့ထိုင်း နိုင်ငံသား အလုပ်သမား ၅၀၀ လောက်ရှိ တဲ့သံမဏိ ပစ္စည်းကတွေထုတ်တဲ့စက်ရုံအတွင်းမှာ ပြီးခဲ့တဲ့အပတ်ကစလို့ ကိုဗစ်-၁၉ ရောဂါပိုး ကူးဆက်နေသူ ၃၀ နီးပါး တွေ့ခဲ့ရာကနေ အလုပ်သမား၂၀၀လောက်ကို မိမိ နေထိုင်နေတဲ့ တိုက်ခန်းတွင်းကနေ အပြင်ထွက်ခွင့်ပိတ်ပင်ထားတာပါ ဒီထဲကမြန်မာအလုပ်သမားတဦး တိုက်ပေါ်ကခုန်ချပြီးမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြောင်း ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကအလုပ်သမားရေးလှုပ်ရှားသူဦးမင်းဦးကအခုလိုပြောပါတယ်။

”ကျန်ခဲ့တဲ့တပတ်လောက်ကတည်းကကိုဗစ်တွေ့တယ်ပေါ့နော်အဲဒီမှာအလုပ်လုပ်နေတဲ့ အလုပ်သမား၅၀၀ ဝန်းကျင်လောက်ရှိတယ် မြန်မာကောထိုင်းကော ပေါ့ ပထမအုပ်စုထဲမှာအဲဒီထဲမှာ ၅ယောက်တွေ့တယ် သူတို့နဲ့ထိစပ်သူဘယ်နှစ်ယောက်ရှိလဲစစ်လိုက်တဲ့အခါကျတော့အယောက် ၂၀၀လောက်ကို စောင်ကြည့်သဘောမျိုးပေးမထွက်ဘူးထားတယ် ထားထားတဲ့အချိန်မှာ အဲဒီအုပ်စုထဲမှာပါတာပေါ့ ဆုံးတဲ့တယောက်က ၄လွာကနေ ခုန်ချပြီးသူ့ကိုယ်သူ အဆုံးစီရင်တယ်လို့ယူဆရတာပေါ့ အဲဒီနေရာမှာဝန်ထမ်းတွေရှိတဲ့apartment ကို lockdown လုပ်ထားတာပေါ့ ပေးမထွက်တာပေါ့ ခန့်မှန်းတာကတော့စိတ်ကျဉ်းကြပ်ပြီးအဆုံးစီရင်တယ်လို့တော့သုံးသပ်တာပဲ။”

မေ၁ရက် ညနေ ပိုင်းက ထိုင်းနိုင်ငံ စမုတ်ပရာကမ် လေးထပ်အမြင့် တိုက်ခန်းကနေ ခုန်ချသတ်သေသွားခဲ့သူဟာ အသက် ၄၃ နှသ်အရွယ်ရှိ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဖြစ်ကြောင်း စမုပရကမ် ရဲမှူး Pol Capt Suwit Phudonnang စူဝစ် ပုဒုံနမ် က အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကဖြစ်ခဲ့တဲ့ ကိုဗစ် ဒုတိယလှိုင်းတုန်းကတော့ ဘန်ကောက်မြို့ပြင်မှာရှိတဲ့ စမုတ်ဆာခွန်းပြည်နယ်ထဲက ပင်လယ်စာထုတ်လုပ်စက်ရုံတွေမှာ အများစုအလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဆီက ဖြစ်ပါတယ်။

အခုတတိယလှိုင်းမှာတော့ ထိုင်းလူမျိုးတွေ အဓိက ကူးစက်နေကြတာဖြစ်ပါတယ်။
အခုလောလောဆယ် အတည်ပြုလူနာနေ့စဉ် ထောင်ချီ တိုးနေတာကြောင့် ကိုဗစ်တတိယလှိုင်းကို ထိန်းချုပ်နိုင်ဖို့လည်း ထိုင်းအစိုးရက တင်းကြပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံက လောလောဆယ်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၇,၀၄၄ ခြောက်သောင်း ခုနှစ်ထောင်ကျော်ရှိနေပြီး သေဆုံးသူက ၂၂၄ ဦးထိရှိတယ်လို့ ထိုင်းအစိုးရက တရားဝင်သတင်းထုတ်ပြန်ထားပါတယ် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG