သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းျပည္တည္ၿငိမ္မွ အာဆီယံကိုယ္စားလွယ္ကို လာေရာက္ခြင့္ျပဳမည္ (နစက သတင္းစာရွင္းလင္းပြဲ)


ASEAN leader's meeting in Jakarta, Indonesia April 24 2021

တိုင္းျပည္တည္ၿငိမ္မွ အာဆီယံကိုယ္စားလွယ္ကို လာေရာက္ခြင့္ျပဳမည္ (နစက သတင္းစာရွင္းလင္းပြဲ)

ျမန္မာႏုိင္ငံမွာ တရားဥပေဒစိုးမိုးေရးနဲ႔ ရပ္ရြာ ေအးခ်မ္းတည္ၿငိမ္မႈရွိေရး ဦးစားေပး ေဆာင္ရြက္ေနရတဲ့အတြက္ ျပည္တြင္းတည္ၿငိမ္မႈအေပၚ မူတည္ၿပီးမွသာ အာဆီယံကိုယ္စားလွယ္အြဖြဲ႔ ဖိတ္ေခၚေရးကိစၥကို ေဆာင္ရြက္မယ္လို႔ စစ္ေကာင္စီရဲ ႔ ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာေျပာဆိုခဲ့ပါတယ္။

“ အာဆီယံကေနၿပီးေတာ့မွ ခုန ၅ ခ်က္မွာ ျမန္မာျပည္ကို အထူးကိုယ္စားလွယ္အဖြဲ ႔ေစလႊတ္မယ္ဆိုတာပါပါတယ္။ ဆိုေတာ့ ဒီအထူးကိုယ္စားလွယ္ေစလႊတ္မယ္ဆိုတဲ့ကိစၥနဲ႔ပတ္သက္ၿပီးေတာ့လည္း က်ေနာ္တို႔က ဒီအထူးကုိယ္စားလွယ္ကို ျမန္မာႏုိင္ငံရဲ ႔အခုလုံၿခဳံေရး အခုက်ေနာ္တို႔ရဲ ႔လက္ရွိအေရးအႀကီးဆုံးကိစၥက ႏုိင္ငံတည္ၿငိမ္လုံၿခဳံေရးပါ။ တည္ၿငိမ္ေအးခ်မ္းေရးပါ။ အဲေတာ့ ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းေရးနဲ႔ပတ္သက္တဲ့ အေျခအေနတခုကိုိက်ေနာ္တို႔ေရာက္ဖို႔ လုပ္ေနတဲ့အခါမွာ ဒီကိစၥကို က်ေနာ္တို႔ဆက္လက္ၿပီးေတာ့မွ ေဆာင္ရြက္သြားပါ့မယ္ဆိုတာက်ေနာ္တို႔ေျပာၾကားခဲ့ပါတယ္”

အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) ရဲ႕ ဧၿပိီ ၂၄ ရက္ေန႔ကအစည္းအေ၀းမွာ ျမန္မာ့ျပည္တြင္းေရးကို ၀ိုင္း၀န္းေျဖရွင္းေပးႏုိင္ေရး အခ်က္ငါးခ်က္ပါ သေဘာတူညီခ်က္ေတြကိုအေကာင္အထည္ေဖာ္ေရးနဲ႔ပတ္သက္လို႔ န.စ.က သတင္းထုတ္ျပန္ေရးအဖြဲ႔၀င္ ဗိုလ္မွဴး ေကာင္းထက္စံက အဲဒီလိုေျပာဆိုခဲ့တာပါ။

ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာ အၾကမ္းမဖက္အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈ၊ ဘဏ္စနစ္ေတြ ကေမာက္ကမျဖစ္ေနတဲ့ကိစၥ နဲ႔ အရပ္ဖက္လက္နက္ကိုင္တြပ္ဖြဲ႔နဲ႔ စစ္တပ္ၾကားတုိက္ပြဲအေျခေနေတြကို လည္းသတင္းေထာက္ေတြက ေမးျမန္းခဲ့ၾကပါတယ္။ စစ္အာဏာသိမ္းၿ႔ပီးေနာက္ပိုင္း ဘဏ္ေတြမွာအကန္႔အသတ္နဲ႔ေငြထုတ္ေနတဲ့အေပၚ ျပည္သူေတြ ရဲ ႔စိုးရိမ္ခ်က္ေတြထြက္ေပၚေနတဲ့အတြက္ ဘဏ္ေတြလည္ပတ္ဖို႔အခက္အခဲနဲ႔ ႀကဳံေနရတာပါ။

ဘဏ္ေတြမွာ ေငြကို အကန္႔အသတ္နဲ႔ ထုတ္ေပးေနတာဟာ တိုင္းျပည္ စီးပြားေရးစီမံခ်က္ေတြ ပ်က္ျပားေအာင္ ႏိုင္ငံေရးအရ လႈံ႔ေဆာ္ေနတာေတြေၾကာင့္ ျဖစ္ၿပီး အခု မိုဘိုင္းဖုံးကတဆင့္ ေငြလဲႊတဲ့လုပ္ငန္းေတြ ပုံမွန္ျပန္ျဖစ္ေနပါၿပီလို႔ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ ဒုဥကၠဌ ဦး၀င္းေသာ္ကလည္း ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ဘဏ္ေတြအေပၚ ယုံၾကည္မႈနည္းလာၿပီး အိမ္မွာပဲ ေငြေတြ သိမ္းထားခ်င္ၾကတာေၾကာင့္ အပ္တဲ့သူေတြက မအပ္ဘဲ ထုတ္တဲ့သူေတြက မ်ားလာေနပါတယ္။

ဘဏ္၀န္ထမ္းေတြ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါ၀င္ၿပီး ႐ုံးမတက္ၾကတာေၾကာင့္ ဘဏ္ေတြ ဖြင့္ဖို႔ အခက္အခဲျဖစ္ခဲ့ရတယ္လို႔ ဘဏ္လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ဘဏ္လုပ္ငန္း အက်ပ္အတည္းေၾကာင့္ COVID-19 ေရာဂါကူးစက္မႈေတြၾကား ထိခိုက္ခဲ့ရတဲ့ တိုင္းျပည္စီးပြားေရးဟာ ေနာက္ထပ္ ပိုဆိုးလာႏိုင္သလို၊ အစားအေသာက္ ရွားပါးမႈေတြ ၾကဳံရတဲ့ အႏၲရယ္ကိုပါ ရင္ဆိုင္ရႏိုင္တယ္လို႔ ႏိုင္ငံတကာ ေငြေၾကးအဖြဲ႔အစည္းေတြနဲ႔ ေလ့လာသူေတြက သတိေပးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာ အေးချမ်းတည်ငြိမ်မှုရှိရေး ဦးစားပေး ဆောင်ရွက်နေရတဲ့အတွက် ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ အာဆီယံကိုယ်စားလှယ်အွဖွဲ့ ဖိတ်ခေါ်ရေးကိစ္စကို ဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

“ အာဆီယံကနေပြီးတော့မှ ခုန ၅ ချက်မှာ မြန်မာပြည်ကို အထူးကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ်ဆိုတာပါပါတယ်။ ဆိုတော့ ဒီအထူးကိုယ်စားလှယ်စေလွှတ်မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့က ဒီအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံရဲ့အခုလုံခြုံရေး အခုကျနော်တို့ရဲ့လက်ရှိအရေးအကြီးဆုံးကိစ္စက နိုင်ငံတည်ငြိမ်လုံခြုံရေးပါ။ တည်ငြိမ်အေးချမ်းရေးပါ။ အဲတော့ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ပတ်သက်တဲ့ အခြေအနေတခုကိုကျနော်တို့ရောက်ဖို့ လုပ်နေတဲ့အခါမှာ ဒီကိစ္စကို ကျနော်တို့ဆက်လက်ပြီးတော့မှ ဆောင်ရွက်သွားပါ့မယ်ဆိုတာကျနော်တို့ပြောကြားခဲ့ပါတယ်”

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ ဧပြီ ၂၄ ရက်နေ့ကအစည်းအဝေးမှာ မြန်မာ့ပြည်တွင်းရေးကို ဝိုင်းဝန်းဖြေရှင်းပေးနိုင်ရေး အချက်ငါးချက်ပါ သဘောတူညီချက်တွေကိုအကောင်အထည်ဖော်ရေးနဲ့ပတ်သက်လို့ န.စ.က သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံက အဲဒီလိုပြောဆိုခဲ့တာပါ။

ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု၊ ဘဏ်စနစ်တွေ ကမောက်ကမဖြစ်နေတဲ့ကိစ္စ နဲ့ အရပ်ဖက်လက်နက်ကိုင်တွပ်ဖွဲ့နဲ့ စစ်တပ်ကြားတိုက်ပွဲအခြေနေတွေကို လည်းသတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။ စစ်အာဏာသိမ်းြ့ပီးနောက်ပိုင်း ဘဏ်တွေမှာအကန့်အသတ်နဲ့ငွေထုတ်နေတဲ့အပေါ် ပြည်သူတွေ ရဲ့စိုးရိမ်ချက်တွေထွက်ပေါ်နေတဲ့အတွက် ဘဏ်တွေလည်ပတ်ဖို့အခက်အခဲနဲ့ ကြုံနေရတာပါ။

ဘဏ်တွေမှာ ငွေကို အကန့်အသတ်နဲ့ ထုတ်ပေးနေတာဟာ တိုင်းပြည် စီးပွားရေးစီမံချက်တွေ ပျက်ပြားအောင် နိုင်ငံရေးအရ လှုံ့ဆော်နေတာတွေကြောင့် ဖြစ်ပြီး အခု မိုဘိုင်းဖုံးကတဆင့် ငွေလွဲှတဲ့လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်ကလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ လူတော်တော်များများက ဘဏ်တွေအပေါ် ယုံကြည်မှုနည်းလာပြီး အိမ်မှာပဲ ငွေတွေ သိမ်းထားချင်ကြတာကြောင့် အပ်တဲ့သူတွေက မအပ်ဘဲ ထုတ်တဲ့သူတွေက များလာနေပါတယ်။

ဘဏ်ဝန်ထမ်းတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ရုံးမတက်ကြတာကြောင့် ဘဏ်တွေ ဖွင့်ဖို့ အခက်အခဲဖြစ်ခဲ့ရတယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် COVID-19 ရောဂါကူးစက်မှုတွေကြား ထိခိုက်ခဲ့ရတဲ့ တိုင်းပြည်စီးပွားရေးဟာ နောက်ထပ် ပိုဆိုးလာနိုင်သလို၊ အစားအသောက် ရှားပါးမှုတွေ ကြုံရတဲ့ အန္တရယ်ကိုပါ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ လေ့လာသူတွေက သတိပေးနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG