(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူ အနည်းဆုံး ၇၈၁ ယောက်ဟာ စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်တွေရဲ့ လက်ချက်နဲ့ သေဆုံးနေရပြီဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် အများအပြားပါဝင်နေကြောင်းနဲ့ ဒဏ်ရာရသူကလည်း ထောင်နဲ့ချီရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက ပြောကြားကြောင်း အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နိုင်ငံတွင်း အခြေနေတွေ ပိုဆိုးမလာအောင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ဆွေးနွေးအဖြေရှာကြဖို့ အပြင် အခြေခံရပိုင်ခွင့်နဲ့ လူ့အခွင့်ရေးကို လေးစားလိုက်နာတဲ့ အနေနဲ့ မြန်မာစစ်တပ်က ဖမ်းဆီးထားသူအားလုံးကို အမြန်ပြန်လွှတ်ပေးဖို့ အတွင်းရေးမှူးချုပ် Antonio Guterres ကရော အထူးကိုယ်စားလှယ် Christine Schraner Burgener ကပါ ထပ်တလဲလဲ တိုက်တွန်းနေတာဖြစ်ပါတယ်။
............
မြန်မာဟာ ကမ္ဘာမှာ အကာအကွယ်အကင်းမဲ့ဆုံး နှင့် အဆိုးရွားဆုံးလူမှု အကျပ်အတည်း ကြုံနေရ (ကုလပြောခွင့်ရ)
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၄ လ ထဲ ရောက်လာချိန်မှာ စစ်တပ်နဲ့ရဲကြောင့် သေဆုံးရသူ ၇၈၀ ကျော်လာပြီဖြစ်သလို နိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေနေဟာလည်း ကမ္ဘာမှာ အဆိုးဝါးဆုံးအနေထားကို အမြန်ရောက်လာနေ တယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူူ အနည်းဆုံး ၇၈၁ ယောက်ဟာ စစ်တပ်နဲ့ရဲလုံခြုံရေးတပ်တွေရဲ့ လက်ချက်နဲ့ သေဆုံးနေရပြီဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် အများအပြားပါဝင်နေကြောင်းနဲ့ ဒဏ်ရာရသူကလည်း ထောင်နဲ့ချီရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက ပြောကြားကြောင်း အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုဆို စစ်တပ်အာဏာသိမ်းထားတာ ၄ လထဲကို ရောက်လာနေပြီဖြစ်ပြီး မြန်မာနိုင်ငံရဲ့အခြေနေဟာ ကမ္ဘာ့ လူသားပြဿနာနဲ့ အကာကွယ်ပေးနိုင်စွမ်းမရှိတဲ့ အဆိုးဆုံး နိုင်ငံတနိုင်ငံအဖြစ်ကို အမြန်ရောက်လာနေတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို စိတ်ပျက်စရာ အခုထိ ဆက်ပြီးတွေ့နေရတယ်လို့ ကုလသမဂ္ဂဌာနေ အဖွဲ့တွေက ပြောကြောင်းလည်းပြောပါတယ်။
နိုင်ငံတွင်း အခြေနေတွေ ပိုဆိုးမလာအောင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ဆွေးနွေးအဖြေရှာကြဖို့ အပြင် အခြေခံရပိုင်ခွင့်နဲ့ လူ့အခွင့်ရေးကို လေးစားလိုက်နာတဲ့ အနေနဲ့ မြန်မာစစ်တပ်က ဖမ်းဆီးထားသူအားလုံးကို အမြန်ပြန်လွှတ်ပေးဖို့ အတွင်းရေးမှုးချုပ် Antonio Guterres ကရော အထူးကိုယ်စားလှယ် Christine Schraner Burgener ကပါ ထပ်တလဲလဲ တိုက်တွန်းနေတာဖြစ်ပါတယ်။