သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ၿဖိဳခြဲမႈေတြၾကား ဖားကန္႔၊ ထားဝယ္နဲ႔ မံုရြာသပိတ္ဆက္ရွိေန


ထားဝယ္ၿမိဳ႕က စစ္အာဏာရွင္ ဆန္႔က်င္ဆႏၵျပ သပိတ္ စစ္ေၾကာင္း။ (ဓာတ္ပံု - DAWEI WATCH via AFP - ေမ ၁၀၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ လမ္းေပၚထြက္ဆႏၵျပပြဲေတြထဲက တခ်ဳိ႕ေနရာေတြမွာ ဒီေန႔ လူအင္အားဟာ အရင္ရက္ေတြထက္ နည္းနည္း ပိုလာတာေတ႔ြရပါတယ္။ ဖားကန္႔ၿမိဳ႕မွာ ေမွာ္ေပါင္းစုံသပိတ္၊ ထားဝယ္ၿမိဳ႕မွာ အျဖဴေရာင္အက်ီ ၤဝတ္ဆင္လႈပ္႐ွားမႈ၊ မံု႐ြာၿမိဳ႕မွာ ထီးသပိတ္စသျဖင့္ လႈပ္႐ွားၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာလည္း လံုၿခံဳေရးတင္းၾကပ္တဲ့ၾကားကေန လ ွ်ပ္တျပက္သပိတ္ေတြ လုပ္ၾကပါတယ္။ ျမန္မာႏိုင္ငံေနရာစံုက ဆႏၵျပပြဲေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတာ ရက္ေပါင္း ၁၀၀ ျပည့္ခါနီးေတာ့မွာျဖစ္ေပမဲ့ တႏိုင္ငံလံုး ၿမိဳ႕စံုမွာ ဆႏၵျပပဲြေတြကေတာ့ ဆက္႐ွိေနပါတယ္။ စစ္တပ္ရဲ႕ ပစ္ခတ္ႏွိမ္နင္းမႈေတြေၾကာင့္ ဆႏၵျပပဲြေတြမွာ လူအင္အား သိသိသာသာေလ်ာ့သြားခဲ့ေပမဲ့ ဒီေန႔ေတာ့ တခ်ဳိ႕ၿမိဳ႕ေတြမွာ လူအင္အား နည္းနည္းပုိမ်ားလာတာ ျပန္ေတ႔ြရပါတယ္။

လုံၿခဳံေရးတင္းၾကပ္တဲ့ ရန္ကုန္ၿမိဳ႕မွာ လူငယ္ေတြ ဦးေဆာင္တဲ့ ေပ်ာက္ၾကားသပိတ္ေတြကို ေျမာက္ဥကၠလာပၿမိဳ႕နဲ႔ ဗဟန္းၿမိဳ႕ေတြမွာ လူငယ္ရာနဲ႔ခ်ီ ဒီကေန႔ျပဳလုပ္ၾကပါတယ္။ စစ္ေကာင္စီတပ္ေတြကို ေရွာင္ႏိုင္ဖို႔ မိနစ္ပိုင္းပဲ စုေဝးခဲ့ၾကတဲ့ လွ်ပ္တျပက္သပိတ္ကို ၿမိဳ႕နယ္ေပါင္းစုံ သပိတ္စစ္ေၾကာင္းေတြ ပူးေပါင္းခဲ့ၾကပါတယ္။ ေျမာက္ဥကၠလာေစ်းေ႐ွ႕မွာဆို အင္အား ၂၀၀ နီးပါး ပါဝင္တဲ့ ၿမိဳ႕နယ္ေပါင္းစုံ စုေပါင္းသပိတ္ လုပ္ႏုိင္ခဲ့တယ္လို႔ ရန္ကုန္သပိတ္ စစ္ေၾကာင္းေတြမွာ ပါဝင္ေနသူတစ္ဦးက ေျပာပါတယ္။

“ဒီေန႔က ေျမာက္ဥကၠလာမွာ ျပပါတယ္ဗ်။ ၿမိဳ႕နယ္ေပါင္းစုံ သပိတ္လုပ္ၾကပါတယ္။ ရန္ကုန္ကေတာ့ ေပ်ာက္ၾကားသပိတ္ဘက္ကို ဦးတည္သြားတယ္ဗ်။ နယ္ေျမ အေျခအေနေၾကာင့္လည္း ပါတယ္။ ရန္ကုန္မွာ စစ္ေကာင္စီက ခ်ထားတဲ့ ရဲေတြ စစ္သားေတြက ေနရာအႏွံမွာရွိေနတာဆိုေတာ့ ဒါေတြၾကားထဲကပဲ က်ေနာ္တို႔က ဒီဆႏၵျပတာေတြ လုပ္ရတာဆိုေတာ့ ဒီရန္ကုန္မွာကေတာ့ လူဦးေရ အင္တိုက္၊ အားတိုက္ ေထာင္ခ်ီထြက္လာဖို႔ကေတာ့ လုံၿခဳံေရး အေျခအေနအရ ခက္ခဲပါတယ္။ ဒါေပမဲ့ ထြက္လာမွာပါ၊ က်ေနာ္တို႔ အခ်ိန္တစ္ခု ေစာင့္ရမယ္၊ ၿပီးေတာ့ ဒီဘက္မွာလည္း အခ်ိန္တစ္ခု ျပင္ဆင္ရမွာေပါ့။”

တနသၤာရီတိုင္းထဲက ထားဝယ္၊ ေလာင္းလုံ၊ သရက္ေခ်ာင္း၊ ၿမိတ္ စတဲ့ ၿမိဳ႕ေတြမွာ အၾကမ္းမဖက္ လူထုလႈပ္ရွားမႈအျဖစ္ ျပသတဲ့အေနနဲ႔ အျဖဴေရာင္အက်ီေတြဝတ္ဆင္ၾကတဲ့ အျဖဴေရာင္သပိတ္ကို ဆင္ႏႊဲၾကပါတယ္။ ဆႏၵျပပြဲေတြ ေန႔စဥ္မျပတ္႐ွိေနတဲ့ ထားဝယ္ၿမိဳ႕မွာတင္ ဒီေန႔ လူေပါင္း ေထာင္နဲ႔ခ်ီၿပီး အျဖဴေရာင္အက်ၤီေတြဝတ္ လမ္းေပၚထြက္၊ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပသူေတြသာမက ရပ္ကြက္ေတြ ေက်း႐ြာေတြမွာ ေနထိုင္ၾကသူေတြအားလုံး အျဖဴေရာင္ အက်ီေတြ ဝတ္ဆင္ၿပီး စစ္အာဏာရွင္ကို အၾကမ္းမဖက္ပဲ ေတာ္လွန္ၾကတယ္ဆိုတဲ့ အဓိပၸာယ္နဲ႔ လုပ္ခဲ့တာျဖစ္တယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“အဓိက ရည္႐ြယ္ခ်က္ကေတာ့ စစ္အာဏာရွင္ အုပ္ခ်ဳပ္တာကို လက္မခံဘူး။ ယုတ္မာတဲ့ ညစ္ႏြမ္းတဲ့ စစ္အာဏာရွင္ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ျပည္သူလူထုက အုပ္ခ်ဳပ္တာကို လက္မခံဘူး။ ဒီဟာကို ဆန္႔က်င္တယ္၊ ေတာ္လွန္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ ဒီအက်ီအျဖဴေရာင္ ကမ္ပိန္းကို လႈပ္ရွားတယ္။ အျဖဴေရာင္ကို ေ႐ြးခ်ယ္တာက ဒီေတာ္လွန္ေရးလုပ္ေနတဲ့သူေတြဟာ အၾကမ္းမဖက္ လူထုလႈပ္ရွားမႈေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ လုပ္ေနၾကတယ္။ ျဖဴစင္မႈေတြနဲ႔ လုပ္ေနၾကတယ္။ ၿပီးေတာ့ ခ်စ္ျခင္းေမတၱာေတြနဲ႔ လုပ္ေနၾကတယ္။ အဲ့ဒါေတြကို ရည္ၫႊန္းတယ္။ ဆႏၵျပလႈပ္ရွားတဲ့၊ အၾကမ္းမဖက္လႈပ္ရွားမႈ စစ္ေၾကာင္းေတြမွာ ပါဝင္တဲ့ သူေတြတင္မကဘဲ တစ္ၿမိဳ႕လုံး တစ္႐ြာလုံးမွာရွိတဲ့ ျပည္သူလူထု တစ္ရပ္လုံးကပါ ဒီ အျဖဴေရာင္ အက်ၤီဝတ္ဆင္တဲ့ လႈပ္ရွားမႈမွာ ပါဝင္ၾကဖို႔ ဆိုၿပီးေတာ့ ဒီလႈပ္ရွားမႈေလးကို လုပ္ျဖစ္တယ္။”

လူအင္အား အေျမာက္အမ်ားနဲ႔ ဆႏၵျပမႈေတြ႐ွိတဲ့ မံု႐ြာၿမိဳ႕မွာလည္း တကၠသိုလ္ေက်ာင္းသားဦးေဆာင္တဲ့ ထီးသပိတ္ကို လုပ္ခဲ့ၾကပါတယ္။ ထီးေတြေဆာင္းၿပီး ဆႏၵျပခဲ့ၾကတာနဲ႔ပါတ္သက္လို႔ မုံ႐ြာလူထုသပိတ္တိုက္ပြဲ ဦးေဆာင္ေကာ္မတီအဖြဲ႕ဝင္ ကိုခန႔္ေဝၿဖိဳးက ခုလိုေျပာပါတယ္။

“မုံ႐ြာ တကၠသိုလ္က ေက်ာင္းသားေတြ ဦးေဆာင္ၿပီးေတာ့ေပါ့ေနာ္။ ဒီထီးသပိတ္ဆိုၿပီးေတာ့ လုပ္တာရွိတယ္။ က်ေနာ္တို႔က ဒီစစ္အာဏာရွင္နဲ႔ ဒီစစ္ေကာင္စီျဖဳတ္က်ဖို႔အတြက္ဖို႔ေနာ္ က်ေနာ္ ဒီလမ္းမေပၚသပိတ္တိုက္ပြဲေတြက အခ်ိန္ကာလ အတိုင္အတာတစ္ခုထိ ရွိဖို႔အပ္တယ္ေပါ့ေနာ္။ အဲ့ဒီအတြက္ က်ေနာ္တို႔က ဒီအမ်ိဳးသားညီၫြတ္ေရးအစိုးရ ျပင္ဆင္စရာရွိတဲ့ အေျခအေန ျပင္ဆင္ေနဆဲ ကာလမွာ က်ေနာ္တို႔ ဒီၿမိဳ႕ျပနဲ႔ ႐ြာေက်း႐ြာေတြမွာ ရွိတဲ့ေနတဲ့ လူထုကေပါ့ေနာ္ ဒီလမ္းမေပၚမွာ ထြက္ၿပီးေတာ့ ဒီသူတို႔စစ္အာဏာရွင္ကို မႀကိဳက္ေၾကာင္းေပါ့ေနာ္။ အဲ့ဒါျပသၿပီးေတာ့ လမ္းမေပၚ သပိတ္တိုက္ပြဲေတြ ရွိေနျခင္းအားျဖင့္ သူတို႔လည္း အလုပ္ရႈပ္ေစခ်င္တယ္ေပ့ါေနာ္။ အဲ့ဒီအတြက္ က်ေနာ္တို႔က ေန႔စဥ္မပ်က္ လမ္းမေတြေပၚမွာ သပိတ္တိုက္ပြဲေတြ ရွိေအာင္ က်ေနာ္တို႔ ဒီေက်ာင္းသားသမဂၢေတြနဲ႔ ေပါင္းၿပီးေတာ့ ဆက္ရွိေနဖို႔ က်ေနာ္တို႔က ႀကိဳးစားသြားမွာေပါ့ေနာ္။”

ခုလိုထီးသပိတ္အျပင္ မံု႐ြာမွာ ဆိုင္ကယ္ေတြနဲ႔ သပိတ္စစ္ေၾကာင္းေတြလည္း ႐ွိခဲ့ပါတယ္။ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕မွာဆိုလည္း ဖားကန႔္ေမွာ္ေပါင္းစုံက ဆႏၵျပသူ လူရာနဲ႔ခ်ီ စုစည္းၿပီး ဖားကန႔္ၿမိဳ႕အတြင္း ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

“ေမွာ္ေပါင္းစုံကေန စုၿပီးေတာ့ ဖားကန႔္မွာ စုၿပီးေတာ့ တစ္ခါျပန္ၿပီးေတာ့ ဖားကန႔္ၿမိဳ႕နဲ႔ ဖားကန႔္ၿမိဳ႕ အတြင္းျပန္ၿပီးေတာ့ လွည့္လည္ဆႏၵထုတ္ေဖာ္ၾကတာေပါ့၊ ခန႔္မွန္ေျခကေတာ့ ၅၀၀ ဝန္က်င္းေလာက္ေတာ့ ရွိပါတယ္ဗ်။ အခါတိုင္း အစတုန္းကေတာ့ ေထာင္ခ်ီေပါ့ေနာ္ အခုေတာ့ နည္းနည္းေတာ့ ႐ိုးသြားၾကလားေတာ့ မသိ၊ တခ်ိဳ႕ကေတာ့ ဒါကို အခ်ိန္မေပးႏိုင္ဘူး အခက္အခဲရွိလို႔လားလို႔ မသိဘူး အခါတိုင္းလို အစကနဦးလို အမ်ားႀကီးမပါဝင္တာေတာ့ က်ေနာ္ေတြ႕ရတယ္။ တခ်ိဳ႕ၿမိဳ႕နယ္မွာေတာ့ ဖယ္ဒရယ္ ဒီမိုကေရစီရရွိေရးဆိုၿပီးေတာ့ ေအာ္ၾကတယ္။ ဒါေပမဲ့ ဖားကန႔္ေတာ့ ထူးထူးျခားျခား က်ေနာ္တို႔ ဒီမိုကေရစီရရွိတာပဲ ေအာ္တာေပါ့ေနာ္၊ အဲ့ဒီလိုေႂကြးေၾကာ္ၿပီး ဆႏၵထုတ္ေဖာ္တာမ်ားတယ္ဗ်။”

လမ္းေပၚထြက္ဆႏၵျပမႈေတြ ေန႔စဥ္႐ွိေနတဲ့ မႏၲေလးမွာ ဒီကေန႔လည္း သပိတ္ေပါင္းစုံ လူရာနဲ႔ခ်ီ ဆႏၵျပၾကပါတယ္။ ဖားကန္႔၊ ေတာင္ႀကီး၊ တန္႔ဆည္၊ မိတၳီလာ၊ ေ႐ႊဘိုတို႔မွာ လမ္းေလွ်ာက္သပိတ္၊ ေပ်ာက္ၾကားသပိတ္ေတြ ဆင္ႏႊဲၾကပါတယ္။ ယင္းမာပင္၊ ေမာ္လၿမိဳင္၊ ေပါင္၊ မေကြး၊ ကမၼနဲ႔ လက္ပံေတာင္းေတာင္ေဒသ ဆားလင္းႀကီးၿမိဳ႕ေတြမွာ အ႐ုဏ္ဦးသပိတ္၊ လူမဲ့သပိတ္၊ ႐ြာတြင္းသပိတ္ ေတြျပဳလုပ္ၾကၿပီး စစ္အာဏာရွင္ဆန္႔က်င္ေၾကာင္း ပုံစံမ်ိဳးစုံနဲ႔ ဆႏၵထုတ္ေဖာ္ၾကေနပါတယ္။ မနက္ျဖန္ ေမလ ၁၁ ရက္က်ရင္ စစ္အာဏာသိမ္းထားတာ ရက္ေပါင္း ၁၀၀ ျပည့္မွာျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ဆႏၵျပသူေတြအေပၚ ပစ္ခတ္ ဖမ္းဆီးမႈမွာ ေသဆံုးသူ ၇၈၀ ထက္မနည္း႐ွိၿပီး ဖမ္းဆီးခံရသူ ၃,၈၀၀ ထက္မနည္း ႐ွိတယ္လုိ႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေ႐ွာက္ေရးအသင္းက စာရင္းျပဳစုထားပါတယ္။ နစက စစ္ေကာင္စီကေတာ့ ဒီစာရင္း မမွန္ဘူးလို႔ ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အကြမ်းဖက်ဖြိုခွဲမှုတွေကြား ဖားကန့်၊ ထားဝယ်နဲ့ မုံရွာသပိတ်ဆက်ရှိနေ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေထဲက တချို့နေရာတွေမှာ ဒီနေ့ လူအင်အားဟာ အရင်ရက်တွေထက် နည်းနည်း ပိုလာတာတေ့ွရပါတယ်။ ဖားကန့်မြို့မှာ မှော်ပေါင်းစုံသပိတ်၊ ထားဝယ်မြို့မှာ အဖြူရောင်အကျီ ၤဝတ်ဆင်လှုပ်ရှားမှု၊ မုံရွာမြို့မှာ ထီးသပိတ်စသဖြင့် လှုပ်ရှားကြပါတယ်။ ရန်ကုန်မြို့မှာလည်း လုံခြုံရေးတင်းကြပ်တဲ့ကြားကနေ လ ျှပ်တပြက်သပိတ်တွေ လုပ်ကြပါတယ်။ မြန်မာနိုင်ငံနေရာစုံက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀ ပြည့်ခါနီးတော့မှာဖြစ်ပေမဲ့ တနိုင်ငံလုံး မြို့စုံမှာ ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြပွဲတွေမှာ လူအင်အား သိသိသာသာလျော့သွားခဲ့ပေမဲ့ ဒီနေ့တော့ တချို့မြို့တွေမှာ လူအင်အား နည်းနည်းပိုများလာတာ ပြန်တေ့ွရပါတယ်။

လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာ လူငယ်တွေ ဦးဆောင်တဲ့ ပျောက်ကြားသပိတ်တွေကို မြောက်ဥက္ကလာပမြို့နဲ့ ဗဟန်းမြို့တွေမှာ လူငယ်ရာနဲ့ချီ ဒီကနေ့ပြုလုပ်ကြပါတယ်။ စစ်ကောင်စီတပ်တွေကို ရှောင်နိုင်ဖို့ မိနစ်ပိုင်းပဲ စုဝေးခဲ့ကြတဲ့ လျှပ်တပြက်သပိတ်ကို မြို့နယ်ပေါင်းစုံ သပိတ်စစ်ကြောင်းတွေ ပူးပေါင်းခဲ့ကြပါတယ်။ မြောက်ဥက္ကလာဈေးရှေ့မှာဆို အင်အား ၂၀၀ နီးပါး ပါဝင်တဲ့ မြို့နယ်ပေါင်းစုံ စုပေါင်းသပိတ် လုပ်နိုင်ခဲ့တယ်လို့ ရန်ကုန်သပိတ် စစ်ကြောင်းတွေမှာ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့က မြောက်ဥက္ကလာမှာ ပြပါတယ်ဗျ။ မြို့နယ်ပေါင်းစုံ သပိတ်လုပ်ကြပါတယ်။ ရန်ကုန်ကတော့ ပျောက်ကြားသပိတ်ဘက်ကို ဦးတည်သွားတယ်ဗျ။ နယ်မြေ အခြေအနေကြောင့်လည်း ပါတယ်။ ရန်ကုန်မှာ စစ်ကောင်စီက ချထားတဲ့ ရဲတွေ စစ်သားတွေက နေရာအနှံမှာရှိနေတာဆိုတော့ ဒါတွေကြားထဲကပဲ ကျနော်တို့က ဒီဆန္ဒပြတာတွေ လုပ်ရတာဆိုတော့ ဒီရန်ကုန်မှာကတော့ လူဦးရေ အင်တိုက်၊ အားတိုက် ထောင်ချီထွက်လာဖို့ကတော့ လုံခြုံရေး အခြေအနေအရ ခက်ခဲပါတယ်။ ဒါပေမဲ့ ထွက်လာမှာပါ၊ ကျနော်တို့ အချိန်တစ်ခု စောင့်ရမယ်၊ ပြီးတော့ ဒီဘက်မှာလည်း အချိန်တစ်ခု ပြင်ဆင်ရမှာပေါ့။”

တနင်္သာရီတိုင်းထဲက ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ မြိတ် စတဲ့ မြို့တွေမှာ အကြမ်းမဖက် လူထုလှုပ်ရှားမှုအဖြစ် ပြသတဲ့အနေနဲ့ အဖြူရောင်အကျီတွေဝတ်ဆင်ကြတဲ့ အဖြူရောင်သပိတ်ကို ဆင်နွှဲကြပါတယ်။ ဆန္ဒပြပွဲတွေ နေ့စဉ်မပြတ်ရှိနေတဲ့ ထားဝယ်မြို့မှာတင် ဒီနေ့ လူပေါင်း ထောင်နဲ့ချီပြီး အဖြူရောင်အင်္ကျီတွေဝတ် လမ်းပေါ်ထွက်၊ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေသာမက ရပ်ကွက်တွေ ကျေးရွာတွေမှာ နေထိုင်ကြသူတွေအားလုံး အဖြူရောင် အကျီတွေ ဝတ်ဆင်ပြီး စစ်အာဏာရှင်ကို အကြမ်းမဖက်ပဲ တော်လှန်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ လုပ်ခဲ့တာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင် အုပ်ချုပ်တာကို လက်မခံဘူး။ ယုတ်မာတဲ့ ညစ်နွမ်းတဲ့ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူလူထုက အုပ်ချုပ်တာကို လက်မခံဘူး။ ဒီဟာကို ဆန့်ကျင်တယ်၊ တော်လှန်တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအကျီအဖြူရောင် ကမ်ပိန်းကို လှုပ်ရှားတယ်။ အဖြူရောင်ကို ရွေးချယ်တာက ဒီတော်လှန်ရေးလုပ်နေတဲ့သူတွေဟာ အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်နေကြတယ်။ ဖြူစင်မှုတွေနဲ့ လုပ်နေကြတယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာတွေနဲ့ လုပ်နေကြတယ်။ အဲ့ဒါတွေကို ရည်ညွှန်းတယ်။ ဆန္ဒပြလှုပ်ရှားတဲ့၊ အကြမ်းမဖက်လှုပ်ရှားမှု စစ်ကြောင်းတွေမှာ ပါဝင်တဲ့ သူတွေတင်မကဘဲ တစ်မြို့လုံး တစ်ရွာလုံးမှာရှိတဲ့ ပြည်သူလူထု တစ်ရပ်လုံးကပါ ဒီ အဖြူရောင် အင်္ကျီဝတ်ဆင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ ဆိုပြီးတော့ ဒီလှုပ်ရှားမှုလေးကို လုပ်ဖြစ်တယ်။”

လူအင်အား အမြောက်အများနဲ့ ဆန္ဒပြမှုတွေရှိတဲ့ မုံရွာမြို့မှာလည်း တက္ကသိုလ်ကျောင်းသားဦးဆောင်တဲ့ ထီးသပိတ်ကို လုပ်ခဲ့ကြပါတယ်။ ထီးတွေဆောင်းပြီး ဆန္ဒပြခဲ့ကြတာနဲ့ပါတ်သက်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုခန့်ဝေဖြိုးက ခုလိုပြောပါတယ်။

“မုံရွာ တက္ကသိုလ်က ကျောင်းသားတွေ ဦးဆောင်ပြီးတော့ပေါ့နော်။ ဒီထီးသပိတ်ဆိုပြီးတော့ လုပ်တာရှိတယ်။ ကျနော်တို့က ဒီစစ်အာဏာရှင်နဲ့ ဒီစစ်ကောင်စီဖြုတ်ကျဖို့အတွက်ဖို့နော် ကျနော် ဒီလမ်းမပေါ်သပိတ်တိုက်ပွဲတွေက အချိန်ကာလ အတိုင်အတာတစ်ခုထိ ရှိဖို့အပ်တယ်ပေါ့နော်။ အဲ့ဒီအတွက် ကျနော်တို့က ဒီအမျိုးသားညီညွတ်ရေးအစိုးရ ပြင်ဆင်စရာရှိတဲ့ အခြေအနေ ပြင်ဆင်နေဆဲ ကာလမှာ ကျနော်တို့ ဒီမြို့ပြနဲ့ ရွာကျေးရွာတွေမှာ ရှိတဲ့နေတဲ့ လူထုကပေါ့နော် ဒီလမ်းမပေါ်မှာ ထွက်ပြီးတော့ ဒီသူတို့စစ်အာဏာရှင်ကို မကြိုက်ကြောင်းပေါ့နော်။ အဲ့ဒါပြသပြီးတော့ လမ်းမပေါ် သပိတ်တိုက်ပွဲတွေ ရှိနေခြင်းအားဖြင့် သူတို့လည်း အလုပ်ရှုပ်စေချင်တယ်ပေ့ါနော်။ အဲ့ဒီအတွက် ကျနော်တို့က နေ့စဉ်မပျက် လမ်းမတွေပေါ်မှာ သပိတ်တိုက်ပွဲတွေ ရှိအောင် ကျနော်တို့ ဒီကျောင်းသားသမဂ္ဂတွေနဲ့ ပေါင်းပြီးတော့ ဆက်ရှိနေဖို့ ကျနော်တို့က ကြိုးစားသွားမှာပေါ့နော်။”

ခုလိုထီးသပိတ်အပြင် မုံရွာမှာ ဆိုင်ကယ်တွေနဲ့ သပိတ်စစ်ကြောင်းတွေလည်း ရှိခဲ့ပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့မှာဆိုလည်း ဖားကန့်မှော်ပေါင်းစုံက ဆန္ဒပြသူ လူရာနဲ့ချီ စုစည်းပြီး ဖားကန့်မြို့အတွင်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

“မှော်ပေါင်းစုံကနေ စုပြီးတော့ ဖားကန့်မှာ စုပြီးတော့ တစ်ခါပြန်ပြီးတော့ ဖားကန့်မြို့နဲ့ ဖားကန့်မြို့ အတွင်းပြန်ပြီးတော့ လှည့်လည်ဆန္ဒထုတ်ဖော်ကြတာပေါ့၊ ခန့်မှန်ခြေကတော့ ၅၀၀ ဝန်ကျင်းလောက်တော့ ရှိပါတယ်ဗျ။ အခါတိုင်း အစတုန်းကတော့ ထောင်ချီပေါ့နော် အခုတော့ နည်းနည်းတော့ ရိုးသွားကြလားတော့ မသိ၊ တချို့ကတော့ ဒါကို အချိန်မပေးနိုင်ဘူး အခက်အခဲရှိလို့လားလို့ မသိဘူး အခါတိုင်းလို အစကနဦးလို အများကြီးမပါဝင်တာတော့ ကျနော်တွေ့ရတယ်။ တချို့မြို့နယ်မှာတော့ ဖယ်ဒရယ် ဒီမိုကရေစီရရှိရေးဆိုပြီးတော့ အော်ကြတယ်။ ဒါပေမဲ့ ဖားကန့်တော့ ထူးထူးခြားခြား ကျနော်တို့ ဒီမိုကရေစီရရှိတာပဲ အော်တာပေါ့နော်၊ အဲ့ဒီလိုကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်တာများတယ်ဗျ။”

လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေတဲ့ မန္တလေးမှာ ဒီကနေ့လည်း သပိတ်ပေါင်းစုံ လူရာနဲ့ချီ ဆန္ဒပြကြပါတယ်။ ဖားကန့်၊ တောင်ကြီး၊ တန့်ဆည်၊ မိတ္ထီလာ၊ ရွှေဘိုတို့မှာ လမ်းလျှောက်သပိတ်၊ ပျောက်ကြားသပိတ်တွေ ဆင်နွှဲကြပါတယ်။ ယင်းမာပင်၊ မော်လမြိုင်၊ ပေါင်၊ မကွေး၊ ကမ္မနဲ့ လက်ပံတောင်းတောင်ဒေသ ဆားလင်းကြီးမြို့တွေမှာ အရုဏ်ဦးသပိတ်၊ လူမဲ့သပိတ်၊ ရွာတွင်းသပိတ် တွေပြုလုပ်ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ကြနေပါတယ်။ မနက်ဖြန် မေလ ၁၁ ရက်ကျရင် စစ်အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀ ပြည့်မှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဆန္ဒပြသူတွေအပေါ် ပစ်ခတ် ဖမ်းဆီးမှုမှာ သေဆုံးသူ ၇၈၀ ထက်မနည်းရှိပြီး ဖမ်းဆီးခံရသူ ၃,၈၀၀ ထက်မနည်း ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စာရင်းပြုစုထားပါတယ်။ နစက စစ်ကောင်စီကတော့ ဒီစာရင်း မမှန်ဘူးလို့ ငြင်းဆန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG