သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုဂၢလိက ဘဏ္ေတြ ဆက္ၿပီး ရပ္တည္ႏိုင္ပါ့ဦးမလား


People wait for a branch of the AYA Bank to open, ahead of a long holiday stretch for the Myanmar New Year, also known as Thingyan, in Yangon on April 12, 2021, as the country remains in turmoil after the February military coup. (Photo by STR / AFP)
ပုဂၢလိက ဘဏ္ေတြ ဆက္ၿပီး ရပ္တည္ႏိုင္ပါ့ဦးမလား
please wait

No media source currently available

0:00 0:07:21 0:00
တိုက္႐ိုက္ လင့္ခ္

၂၀၂၁ ေဖေဖၚဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ က်ပ္ေငြတန္ဘိုး အလ်င္အျမန္ က်ဆင္းေနၿပီး ကုန္ေဈးႏႈန္းေတြလည္း တက္လာေနပါတယ္။ အဲလို အေျခအေနမ်ိဳးမွာ ထူးဆန္းေနတာ တစ္ခုက တန္ဘိုးႀကီး ကုန္ပစၥည္းတစ္မ်ိဳး ထူးထူးျခားျခား အေရာင္းသြက္ေနတာ ေတြ႕ျမင္ၾကရပါတယ္။ အဲဒါကေတာ့ မီးခံေသတၱာပါ။ ျပည္သူေတြဟာ သူတို႔ပိုင္ေငြေတြကို ေနအိမ္မွာပဲ သိမ္းထားဖို႔ မီးခံေသတၱာေတြ ဝယ္ယူလာၾကလို႔ ျဖစ္ပါတယ္။ အရင္တုန္းကေတာ့ လခစား အစ၊ ကုန္သည္ေတြ အလည္၊ သူေဌးႀကီးေတြအဆုံး သူတို႔ပိုင္ေငြေတြကို ဘဏ္ေတြမွာ အပ္ႏွံၿပီး ေငြနည္းနည္း လိုတဲ့အခါ ATM စက္ေတြမွာထုတ္၊ ေငြမ်ားမ်ားလိုတဲ့အခါ ဘဏ္ေတြမွာ သြားထုတ္၊ ေဈးဝယ္နဲ႔ ေငြေၾကး လြဲွေျပာင္းလိုတဲ့အခါ Mobile Banking ေတြ အသုံးျပဳၿပီး အဆင္ေျပေနခဲ့ၾကတာပါ။ အခုေနာက္ပိုင္း အဲဒါေတြ ေျပာင္းလဲသြားခဲ့ပါၿပီ။ ရန္ကုန္ အပါအဝင္ ျမန္မာႏိုင္ငံ တဝွမ္း ဘဏ္မွာ ေငြအပ္ထားသူေတြရဲ႕ ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြထဲမွာ ATM စက္ထဲက ေငြထုတ္ဖို႔ တန္းစီတာနဲ႔ ဘဏ္စာအုပ္နဲ႔ ေငြထုတ္ခြင့္ရဖို႔ ဘဏ္ထဲဝင္ခြင့္ရမယ့္ တိုကင္ တန္းစီရတဲ့ အလုပ္ေတြ ပါဝင္လာပါတယ္။ ဘဏ္ေတြအေပၚ ျပည္သူေတြ ဘာေၾကာင့္ ဒီေလာက္ ယုံၾကည္မႈ က်ဆင္းသြားရတာလဲ ဆိုတဲ့ ကိစၥ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီ တာဝန္ယူၿပီးေနာက္ပိုင္း အစိုးရဝန္ထမ္းေတြ CDM လုပ္ၾကတဲ့နည္းတူ အစိုးရဘဏ္က ဝန္ထမ္းတစ္ခ်ိဳ႕ေရာ၊ ပုဂၢလိကဘဏ္က ဝန္ထမ္းေတြကပါ CDM လုပ္ၾကပါတယ္။ CDM လုပ္တဲ့အတြက္ ပုဂၢလိကဘဏ္ေတြ ပိတ္ထားရေပမယ့္ အဲဒီအခ်ိန္က ေငြေရးေၾကးေရး ဆိုင္ရာ ျပသနာ သိပ္မတက္ခဲ့ပါဘူး။ ျပည္သူေတြဟာ ေငြေပးေခ်မႈ လုပ္ငန္းေတြ၊ အေရာင္းအဝယ္ ကိစၥအတြက္ ေငြအလြဲွအေျပာင္း လုပ္ငန္းေတြကို Mobile Banking အသုံးျပဳၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ႏိုင္ၾကပါတယ္။ ေငြသားစကၠဴ လိုအပ္ရင္လည္း နီးစပ္ရာ ATM စက္ေတြမွာ လြယ္လြယ္ကူကူ ထုတ္ယူလို႔ ရခဲ့ၾကတာပါ။ နဂို ဗဟိုဘဏ္သတ္မွတ္ခ်က္အရ ဘဏ္ကဒ္တစ္ခုကို တစ္ေန႔ က်ပ္ ၁၀ သိန္း ထုတ္ယူႏိုင္သလို၊ ဘဏ္ခ်င္းမတူေပမယ့္ Myanmar Payment Union (MPU) အဖြဲ႕ဝင္ မည္သည့္ ဘဏ္ေတြရဲ႕ ATM စက္ေတြမွာမဆို ဝန္ေဆာင္ခ ေပးၿပီး လြယ္လြယ္ကူကူ ထုတ္ယူႏိုင္ခဲ့ၾကပါတယ္။ ဒါဟာ ဘဏ္ကဒ္ တစ္ကဒ္ တစ္ပတ္ က်ပ္ သိန္း ၇၀ ထုတ္ယူႏိုင္တဲ့ သေဘာျဖစ္ၿပီး ဘဏ္ေတြကလည္း ATM စက္ေတြမွာ ပုံမွန္ ေငြျဖည့္တင္းမႈေတြ လုပ္ေပးခဲ့တာေၾကာင့္ ေငြထုတ္ခ်င္သူေတြ တန္းစီရတဲ့ အေျခအေနမ်ိဳး မေတြ႕မျမင္ခဲ့ရပါဘူး။ ဒါေၾကာင့္ ျပည္သူေတြဟာ ဗဟိုဘဏ္ရဲ႕ ပိုၿပီးတင္းၾကပ္တဲ့ စည္းကမ္းေတြ တစ္ခုၿပီး တစ္ခု ထုတ္ျပန္မႈ မလုပ္ေသးခ်ိန္အထိ ဘဏ္နဲ႔ ေငြေရးေၾကးေရး ဆိုင္ရာ ကိစၥ အဆင္ေျပေနခဲ့ၾကတာပါ။

ျပသနာက စစ္ေကာင္စီကေန မိုဘိုင္းေဒတာ စနစ္၊ ဝိုင္ဖိုင္ စနစ္၊ ဘေရာ့ဘင္း စနစ္ စတဲ့ အင္တာနက္ ဝန္ေဆာင္မႈ ၃ မ်ိဳး ျဖတ္ေတာက္ခ်ိန္ကေန စပါတယ္။ သန္း ဆယ္နဲ႔ခ်ီတဲ့ ျပည္သူေတြဟာ အင္တာနက္ ဝန္ေဆာင္မႈ မရေတာ့တဲ့အတြက္ Mobile Banking ေတြ အသုံးျပဳလို႔ မရေတာ့ပါဘူး။ ဒါေၾကာင့္ တစ္ေန႔ တစ္ေန႔ က်ပ္ဘီလ်ံေပါင္း မ်ားစြာ တန္ဘိုးရွိမယ့္ ေငြေၾကး လြဲွေျပာင္းမႈေတြကို က်ပ္ေငြ စကၠဴ အသုံးျပဳၿပီး ေပးေခ်ရေတာ့မယ့္ အေနအထား ေရာက္လာေစပါတယ္။ အဲဒီအခ်ိန္ကစ ATM စက္ေတြမွာ ေငြထုတ္ယူဖို႔ စ ႀကိဳးစားေတာ့တာပါပဲ။ ဒါေပမယ့္ အျခားတစ္ဖက္မွာေတာ့ စစ္တပ္ပိုင္ ျမဝတီဘဏ္မွာ ျပည္သူအမ်ားစု သူတို႔ အပ္ေငြေတြ ထုတ္ယူဖို႔ ႀကိဳးစားမႈေတြ ရွိခဲ့တာေၾကာင့္ အဲဒါကို ထိမ္းခ်ဳပ္ဖို႔ ဗဟိုဘဏ္ကေန ေငြေၾကး ထုတ္ယူႏိုင္မယ့္ စည္းကမ္းသစ္ ခ်မွတ္ၿပီး တင္းၾကပ္လိုက္တာနဲ႔ ႀကဳံၾကရပါေတာ့တယ္။

မတ္လ ၁ ရက္ ေန႔စြဲနဲ႔ ထုတ္တဲ့ ဗဟိုဘဏ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ATM စက္ေတြကေန ေငြသား ထုတ္ယူမႈကို တစ္ရက္ က်ပ္ ၅ သိန္း၊ ဘဏ္စာအုပ္နဲ႔ ဘဏ္ေတြမွာ ထုတ္ယူခြင့္ကို တစ္ပတ္စာ အတြက္ လူပုဂၢိဳလ္ က်ပ္ သိန္း ၂၀၊ ကုမၸဏီ က်ပ္ သိန္း ၂၀၀ ဆိုၿပီး ေလ်ာ့ခ် သတ္မွတ္ခဲ့တဲ့အျပင္ ဘဏ္ကဒ္ေတြကိုလည္း မတူတဲ့ ဘဏ္ေတြရဲ႕ ATM စက္ေတြကေန ထုတ္ယူခြင့္ကိုပါ ကန႔္သတ္လိုက္ပါတယ္။

တကယ့္တကယ္ လက္ေတြ႕မွာေတာ့ ဘဏ္အေတာ္မ်ားမ်ားဟာ ဗဟိုဘဏ္ သတ္မွတ္ခ်က္ထက္ ေလ်ာ့နည္း ထုတ္ေပးတာမ်ိဳး လုပ္ၾကပါတယ္။ ဥပမာအားျဖင့္ ကေမာၻဇဘဏ္ဟာ ATM ကေန ထုတ္ခြင့္ တစ္ရက္ က်ပ္ ၂ သိန္း၊ ဘဏ္စာအုပ္ တစ္ပတ္စာ က်ပ္ ၁၀ သိန္းပဲ ထုတ္ေပးသလို၊ AYA ဘဏ္ AGD ဘဏ္ေတြ ဆိုရင္ ATM စက္ေတြကေန တစ္ရက္ က်ပ္ တစ္သိန္းခြဲပဲ ထုတ္ေပးေတာ့တာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ဘဏ္ေတြကေန ATM စက္ထဲမွာ ေငြသားျဖည့္တင္းတာကို အကန႔္အသတ္ လုပ္လိုက္တာ၊ ဘဏ္မွာ ေငြလာထုတ္မယ့္ လူေတြကို တစ္ေန႔ ဘယ္ႏွစ္ေယာက္ပဲ ဆိုၿပီး ကန႔္သတ္လိုက္တဲ့အတြက္ လူအမ်ားစုႀကီးဟာ ကိုယ့္ေငြကိုယ္ လြယ္လြယ္ကူကူ ျပန္ထုတ္ယူလို႔ မရဆိုတဲ့ အေျခအေန ဆိုက္သြားေစခဲ့ပါတယ္။

ဗဟိုဘဏ္ရဲ႕ ကန႔္သတ္ခ်က္ေတြထဲမွာ ႏိုင္ငံျခား ဝင္ေငြရွိၿပီး ႏိုင္ငံျခားေငြ အေကာင့္န႔္ ရွိသူေတြလည္း ပါဝင္ပါတယ္။ အဲဒီလူေတြ အေနနဲ႔ သူတို႔ စာရင္းထဲက ႏိုင္ငံျခားေငြေတြကို ႏိုင္ငံျခားေငြအတိုင္း လြဲွေျပာင္းခြင့္ မရွိေတာ့သလို၊ ထုတ္ယူခြင့္ကိုလည္း လုံး၀ ပိတ္ပင္လိုက္ပါတယ္။ ေငြထုတ္ယူခ်င္တယ္ ဆိုရင္ ျမန္မာက်ပ္ေငြနဲ႔ တန္ဘိုးသင့္ၿပီး ဗဟိုဘဏ္ သတ္မွတ္ခ်က္ ပမာဏအတိုင္း အျခား ဘဏ္အေကာင့္န္ ပိုင္ရွင္မ်ားနည္းတူပဲ ATM နဲ႔ ဘဏ္ေတြမွာ ထုတ္ယူရပါေတာ့တယ္။ ဒါတင္မက ဗဟိုဘဏ္ဟာ INGO ေတြနဲ႔ NGO ေတြဆီ ႏိုင္ငံျခားကေန လြဲွေျပာင္းေပးပို႔လာတဲ့ ၅ ႏွစ္စာ ေငြစာရင္း အေသးစိတ္ ျပဳစု ေပးပို႔ဖို႔ ေတာင္းခံခဲ့တာ၊ ႏိုင္ငံျခားကေန ေပးပို႔လာတဲ့ ျပည္တြင္း လစာေငြနဲ႔ အသုံးစားရိတ္ ေငြစာရင္းမွန္သမွ်ကို withhold လုပ္ ေခတၱ ရပ္ဆိုင္းထားေစတာ၊ ဘဏ္အသီးသီးမွာ ေသာ့ပိတ္ေသတၱာ (safe box) ထားရွိသူေတြရဲ႕ နာမည္စာရင္းေတြ ေပးပို႔ဖို႔ ေတာင္းခံတာ စတာေတြ ဆက္တိုက္ လုပ္ခဲ့ပါတယ္။ အဲလို အေျခအေန အေၾကာင္းေၾကာင္း ေတြေၾကာင့္ ဘဏ္ေတြအေပၚ ျပည္သူေတြ ယုံၾကည္မႈ က်ဆင္းၿပီး ေငြေၾကးထုတ္ယူမႈေတြ ႏိုင္ငံ တနံတလ်ား ေပၚေပါက္လာတာ ျဖစ္ပါတယ္။

ဒါကို ေျဖေလ်ာ့ဖို႔ စစ္ေကာင္စီဘက္က ႀကိဳးစားပါေသးတယ္။ အဲဒါကေတာ့ Mobile Banking လုပ္ႏိုင္ေအာင္ မိုဘိုင္းေဒတာ ဝန္ေဆာင္မႈကို အကန႔္အသတ္နဲ႔ ျပန္ဖြင့္ေပးလိုက္တာပါ။ ဒါေပမယ့္ အဲဒါဟာ ေနာက္က်သြားခဲ့ပါၿပီ။ တကယ့္ေဈးကြက္ထဲမွာ ဘဏ္ထဲမွာ ပိတ္မိေနတဲ့ ေငြစာရင္းေတြကို ျပည္သူေတြက အယုံအၾကည္ မရွိေတာ့ပဲ ေငြသားစကၠဴနဲ႔သာ အေရာင္းအဝယ္ အေပးအယူ လုပ္ေနၾကၿပီ ျဖစ္တာေၾကာင့္ ေငြထုတ္ယူလိုသူ အေရအတြက္ ေလ်ာ့က်မသြားပဲ ATM စက္ေတြနဲ႔ ဘဏ္ေတြမွာ တန္းစီသူေတြကို ေန႔စဥ္ ဆက္ၿပီး ျမင္ေတြ႕ေနရတာ ျဖစ္ပါတယ္။ ခုဆိုရင္ ဗဟိုဘဏ္ဟာ ေနာက္ထပ္ ကုစားမႈအျဖစ္ ၂၀၂၁ ေမလ ၄ ရက္ေန႔ကစ ဘဏ္ေတြမွာ ေငြလာအပ္သူေတြကို အထူးေငြစာရင္း ဖြင့္ေပးမယ္၊ အဲဒီ ေငြစာရင္းပိုင္ရွင္ေတြ အေနနဲ႔ ေငြျပန္ထုတ္ယူလိုရင္ အပ္ေငြ ပမာဏအတိုင္း အကန႔္အသတ္မရွိ ျပန္ ထုတ္ေပးမယ္လို႔ ေၾကညာလာတာပါ။ တကယ္လက္ေတြ႕ အဲဒီမက္လုံးဟာ အရင္ ဘဏ္အပ္ေငြတုန္းက ရခဲ့တဲ့ ဝန္ေဆာင္မႈမ်ိဳးေလာက္ကိုေတာင္ ျပန္ရမွာ မဟုတ္တဲ့အတြက္ သြားအပ္သူ မရွိသေလာက္ ျဖစ္ၿပီး ေငြအပ္ေကာင္တာေတြမွာ လူေတြ ရွင္းေနတာကိုပဲ ျမင္ေတြ႕ၾကရပါေတာ့တယ္။

ဒီအေျခအေနေတြဟာ ၂၀၀၀ ခုႏွစ္ ဝန္းက်င္ အဲဒီအခ်ိန္က ထိပ္တန္းဘဏ္ႀကီး ၃ ဘဏ္ျဖစ္တဲ့ အာရွဓနဘဏ္၊ ေမဖလားဝါးဘဏ္၊ ျမန္မာ ယူနီဗာဆယ္ဘဏ္ေတြကို ေငြေၾကးခဝါခ်မႈနဲ႔ အေရးယူ ဖ်က္သိမ္းလိုက္ၿပီးေနာက္ ဘဏ္ထဲ ေငြအပ္ထားသူေတြကို တစ္ေန႔ လူဘယ္ႏွစ္ေယာက္၊ တစ္ေယာက္ ေငြပမာဏ ဘယ္ေလာက္ႏႈန္း ကန႔္သတ္ၿပီး ျပန္ထုတ္ေပးခဲ့တာမ်ိဳးနဲ႔ ဆင္တူေနပါတယ္။ ဒါေတြဟာ စစ္ေကာင္စီရဲ႕ အာဏာတည္ၿမဲေရး ဦးစားေပးတဲ့ ညန္ၾကားခ်က္ေတြ၊ ဗဟိုဘဏ္ရဲ႕ လြဲမွားတဲ့ စီမံခန႔္ခြဲမႈေတြေၾကာင့္ ေပၚေပါက္လာရတာ ျဖစ္ၿပီး ပုဂၢလိကဘဏ္ေတြ ျပည္သူေတြရဲ႕ ယုံၾကည္မႈ ျပန္ရႏိုင္ပါဦးမလား၊ ဆက္ၿပီးေတာ့လည္း ရပ္တည္ႏိုင္ပါ့ဦးမလား ဆိုတာကိုေတာ့ သံသယ နဲ႔ ေစာင့္ၾကည့္ေနၾကရမယ့္ အေျခအေန ဆိုက္ေရာက္ေနေၾကာင္းပါ။

-------------------------------------

ပုဂ္ဂလိက ဘဏ်တွေ ဆက်ပြီး ရပ်တည်နိုင်ပါ့ဦးမလား

စည်သူအောင်မြင့်

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဘိုး အလျင်အမြန် ကျဆင်းနေပြီး ကုန်ဈေးနှုန်းတွေလည်း တက်လာနေပါတယ်။ အဲလို အခြေအနေမျိုးမှာ ထူးဆန်းနေတာ တစ်ခုက တန်ဘိုးကြီး ကုန်ပစ္စည်းတစ်မျိုး ထူးထူးခြားခြား အရောင်းသွက်နေတာ တွေ့မြင်ကြရပါတယ်။ အဲဒါကတော့ မီးခံသေတ္တာပါ။ ပြည်သူတွေဟာ သူတို့ပိုင်ငွေတွေကို နေအိမ်မှာပဲ သိမ်းထားဖို့ မီးခံသေတ္တာတွေ ဝယ်ယူလာကြလို့ ဖြစ်ပါတယ်။ အရင်တုန်းကတော့ လခစား အစ၊ ကုန်သည်တွေ အလည်၊ သူဌေးကြီးတွေအဆုံး သူတို့ပိုင်ငွေတွေကို ဘဏ်တွေမှာ အပ်နှံပြီး ငွေနည်းနည်း လိုတဲ့အခါ ATM စက်တွေမှာထုတ်၊ ငွေများများလိုတဲ့အခါ ဘဏ်တွေမှာ သွားထုတ်၊ ဈေးဝယ်နဲ့ ငွေကြေး လွဲှပြောင်းလိုတဲ့အခါ Mobile Banking တွေ အသုံးပြုပြီး အဆင်ပြေနေခဲ့ကြတာပါ။ အခုနောက်ပိုင်း အဲဒါတွေ ပြောင်းလဲသွားခဲ့ပါပြီ။ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ တဝှမ်း ဘဏ်မှာ ငွေအပ်ထားသူတွေရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေထဲမှာ ATM စက်ထဲက ငွေထုတ်ဖို့ တန်းစီတာနဲ့ ဘဏ်စာအုပ်နဲ့ ငွေထုတ်ခွင့်ရဖို့ ဘဏ်ထဲဝင်ခွင့်ရမယ့် တိုကင် တန်းစီရတဲ့ အလုပ်တွေ ပါဝင်လာပါတယ်။ ဘဏ်တွေအပေါ် ပြည်သူတွေ ဘာကြောင့် ဒီလောက် ယုံကြည်မှု ကျဆင်းသွားရတာလဲ ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီ တာဝန်ယူပြီးနောက်ပိုင်း အစိုးရဝန်ထမ်းတွေ CDM လုပ်ကြတဲ့နည်းတူ အစိုးရဘဏ်က ဝန်ထမ်းတစ်ချို့ရော၊ ပုဂ္ဂလိကဘဏ်က ဝန်ထမ်းတွေကပါ CDM လုပ်ကြပါတယ်။ CDM လုပ်တဲ့အတွက် ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားရပေမယ့် အဲဒီအချိန်က ငွေရေးကြေးရေး ဆိုင်ရာ ပြသနာ သိပ်မတက်ခဲ့ပါဘူး။ ပြည်သူတွေဟာ ငွေပေးချေမှု လုပ်ငန်းတွေ၊ အရောင်းအဝယ် ကိစ္စအတွက် ငွေအလွဲှအပြောင်း လုပ်ငန်းတွေကို Mobile Banking အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြပါတယ်။ ငွေသားစက္ကူ လိုအပ်ရင်လည်း နီးစပ်ရာ ATM စက်တွေမှာ လွယ်လွယ်ကူကူ ထုတ်ယူလို့ ရခဲ့ကြတာပါ။ နဂို ဗဟိုဘဏ်သတ်မှတ်ချက်အရ ဘဏ်ကဒ်တစ်ခုကို တစ်နေ့ ကျပ် ၁၀ သိန်း ထုတ်ယူနိုင်သလို၊ ဘဏ်ချင်းမတူပေမယ့် Myanmar Payment Union (MPU) အဖွဲ့ဝင် မည်သည့် ဘဏ်တွေရဲ့ ATM စက်တွေမှာမဆို ဝန်ဆောင်ခ ပေးပြီး လွယ်လွယ်ကူကူ ထုတ်ယူနိုင်ခဲ့ကြပါတယ်။ ဒါဟာ ဘဏ်ကဒ် တစ်ကဒ် တစ်ပတ် ကျပ် သိန်း ၇၀ ထုတ်ယူနိုင်တဲ့ သဘောဖြစ်ပြီး ဘဏ်တွေကလည်း ATM စက်တွေမှာ ပုံမှန် ငွေဖြည့်တင်းမှုတွေ လုပ်ပေးခဲ့တာကြောင့် ငွေထုတ်ချင်သူတွေ တန်းစီရတဲ့ အခြေအနေမျိုး မတွေ့မမြင်ခဲ့ရပါဘူး။ ဒါကြောင့် ပြည်သူတွေဟာ ဗဟိုဘဏ်ရဲ့ ပိုပြီးတင်းကြပ်တဲ့ စည်းကမ်းတွေ တစ်ခုပြီး တစ်ခု ထုတ်ပြန်မှု မလုပ်သေးချိန်အထိ ဘဏ်နဲ့ ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စ အဆင်ပြေနေခဲ့ကြတာပါ။

ပြသနာက စစ်ကောင်စီကနေ မိုဘိုင်းဒေတာ စနစ်၊ ဝိုင်ဖိုင် စနစ်၊ ဘရော့ဘင်း စနစ် စတဲ့ အင်တာနက် ဝန်ဆောင်မှု ၃ မျိုး ဖြတ်တောက်ချိန်ကနေ စပါတယ်။ သန်း ဆယ်နဲ့ချီတဲ့ ပြည်သူတွေဟာ အင်တာနက် ဝန်ဆောင်မှု မရတော့တဲ့အတွက် Mobile Banking တွေ အသုံးပြုလို့ မရတော့ပါဘူး။ ဒါကြောင့် တစ်နေ့ တစ်နေ့ ကျပ်ဘီလျံပေါင်း များစွာ တန်ဘိုးရှိမယ့် ငွေကြေး လွဲှပြောင်းမှုတွေကို ကျပ်ငွေ စက္ကူ အသုံးပြုပြီး ပေးချေရတော့မယ့် အနေအထား ရောက်လာစေပါတယ်။ အဲဒီအချိန်ကစ ATM စက်တွေမှာ ငွေထုတ်ယူဖို့ စ ကြိုးစားတော့တာပါပဲ။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ စစ်တပ်ပိုင် မြဝတီဘဏ်မှာ ပြည်သူအများစု သူတို့ အပ်ငွေတွေ ထုတ်ယူဖို့ ကြိုးစားမှုတွေ ရှိခဲ့တာကြောင့် အဲဒါကို ထိမ်းချုပ်ဖို့ ဗဟိုဘဏ်ကနေ ငွေကြေး ထုတ်ယူနိုင်မယ့် စည်းကမ်းသစ် ချမှတ်ပြီး တင်းကြပ်လိုက်တာနဲ့ ကြုံကြရပါတော့တယ်။

မတ်လ ၁ ရက် နေ့စွဲနဲ့ ထုတ်တဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ATM စက်တွေကနေ ငွေသား ထုတ်ယူမှုကို တစ်ရက် ကျပ် ၅ သိန်း၊ ဘဏ်စာအုပ်နဲ့ ဘဏ်တွေမှာ ထုတ်ယူခွင့်ကို တစ်ပတ်စာ အတွက် လူပုဂ္ဂိုလ် ကျပ် သိန်း ၂၀၊ ကုမ္ပဏီ ကျပ် သိန်း ၂၀၀ ဆိုပြီး လျော့ချ သတ်မှတ်ခဲ့တဲ့အပြင် ဘဏ်ကဒ်တွေကိုလည်း မတူတဲ့ ဘဏ်တွေရဲ့ ATM စက်တွေကနေ ထုတ်ယူခွင့်ကိုပါ ကန့်သတ်လိုက်ပါတယ်။

တကယ့်တကယ် လက်တွေ့မှာတော့ ဘဏ်အတော်များများဟာ ဗဟိုဘဏ် သတ်မှတ်ချက်ထက် လျော့နည်း ထုတ်ပေးတာမျိုး လုပ်ကြပါတယ်။ ဥပမာအားဖြင့် ကမ္ဘောဇဘဏ်ဟာ ATM ကနေ ထုတ်ခွင့် တစ်ရက် ကျပ် ၂ သိန်း၊ ဘဏ်စာအုပ် တစ်ပတ်စာ ကျပ် ၁၀ သိန်းပဲ ထုတ်ပေးသလို၊ AYA ဘဏ် AGD ဘဏ်တွေ ဆိုရင် ATM စက်တွေကနေ တစ်ရက် ကျပ် တစ်သိန်းခွဲပဲ ထုတ်ပေးတော့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဘဏ်တွေကနေ ATM စက်ထဲမှာ ငွေသားဖြည့်တင်းတာကို အကန့်အသတ် လုပ်လိုက်တာ၊ ဘဏ်မှာ ငွေလာထုတ်မယ့် လူတွေကို တစ်နေ့ ဘယ်နှစ်ယောက်ပဲ ဆိုပြီး ကန့်သတ်လိုက်တဲ့အတွက် လူအများစုကြီးဟာ ကိုယ့်ငွေကိုယ် လွယ်လွယ်ကူကူ ပြန်ထုတ်ယူလို့ မရဆိုတဲ့ အခြေအနေ ဆိုက်သွားစေခဲ့ပါတယ်။

ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေထဲမှာ နိုင်ငံခြား ဝင်ငွေရှိပြီး နိုင်ငံခြားငွေ အကောင့်န့် ရှိသူတွေလည်း ပါဝင်ပါတယ်။ အဲဒီလူတွေ အနေနဲ့ သူတို့ စာရင်းထဲက နိုင်ငံခြားငွေတွေကို နိုင်ငံခြားငွေအတိုင်း လွဲှပြောင်းခွင့် မရှိတော့သလို၊ ထုတ်ယူခွင့်ကိုလည်း လုံး၀ ပိတ်ပင်လိုက်ပါတယ်။ ငွေထုတ်ယူချင်တယ် ဆိုရင် မြန်မာကျပ်ငွေနဲ့ တန်ဘိုးသင့်ပြီး ဗဟိုဘဏ် သတ်မှတ်ချက် ပမာဏအတိုင်း အခြား ဘဏ်အကောင့်န် ပိုင်ရှင်များနည်းတူပဲ ATM နဲ့ ဘဏ်တွေမှာ ထုတ်ယူရပါတော့တယ်။ ဒါတင်မက ဗဟိုဘဏ်ဟာ INGO တွေနဲ့ NGO တွေဆီ နိုင်ငံခြားကနေ လွဲှပြောင်းပေးပို့လာတဲ့ ၅ နှစ်စာ ငွေစာရင်း အသေးစိတ် ပြုစု ပေးပို့ဖို့ တောင်းခံခဲ့တာ၊ နိုင်ငံခြားကနေ ပေးပို့လာတဲ့ ပြည်တွင်း လစာငွေနဲ့ အသုံးစားရိတ် ငွေစာရင်းမှန်သမျှကို withhold လုပ် ခေတ္တ ရပ်ဆိုင်းထားစေတာ၊ ဘဏ်အသီးသီးမှာ သော့ပိတ်သေတ္တာ (safe box) ထားရှိသူတွေရဲ့ နာမည်စာရင်းတွေ ပေးပို့ဖို့ တောင်းခံတာ စတာတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။ အဲလို အခြေအနေ အကြောင်းကြောင်း တွေကြောင့် ဘဏ်တွေအပေါ် ပြည်သူတွေ ယုံကြည်မှု ကျဆင်းပြီး ငွေကြေးထုတ်ယူမှုတွေ နိုင်ငံ တနံတလျား ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒါကို ဖြေလျော့ဖို့ စစ်ကောင်စီဘက်က ကြိုးစားပါသေးတယ်။ အဲဒါကတော့ Mobile Banking လုပ်နိုင်အောင် မိုဘိုင်းဒေတာ ဝန်ဆောင်မှုကို အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးလိုက်တာပါ။ ဒါပေမယ့် အဲဒါဟာ နောက်ကျသွားခဲ့ပါပြီ။ တကယ့်ဈေးကွက်ထဲမှာ ဘဏ်ထဲမှာ ပိတ်မိနေတဲ့ ငွေစာရင်းတွေကို ပြည်သူတွေက အယုံအကြည် မရှိတော့ပဲ ငွေသားစက္ကူနဲ့သာ အရောင်းအဝယ် အပေးအယူ လုပ်နေကြပြီ ဖြစ်တာကြောင့် ငွေထုတ်ယူလိုသူ အရေအတွက် လျော့ကျမသွားပဲ ATM စက်တွေနဲ့ ဘဏ်တွေမှာ တန်းစီသူတွေကို နေ့စဉ် ဆက်ပြီး မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ခုဆိုရင် ဗဟိုဘဏ်ဟာ နောက်ထပ် ကုစားမှုအဖြစ် ၂၀၂၁ မေလ ၄ ရက်နေ့ကစ ဘဏ်တွေမှာ ငွေလာအပ်သူတွေကို အထူးငွေစာရင်း ဖွင့်ပေးမယ်၊ အဲဒီ ငွေစာရင်းပိုင်ရှင်တွေ အနေနဲ့ ငွေပြန်ထုတ်ယူလိုရင် အပ်ငွေ ပမာဏအတိုင်း အကန့်အသတ်မရှိ ပြန် ထုတ်ပေးမယ်လို့ ကြေညာလာတာပါ။ တကယ်လက်တွေ့ အဲဒီမက်လုံးဟာ အရင် ဘဏ်အပ်ငွေတုန်းက ရခဲ့တဲ့ ဝန်ဆောင်မှုမျိုးလောက်ကိုတောင် ပြန်ရမှာ မဟုတ်တဲ့အတွက် သွားအပ်သူ မရှိသလောက် ဖြစ်ပြီး ငွေအပ်ကောင်တာတွေမှာ လူတွေ ရှင်းနေတာကိုပဲ မြင်တွေ့ကြရပါတော့တယ်။

ဒီအခြေအနေတွေဟာ ၂၀၀၀ ခုနှစ် ဝန်းကျင် အဲဒီအချိန်က ထိပ်တန်းဘဏ်ကြီး ၃ ဘဏ်ဖြစ်တဲ့ အာရှဓနဘဏ်၊ မေဖလားဝါးဘဏ်၊ မြန်မာ ယူနီဗာဆယ်ဘဏ်တွေကို ငွေကြေးခဝါချမှုနဲ့ အရေးယူ ဖျက်သိမ်းလိုက်ပြီးနောက် ဘဏ်ထဲ ငွေအပ်ထားသူတွေကို တစ်နေ့ လူဘယ်နှစ်ယောက်၊ တစ်ယောက် ငွေပမာဏ ဘယ်လောက်နှုန်း ကန့်သတ်ပြီး ပြန်ထုတ်ပေးခဲ့တာမျိုးနဲ့ ဆင်တူနေပါတယ်။ ဒါတွေဟာ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေး ဦးစားပေးတဲ့ ညန်ကြားချက်တွေ၊ ဗဟိုဘဏ်ရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပေါ်ပေါက်လာရတာ ဖြစ်ပြီး ပုဂ္ဂလိကဘဏ်တွေ ပြည်သူတွေရဲ့ ယုံကြည်မှု ပြန်ရနိုင်ပါဦးမလား၊ ဆက်ပြီးတော့လည်း ရပ်တည်နိုင်ပါ့ဦးမလား ဆိုတာကိုတော့ သံသယ နဲ့ စောင့်ကြည့်နေကြရမယ့် အခြေအနေ ဆိုက်ရောက်နေကြောင်းပါ။

XS
SM
MD
LG