သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္မႈေၾကာင့္ ျမင္းမူမွာ ဆႏၵျပသူတဦး ေသဆံုး


ထားဝယ္ၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (ေမ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္ကိုင္းတုိင္း ျမင္းမူၿမိဳ႕နယ္မွာေတာ့ စစ္ေကာင္စီတပ္ေတြဘက္က ပစ္ခတ္တာေၾကာင့္ ဆႏၵျပျပည္သူ ၁ ဦး ေသဆုံးၿပီး ဒဏ္ရာရသူတခ်ိဳ႕ ရွိတယ္လို႔ ၿမိဳ႕ခံဆႏၵျပသူတဦးက ေျပာပါတယ္။ ဒါ့အျပင္ ရန္ကုန္အပါအဝင္ ၿမိဳ႕တခ်ိဳ႕မွာ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပတာေတြ ရွိခဲ့ၿပီး ကခ်င္ျပည္နယ္ ဖားကန္႔နဲ႔ ကယားျပည္နယ္ ဒီေမာဆုိၿမိဳ႕ေတြမွာေတာ့ ဆႏၵျပတဲ့သူေတြ ေထာင္နဲ႔ခ်ီရွိခဲ့တယ္လို႔ ဆုိပါတယ္။ ျမင္းမူၿမိဳ႕က ေနာက္ဆုံးအေျခအေန အပါအဝင္ ႏုိင္ငံတဝန္းက ဆႏၵျပပဲြ အေျခအေနေတြကို ကိုရန္ႏုိင္က စုစည္းတင္ျပထားပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ႏုိင္ငံတဝန္း ဆက္ျဖစ္ေနတာမွာ စစ္ကိုင္းတုိင္း ျမင္းမူၿမိဳ႕နယ္မွာေတာ့ စစ္ေကာင္စီတပ္ေတြဘက္က ဒီေန႔ ပစ္ခတ္ႏွိမ္နင္းမႈေတြ လုပ္ခဲ့တာေၾကာင့္ ေသဆုံးမႈေတြ ရွိခဲ့ပါတယ္။ ဒီေန႔မနက္ အေစာပိုင္းက ဆႏၵျပဖို႔အတြက္ လူစုေနစဥ္ ဆႏၵျပျပည္သူ ၂ ဦးကို ရဲတပ္ဖဲြ႔က ဖမ္းဆီးသြားတာကို ျပန္လႊတ္ေပးဖို႔ ရဲစခန္းေရွ႕မွာ ေတာင္းဆုိရာကေန ေသနတ္ပစ္ေဖာက္တဲ့အထိ ႏွစ္ဖက္ အေျခအေနေတြ တင္းတင္းမာမာ ျဖစ္ပြားခဲ့တာပါ။ အဲဒီေနာက္ေတာ့ ၿမိဳ႕ခံဆႏၵျပတဲ့သူေတြက လမ္းေတြကို အကာအရံေတြခ်ၿပီး ပိတ္ဆုိ႔တားဆီးရာကေန စစ္ေကာင္စီတပ္ေတြ ေန႔လယ္ ၁၂ ေက်ာ္ေလာက္မွာ ေရာက္လာၿပီးေတာ့ ပစ္ခတ္ႏွိမ္နင္းခဲ့တာပါ။

စစ္ေကာင္စီတပ္ေတြဘက္က ျမင္းမူၿမိဳ႕ ေစ်းအေရွ႕ဘက္မွာ က်ည္အစစ္ေတြ၊ ရာဘာက်ည္ေတြနဲ႔ ၁၅ မိနစ္ခန္႔ ပစ္ခတ္ခဲ့ၿပီး အဲဒီလို ပစ္ခတ္တာေၾကာင့္ ၁ ေယာက္ေသဆုံးၿပီး ေနာက္ထပ္ ၃ ေယာက္ ဒဏ္ရာရသြားတယ္လို႔ ဆႏၵျပပဲြမွာ ပါဝင္သူ ၿမိဳ႕ခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ထိခုိက္ေသဆုံးမႈ အေျခအေနက အပစ္ခံထားရတာ ၄ ေယာက္မွာ တေယာက္က ရာဘာက်ည္ ေခါင္းကို ေနာက္ေစ့ထိထားတယ္၊ တေယာက္က ခါးကိုထိထားတယ္၊ တေယာက္ကေတာ့ အေျခအေန စိုးရိမ္ရတယ္၊ တေယာက္ကေတာ့ ကြယ္လြန္သြားၿပီေပါ့။ ေသခ်ာသြားၿပီ က်ေနာ္တုိ႔ကယ္ခဲ့တဲ့ တေယာက္ကေတာ့ ေသသြားၿပီ။ အဲဒီလိုေတာ့ က်ေနာ္တုိ႔ သတင္းရထားတယ္။ ပစ္ခံရတာ ၄ ေယာက္မွာ ၁ ေယာက္ ကြယ္လြန္တာေပါ့။ ေကာင္ေလးက လက္ေမာင္းကိုမွန္ၿပီးေတာ့ လက္ေမာင္းကေန ပြင့္ထြက္ၿပီး နံထဲဝင္သြားတယ္။ က်ည္အစစ္နဲ႔ ပစ္သြားတာ။ သူတုိ႔ဘက္က ပစ္ခတ္ေတာ့ ေကာင္ေလးတေယာက္လဲသြားေတာ့ က်ေနာ္တုိ႔က အတဲြလိုက္ ဝုိင္းမၿပီးေတာ့ သယ္သြားတဲ့အခ်ိန္မွာ က်ေနာ္တုိ႔ကို ေနာက္ကေန လိုက္ပစ္လို႔ က်ေနာ္တုိ႔လည္း ေကာင္ေလးကို ပစ္ထားခဲ့ရတာေပါ့။ ခုနမွ ျပန္သြားေခၚေတာ့ မမီလိုက္ပါဘူး။”

စစ္ေကာင္စီတပ္ေတြဘက္က စစ္ကား ၄ စင္း၊ ရဲကား ၁ စင္း အပါအဝင္ လူအင္အား ၈၀ ေလာက္နဲ႔ ေရာက္လာၿပီး ပစ္ခတ္ႏွိမ္နင္းခဲ့တာျဖစ္ၿပီး ေနအိမ္တခ်ိဳ႕ ေသနတ္က်ည္ထိမွန္တာေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ဖမ္းဆီးမႈေတြလည္း ရွိေနၿပီး ဒဏ္ရာရလို႔ ေဆး႐ုံမွာ သြားေရာက္ကုသေနသူတခ်ိဳ႕ အဖမ္းခံရတယ္လို႔လည္း သူက ေျပာပါတယ္။

“ဖမ္းခံရတာက က်ေနာ္တုိ႔ ဆႏၵျပဖို႔ လူစုလူေဝးလုပ္တဲ့အခ်ိန္မွာ ၂ ေယာက္ ဖမ္းသြားတယ္။ ေဆးကုသဖို႔သြားတဲ့ ေကာင္ေလး ၂ ေယာက္ကိုလည္း လမ္းမွာ ဆဲြစိထားတယ္လို႔ ၾကားတယ္။ ေလာေလာဆယ္ က်ေနာ္တုိ႔ အျပင္ထြက္လို႔ မရေသးဘူး၊ ဖုန္းနဲ႔ပဲ အားလုံး အဆက္အသြယ္ လုပ္ေနၾကတယ္ဗ်။ ဒဏ္ရာနည္းနည္းမ်ားလို႔ ေဆးကုဖို႔သြားတဲ့သူေတြကိုေတာ့ ႐ုိက္ႏွက္ၿပီးေတာ့ ဖမ္းထားတယ္လို႔ က်ေနာ္တုိ႔ ၾကားတယ္။”

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး ႏုိင္ငံတဝန္းက ဆႏၵျပပဲြေတြကို စစ္ေကာင္စီဘက္က ပစ္ခတ္ႏွိမ္နင္းမႈေတြေၾကာင့္ ေသဆုံးသူဦးေရဟာ ၇၇၀ ေက်ာ္သြားၿပီျဖစ္ၿပီး ဖမ္းဆီးခံထားရသူဟာ ၄,၀၀၀ ေလာက္ရွိသြားၿပီျဖစ္တယ္လို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က သတင္းထုတ္ျပန္ထားပါတယ္။ တခ်ိဳ႕သတင္းေတြမွာေတာ့ ေသဆုံးသူက ၈၀၀ ေက်ာ္သြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ရန္ကုန္၊ မႏၱေလး၊ မိတၳီလာ၊ မုံရြာ၊ တန္႔ဆည္၊ ေျမာင္၊ ကနီ၊ ဆားလင္းႀကီး၊ ၿမိဳင္၊ ေမာ္လၿမိဳင္၊ ၿမိတ္၊ ထားဝယ္၊ ကန္ေဘာက္၊ ေလာင္းလုံ၊ သရက္ေခ်ာင္း စတဲ့ၿမိဳ႕ေတြမွာလည္း ဆႏၵျပတဲ့သူ ရာေပါင္းမ်ားစြာက အ႐ုဏ္ဦးသပိတ္၊ ဘူးသပိတ္၊ ဆိုင္ကယ္သပိတ္၊ ေက်ာက္မ်က္သပိတ္ စတာေတြကို ဆင္ႏဲႊခဲ့ၾကပါတယ္။ ဒါ့အျပင္ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နဲ႔ ကယားျပည္နယ္ ဒီေမာဆုိၿမိဳ႕ေတြမွာေတာ့ ဒီေန႔မွာ ေက်ာင္းသားလူငယ္ေတြ၊ ဆရာ ဆရာမေတြ အပါအဝင္ ဆႏၵျပတဲ့သူေတြ ေထာင္နဲ႔ခ်ီရွိခဲ့ၿပီး NUG အမ်ိဳးသားညီညြတ္ေရးအစိုးရကို ေထာက္ခံေၾကာင္း၊ စစ္ကၽြန္ပညာေရးစနစ္ကို လက္မခံေၾကာင္း စတဲ့ ပိုစတာေတြ၊ စာတန္းေတြ ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ပစ်ခတ်မှုကြောင့် မြင်းမူမှာ ဆန္ဒပြသူတဦး သေဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်တာကြောင့် ဆန္ဒပြပြည်သူ ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတယ်လို့ မြို့ခံဆန္ဒပြသူတဦးက ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်အပါအဝင် မြို့တချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ရှိခဲ့ပြီး ကချင်ပြည်နယ် ဖားကန့်နဲ့ ကယားပြည်နယ် ဒီမောဆိုမြို့တွေမှာတော့ ဆန္ဒပြတဲ့သူတွေ ထောင်နဲ့ချီရှိခဲ့တယ်လို့ ဆိုပါတယ်။ မြင်းမူမြို့က နောက်ဆုံးအခြေအနေ အပါအဝင် နိုင်ငံတဝန်းက ဆန္ဒပြပွဲ အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဆက်ဖြစ်နေတာမှာ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေဘက်က ဒီနေ့ ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီနေ့မနက် အစောပိုင်းက ဆန္ဒပြဖို့အတွက် လူစုနေစဉ် ဆန္ဒပြပြည်သူ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာကို ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ တောင်းဆိုရာကနေ သေနတ်ပစ်ဖောက်တဲ့အထိ နှစ်ဖက် အခြေအနေတွေ တင်းတင်းမာမာ ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက်တော့ မြို့ခံဆန္ဒပြတဲ့သူတွေက လမ်းတွေကို အကာအရံတွေချပြီး ပိတ်ဆို့တားဆီးရာကနေ စစ်ကောင်စီတပ်တွေ နေ့လယ် ၁၂ ကျော်လောက်မှာ ရောက်လာပြီးတော့ ပစ်ခတ်နှိမ်နင်းခဲ့တာပါ။

စစ်ကောင်စီတပ်တွေဘက်က မြင်းမူမြို့ ဈေးအရှေ့ဘက်မှာ ကျည်အစစ်တွေ၊ ရာဘာကျည်တွေနဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ပြီး အဲဒီလို ပစ်ခတ်တာကြောင့် ၁ ယောက်သေဆုံးပြီး နောက်ထပ် ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ထိခိုက်သေဆုံးမှု အခြေအနေက အပစ်ခံထားရတာ ၄ ယောက်မှာ တယောက်က ရာဘာကျည် ခေါင်းကို နောက်စေ့ထိထားတယ်၊ တယောက်က ခါးကိုထိထားတယ်၊ တယောက်ကတော့ အခြေအနေ စိုးရိမ်ရတယ်၊ တယောက်ကတော့ ကွယ်လွန်သွားပြီပေါ့။ သေချာသွားပြီ ကျနော်တို့ကယ်ခဲ့တဲ့ တယောက်ကတော့ သေသွားပြီ။ အဲဒီလိုတော့ ကျနော်တို့ သတင်းရထားတယ်။ ပစ်ခံရတာ ၄ ယောက်မှာ ၁ ယောက် ကွယ်လွန်တာပေါ့။ ကောင်လေးက လက်မောင်းကိုမှန်ပြီးတော့ လက်မောင်းကနေ ပွင့်ထွက်ပြီး နံထဲဝင်သွားတယ်။ ကျည်အစစ်နဲ့ ပစ်သွားတာ။ သူတို့ဘက်က ပစ်ခတ်တော့ ကောင်လေးတယောက်လဲသွားတော့ ကျနော်တို့က အတွဲလိုက် ဝိုင်းမပြီးတော့ သယ်သွားတဲ့အချိန်မှာ ကျနော်တို့ကို နောက်ကနေ လိုက်ပစ်လို့ ကျနော်တို့လည်း ကောင်လေးကို ပစ်ထားခဲ့ရတာပေါ့။ ခုနမှ ပြန်သွားခေါ်တော့ မမီလိုက်ပါဘူး။”

စစ်ကောင်စီတပ်တွေဘက်က စစ်ကား ၄ စင်း၊ ရဲကား ၁ စင်း အပါအဝင် လူအင်အား ၈၀ လောက်နဲ့ ရောက်လာပြီး ပစ်ခတ်နှိမ်နင်းခဲ့တာဖြစ်ပြီး နေအိမ်တချို့ သေနတ်ကျည်ထိမှန်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ် ဖမ်းဆီးမှုတွေလည်း ရှိနေပြီး ဒဏ်ရာရလို့ ဆေးရုံမှာ သွားရောက်ကုသနေသူတချို့ အဖမ်းခံရတယ်လို့လည်း သူက ပြောပါတယ်။

“ဖမ်းခံရတာက ကျနော်တို့ ဆန္ဒပြဖို့ လူစုလူဝေးလုပ်တဲ့အချိန်မှာ ၂ ယောက် ဖမ်းသွားတယ်။ ဆေးကုသဖို့သွားတဲ့ ကောင်လေး ၂ ယောက်ကိုလည်း လမ်းမှာ ဆွဲစိထားတယ်လို့ ကြားတယ်။ လောလောဆယ် ကျနော်တို့ အပြင်ထွက်လို့ မရသေးဘူး၊ ဖုန်းနဲ့ပဲ အားလုံး အဆက်အသွယ် လုပ်နေကြတယ်ဗျ။ ဒဏ်ရာနည်းနည်းများလို့ ဆေးကုဖို့သွားတဲ့သူတွေကိုတော့ ရိုက်နှက်ပြီးတော့ ဖမ်းထားတယ်လို့ ကျနော်တို့ ကြားတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၇၇၀ ကျော်သွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူဟာ ၄,၀၀၀ လောက်ရှိသွားပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။ တချို့သတင်းတွေမှာတော့ သေဆုံးသူက ၈၀၀ ကျော်သွားပြီဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ မုံရွာ၊ တန့်ဆည်၊ မြောင်၊ ကနီ၊ ဆားလင်းကြီး၊ မြိုင်၊ မော်လမြိုင်၊ မြိတ်၊ ထားဝယ်၊ ကန်ဘောက်၊ လောင်းလုံ၊ သရက်ချောင်း စတဲ့မြို့တွေမှာလည်း ဆန္ဒပြတဲ့သူ ရာပေါင်းများစွာက အရုဏ်ဦးသပိတ်၊ ဘူးသပိတ်၊ ဆိုင်ကယ်သပိတ်၊ ကျောက်မျက်သပိတ် စတာတွေကို ဆင်နွဲှခဲ့ကြပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ ကယားပြည်နယ် ဒီမောဆိုမြို့တွေမှာတော့ ဒီနေ့မှာ ကျောင်းသားလူငယ်တွေ၊ ဆရာ ဆရာမတွေ အပါအဝင် ဆန္ဒပြတဲ့သူတွေ ထောင်နဲ့ချီရှိခဲ့ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း၊ စစ်ကျွန်ပညာရေးစနစ်ကို လက်မခံကြောင်း စတဲ့ ပိုစတာတွေ၊ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG