သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တကၠသိုလ္ေတြ ျပန္ဖြင့္ေပမယ့္ တက္ေရာက္သူ အလြန္နည္းပါး


ေက်ာင္းေတြ ျပန္ဖြင့္မယ့္အေပၚ ထားဝယ္ၿမိဳ႕က ဆန္႔က်င္ဆႏၵျပပြဲ။ (ေမ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ရန္ကုန္၊ မႏၱေလး အပါအဝင္ ၿမိဳ႕တခ်ိဳ႕မွာ တကၠသိုလ္ေတြကို ျပန္ဖြင့္ေနေပမယ့္လည္း တကၠသိုလ္ေတြမွာ ေက်ာင္းတက္တဲ့သူ အေရအတြက္ဟာ ဆယ္ဂဏန္းေလာက္ပဲ ရွိတယ္လို႔ တကၠသိုလ္ဆရာ၊ ဆရာမေတြက ေျပာပါတယ္။ အာဏာသိမ္းစစ္ေကာင္စီက ေက်ာင္းေတြျပန္ဖြင့္ဖို႔ ေက်ာင္းသားေတြ ေက်ာင္းျပန္တက္ဖို႔ လုပ္ေဆာင္ေနေပမယ့္လည္း ႏုိင္ငံတဝန္းမွာေတာ့ ဆႏၵျပသပိတ္ေတြနဲ႔အတူ ေက်ာင္းမတက္ေရး ဆႏၵျပလႈပ္ရွားမႈေတြ ဆက္လက္ျဖစ္ပြားေနပါတယ္။ ဒီအေျခအေန အျပည့္အစုံကိုေတာ့ ကိုရန္ႏုိင္က စုစည္းတင္ျပထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ၃ လ ေက်ာ္လာၿပီ ျဖစ္ေပမယ့္လည္း ႏုိင္ငံတဝန္းက ၿမိဳ႕ေတြအေတာ္မ်ားမ်ားမွာေတာ့ စစ္ေကာင္စီကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြက ပုံစံမ်ိဳးစုံနဲ႔ ဆက္ၿပီးေတာ့ ျဖစ္ပြားေနပါတယ္။ အခုရက္ပိုင္းေတြအတြင္း စစ္ေကာင္စီဘက္က တကၠသိုလ္ေက်ာင္းေတြကို ျပန္ဖြင့္ၿပီး အေျခခံပညာေက်ာင္းေတြကိုလည္း ျပန္ဖြင့္ဖို႔ လုပ္လာေနတဲ့အတြက္ စစ္ကၽြန္ပညာေရး အလိုမရွိေၾကာင္း ကန္႔ကြက္ဆႏၵျပတာေတြ ၿမိဳ႕ေတြ အေတာ္မ်ားမ်ားမွာ ျဖစ္လာေနပါတယ္။ စစ္ကိုင္းတုိင္း မုံရြာၿမိဳ႕နယ္ ေရာင္ေတာ္ထုံးေက်းရြာမွာေတာ့ ျပည္သူေတြနဲ႔အတူ ေက်ာင္းသား ေက်ာင္းသူေတြကလည္း စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္တဲ့အေနနဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္ စစ္ကိုင္းၿမိဳ႕က အမွတ္ ၁ အေျခခံပညာအထက္တန္းေက်ာင္းမွာ ဆုိရင္လည္း ဒီေန႔မနက္ အေစာပိုင္းက စစ္ကၽြန္ပညာေရးကို ဆန္႔က်င္တဲ့အေနနဲ႔ ေက်ာင္းသားလူငယ္ေတြက ေဆးနီေတြနဲ႔မႈတ္ၿပီး ကန္႔ကြက္ဆႏၵျပခဲ့ၾကသလို ရွမ္းျပည္နယ္ ပင္ေလာင္းၿမိဳ႕မွာဆုိရင္လည္း အလားတူ ဆႏၵျပတာေတြ ရွိခဲ့ပါတယ္။ ေက်ာင္းသားေတြက ေဆးနီေတြ မႈတ္ေဆးေတြ ပိုစတာေတြနဲ႔ ေက်ာင္းသားေတြ ေက်ာင္းမတက္ၾကဖို႔နဲ႔ ဆရာ၊ ဆရာမေတြ CDM ဆက္လက္လုပ္ေဆာင္ၾကဖို႔ ေတာင္းဆုိခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံ ေတာင္ဘက္ျခမ္း ေမာ္လၿမိဳင္ၿမိဳ႕က အမွတ္ ၁၀ အထက္တန္းေက်ာင္းမွာလည္း စစ္ကၽြန္ပညာေရးကို ဆန္႔က်င္တဲ့ ဆႏၵျပ လႈပ္ရွားမႈေတြ ဒီေန႔မွာ ျပဳလုပ္ခဲ့ၿပီး CDM မလုပ္ရေသးတဲ့ ဆရာ၊ ဆရာမေတြကိုလည္း CDM လႈပ္ရွားမႈမွာ ပါဝင္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ ဒါ့အျပင္ တနသၤာရီတုိင္း ေရျဖဴၿမိဳ႕နယ္က ဂန္႔ေဂါေတာင္ရြာမွာ ေက်ာင္းသားလူငယ္ေတြ၊ ဆရာ၊ ဆရာမေတြနဲ႔ ၿမိဳ႕ခံေတြေပါင္းၿပီးေတာ့ စစ္ကၽြန္ပညာေရး အလိုမရွိ၊ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကို ေထာက္ခံေၾကာင္း ပိုစတာေတြ စာတန္းေတြ ကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာပဲ ရန္ကုန္က ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္မွာရွိတဲ့ အထက ၂ ေက်ာင္းဝန္းအတြင္းမွာလည္း ဒီေန႔မွာ ဗုံးကဲြမႈတခု ျဖစ္ပြားခဲ့ပါတယ္။

အခုလို ႏုိင္ငံတဝန္း ေက်ာင္းမတက္ေရး လႈပ္ရွားမႈေတြ လုပ္ေဆာင္ေနတာနဲ႔ ပတ္သက္ၿပီး ရန္ကုန္က အေျခခံပညာ ေက်ာင္းဆရာမတဦးကလည္း သူ႔ရဲ႕ သေဘာထားကို အခုလို ေျပာပါတယ္။

“မတက္ေစခ်င္ေသးဘူး၊ ဘာျဖစ္လို႔လဲဆုိေတာ့ ဘယ္ေနရာမွ မလုံၿခဳံေသးလို႔ပါ။ ေနာက္တခုက သိသာတဲ့ေနရာမွာလည္း ဗုံးေတြေပါက္တယ္၊ မသိသာတဲ့ ေနရာမွာလည္း ဗုံးေတြေပါက္တယ္။ ဘာတခုမွ က်မတုိ႔ တပည့္ေလးေတြကို ထိခုိက္နစ္နာမႈ မရွိေစခ်င္လို႔ပါ။”

တခ်ိန္တည္းမွာပဲ ႏုိင္ငံတဝန္းက တကၠသိုလ္ေတြကိုေတာ့ ၿပီးခဲ့တဲ့ ေမလ ၅ ရက္ေန႔က ျပန္ဖြင့္လွစ္လိုက္ပါတယ္။ စစ္ေကာင္စီဘက္က အခုလို တကၠသိုလ္ေတြကို ျပန္ဖြင့္ခဲ့ေပမယ့္လည္း ေက်ာင္းေတြမွာေတာ့ ေက်ာင္းတက္တဲ့သူ သိပ္မရွိဘဲ ဆယ္ဂဏန္းေလာက္ပဲ ရွိတယ္လို႔ တကၠသိုလ္ ဆရာမတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ေက်ာင္းေတြဖြင့္ဖို႔ေတာ့ လုပ္ေနတာပါ။ သူတုိ႔က ဖြင့္တယ္။ ၅ ရက္ေန႔ကတည္းက ေၾကညာလိုက္တယ္ ေက်ာင္းဖြင့္ၿပီလို႔။ ၅ ရက္ေန႔ကတည္းက ေက်ာင္းဖြင့္တယ္။ ဒါေပမယ့္ ေက်ာင္းသူေက်ာင္းသား အမ်ားစုက မသိဘူး။ အမ်ားစု ဘာလို႔မသိလဲဆုိေတာ့ သူတုိ႔ဟာ ေတာေတာင္ေရေျမေတြထဲမွာ ေနရတဲ့အတြက္ သူတုိ႔မွာ Wi-Fi ေတြ အင္တာနက္ေတြ မရွိဘူး။ သတင္းေတြတက္တာ မရွိဘူး။ ေနာက္ၿပီးေတာ့ အခု သူမ်ားေျပာသေလာက္ သိရတာကေတာ့ တေယာက္နဲ႔ တေယာက္ နင္တက္မလား၊ ငါတက္မလား တေယာက္နဲ႔တေယာက္ ေျပာၾကတာလည္း မရွိဘူး။ အနည္းအက်ဥ္းလို႔ပဲ ေျပာရမွာေပါ့။ အနည္းအက်ဥ္းဆုိတာ ဆယ္ဂဏန္းပဲ ရွိမွာေပါ့။ ေတာင္ႀကီးကို လွမ္းေမးလိုက္ရင္လည္း ၅ ေယာက္ ၆ ေယာက္ပဲေပါ့။ ဒီမွာလည္း အခု ဘယ္ေလာက္ရွိလဲဆုိ ၅ ေယာက္ ၆ ေယာက္ပဲ ရွိၾကပါတယ္။ ဆရာ၊ ဆရာမေတြလည္း မရွိဘူး။ ဆရာ၊ ဆရာမလည္း မရွိ၊ ေက်ာင္းသားလည္းမရွိေတာ့ ဘယ္လိုလုပ္ ေအာင္ျမင္မွာလဲ။”

တကၠသုိလ္ေက်ာင္းေတြက တခ်ိဳ႕ ဆရာ၊ ဆရာမေတြ အလုပ္ျပန္ဆင္းတာေတြ ရွိေနေပမယ့္လည္း အဲဒီလို အလုပ္ျပန္ဆင္းေနၾကသူ အမ်ားစုဟာ ဖမ္းဆီးခံရမွာ ေၾကာက္တာေၾကာင့္ ျပန္ဆင္းေနရတာျဖစ္ၿပီး စစ္ေကာင္စီဘက္ကလည္း အလုပ္မဆင္းတဲ့သူေတြကို ပုဒ္မ ၅၀၅ (က) နဲ႔ တရားစဲြတာေတြ လုပ္မယ္လို႔ ၿခိမ္းေျခာက္တာေတြ ရွိေနတယ္လို႔လည္း သူက ေျပာပါတယ္။ မုံရြာၿမိဳ႕မွာလည္း တကၠသိုလ္ေတြကို ျပန္ဖြင့္လိုက္ေပမယ့္လည္း ေက်ာင္းတက္တဲ့သူဦးေရဟာ ဆယ္ဂဏန္းေလာက္ပဲ ရွိတယ္လို႔ မုံရြာၿမိဳ႕က ေက်ာင္းဆရာတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ေက်ာင္းေတြျပန္ဖြင့္တယ္ ဆုိတာက သူတုိ႔က ေက်ာင္းေတြဖြင့္လိုက္ၿပီလို႔ပဲ ေျပာတာ။ ဆရာ၊ ဆရာမ အင္အားလည္း မရွိဘူး၊ ေက်ာင္းသားအင္အားလည္း မရွိဘူး။ လာတက္တဲ့သူလည္း မရွိဘူး။ TU မုံရြာ နည္းပညာတကၠသိုလ္မွာဆိုရင္ တေယာက္မွကို လာမတက္ဘူး။ အဲဒီမွာ ဆရာ၊ ဆရာမထဲက Non-CDM တခ်ိဳ႕ေတာ့ သြားတက္တယ္။ မုံရြာတကၠသိုလ္ ဆုိလို႔ရွိရင္လည္း ၉၀ ရာခုိင္ႏႈန္းေက်ာ္ ေက်ာင္းမတက္ဘူး။ ေက်ာင္းသူေက်ာင္းသား အားလုံး စုစုေပါင္းမွ အေယာက္ ၂၀ ေလာက္ပဲ လာတက္တယ္။ ဒါလည္း ပထမရက္ပဲ လာတက္ၿပီး ေနာက္ရက္က်ေတာ့ မတက္ၾကေတာ့ဘူး။”

ႏုိင္ငံတဝန္းက CDM လို႔ေခၚတဲ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ပါဝင္တာေၾကာင့္ စစ္ေကာင္စီဘက္က အလုပ္ထုတ္ပစ္လိုက္တဲ့ တကၠသိုလ္ေကာလိပ္က ဌာနမွဴးေတြ အပါအဝင္ ဆရာ၊ ဆရာမေတြ၊ ပညာေရးဝန္ထမ္းေတြဟာ ရန္ကုန္တကၠသို္လ္ ေကာလိပ္ေတြမွာ ၂,၀၀၀ နီးပါး ရွိသြားၿပီျဖစ္ၿပီး တႏုိင္ငံလုံးမွာေတာ့ ၇,၀၀၀ ေက်ာ္သြားၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

စစ္ကၽြန္ပညာေရးကို ကန္႔ကြက္တဲ့ ဆႏၵျပပဲြေတြအျပင္ ႏုိင္ငံတဝန္း ဆႏၵျပသပိတ္ေတြ ေန႔စဥ္လိုလို ဆက္ျဖစ္ေနၿပီး မႏၱေလး၊ ေတာင္ႀကီး၊ ဖားကန္႔၊ မိတၳီလာ အပါအဝင္ ရန္ကုန္က ေတာင္ဥကၠလာပၿမိဳ႕နယ္မွာလည္း ဒီေန႔မွာ စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္တဲ့ ဆႏၵျပသပိတ္ေတြ ဆက္ၿပီးေတာ့ ျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

တက္ကသိုလ်တွေ ပြန်ဖွင့်ပေမယ့် တက်ရောက်သူ အလွန်နည်းပါး

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့တချို့မှာ တက္ကသိုလ်တွေကို ပြန်ဖွင့်နေပေမယ့်လည်း တက္ကသိုလ်တွေမှာ ကျောင်းတက်တဲ့သူ အရေအတွက်ဟာ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်လို့ တက္ကသိုလ်ဆရာ၊ ဆရာမတွေက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ဖို့ ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့ လုပ်ဆောင်နေပေမယ့်လည်း နိုင်ငံတဝန်းမှာတော့ ဆန္ဒပြသပိတ်တွေနဲ့အတူ ကျောင်းမတက်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ၃ လ ကျော်လာပြီ ဖြစ်ပေမယ့်လည်း နိုင်ငံတဝန်းက မြို့တွေအတော်များများမှာတော့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေက ပုံစံမျိုးစုံနဲ့ ဆက်ပြီးတော့ ဖြစ်ပွားနေပါတယ်။ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီဘက်က တက္ကသိုလ်ကျောင်းတွေကို ပြန်ဖွင့်ပြီး အခြေခံပညာကျောင်းတွေကိုလည်း ပြန်ဖွင့်ဖို့ လုပ်လာနေတဲ့အတွက် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြတာတွေ မြို့တွေ အတော်များများမှာ ဖြစ်လာနေပါတယ်။ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ရောင်တော်ထုံးကျေးရွာမှာတော့ ပြည်သူတွေနဲ့အတူ ကျောင်းသား ကျောင်းသူတွေကလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ ဆိုရင်လည်း ဒီနေ့မနက် အစောပိုင်းက စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းသားလူငယ်တွေက ဆေးနီတွေနဲ့မှုတ်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသလို ရှမ်းပြည်နယ် ပင်လောင်းမြို့မှာဆိုရင်လည်း အလားတူ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ ကျောင်းသားတွေက ဆေးနီတွေ မှုတ်ဆေးတွေ ပိုစတာတွေနဲ့ ကျောင်းသားတွေ ကျောင်းမတက်ကြဖို့နဲ့ ဆရာ၊ ဆရာမတွေ CDM ဆက်လက်လုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ တောင်ဘက်ခြမ်း မော်လမြိုင်မြို့က အမှတ် ၁၀ အထက်တန်းကျောင်းမှာလည်း စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေ ဒီနေ့မှာ ပြုလုပ်ခဲ့ပြီး CDM မလုပ်ရသေးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်က ဂန့်ဂေါတောင်ရွာမှာ ကျောင်းသားလူငယ်တွေ၊ ဆရာ၊ ဆရာမတွေနဲ့ မြို့ခံတွေပေါင်းပြီးတော့ စစ်ကျွန်ပညာရေး အလိုမရှိ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ပိုစတာတွေ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန်က ယုဇနဥယျာဉ်မြို့တော်မှာရှိတဲ့ အထက ၂ ကျောင်းဝန်းအတွင်းမှာလည်း ဒီနေ့မှာ ဗုံးကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

အခုလို နိုင်ငံတဝန်း ကျောင်းမတက်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ရန်ကုန်က အခြေခံပညာ ကျောင်းဆရာမတဦးကလည်း သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“မတက်စေချင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နေရာမှ မလုံခြုံသေးလို့ပါ။ နောက်တခုက သိသာတဲ့နေရာမှာလည်း ဗုံးတွေပေါက်တယ်၊ မသိသာတဲ့ နေရာမှာလည်း ဗုံးတွေပေါက်တယ်။ ဘာတခုမှ ကျမတို့ တပည့်လေးတွေကို ထိခိုက်နစ်နာမှု မရှိစေချင်လို့ပါ။”

တချိန်တည်းမှာပဲ နိုင်ငံတဝန်းက တက္ကသိုလ်တွေကိုတော့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ပြန်ဖွင့်လှစ်လိုက်ပါတယ်။ စစ်ကောင်စီဘက်က အခုလို တက္ကသိုလ်တွေကို ပြန်ဖွင့်ခဲ့ပေမယ့်လည်း ကျောင်းတွေမှာတော့ ကျောင်းတက်တဲ့သူ သိပ်မရှိဘဲ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်လို့ တက္ကသိုလ် ဆရာမတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျောင်းတွေဖွင့်ဖို့တော့ လုပ်နေတာပါ။ သူတို့က ဖွင့်တယ်။ ၅ ရက်နေ့ကတည်းက ကြေညာလိုက်တယ် ကျောင်းဖွင့်ပြီလို့။ ၅ ရက်နေ့ကတည်းက ကျောင်းဖွင့်တယ်။ ဒါပေမယ့် ကျောင်းသူကျောင်းသား အများစုက မသိဘူး။ အများစု ဘာလို့မသိလဲဆိုတော့ သူတို့ဟာ တောတောင်ရေမြေတွေထဲမှာ နေရတဲ့အတွက် သူတို့မှာ Wi-Fi တွေ အင်တာနက်တွေ မရှိဘူး။ သတင်းတွေတက်တာ မရှိဘူး။ နောက်ပြီးတော့ အခု သူများပြောသလောက် သိရတာကတော့ တယောက်နဲ့ တယောက် နင်တက်မလား၊ ငါတက်မလား တယောက်နဲ့တယောက် ပြောကြတာလည်း မရှိဘူး။ အနည်းအကျဉ်းလို့ပဲ ပြောရမှာပေါ့။ အနည်းအကျဉ်းဆိုတာ ဆယ်ဂဏန်းပဲ ရှိမှာပေါ့။ တောင်ကြီးကို လှမ်းမေးလိုက်ရင်လည်း ၅ ယောက် ၆ ယောက်ပဲပေါ့။ ဒီမှာလည်း အခု ဘယ်လောက်ရှိလဲဆို ၅ ယောက် ၆ ယောက်ပဲ ရှိကြပါတယ်။ ဆရာ၊ ဆရာမတွေလည်း မရှိဘူး။ ဆရာ၊ ဆရာမလည်း မရှိ၊ ကျောင်းသားလည်းမရှိတော့ ဘယ်လိုလုပ် အောင်မြင်မှာလဲ။”

တက္ကသိုလ်ကျောင်းတွေက တချို့ ဆရာ၊ ဆရာမတွေ အလုပ်ပြန်ဆင်းတာတွေ ရှိနေပေမယ့်လည်း အဲဒီလို အလုပ်ပြန်ဆင်းနေကြသူ အများစုဟာ ဖမ်းဆီးခံရမှာ ကြောက်တာကြောင့် ပြန်ဆင်းနေရတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အလုပ်မဆင်းတဲ့သူတွေကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲတာတွေ လုပ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။ မုံရွာမြို့မှာလည်း တက္ကသိုလ်တွေကို ပြန်ဖွင့်လိုက်ပေမယ့်လည်း ကျောင်းတက်တဲ့သူဦးရေဟာ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်လို့ မုံရွာမြို့က ကျောင်းဆရာတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျောင်းတွေပြန်ဖွင့်တယ် ဆိုတာက သူတို့က ကျောင်းတွေဖွင့်လိုက်ပြီလို့ပဲ ပြောတာ။ ဆရာ၊ ဆရာမ အင်အားလည်း မရှိဘူး၊ ကျောင်းသားအင်အားလည်း မရှိဘူး။ လာတက်တဲ့သူလည်း မရှိဘူး။ TU မုံရွာ နည်းပညာတက္ကသိုလ်မှာဆိုရင် တယောက်မှကို လာမတက်ဘူး။ အဲဒီမှာ ဆရာ၊ ဆရာမထဲက Non-CDM တချို့တော့ သွားတက်တယ်။ မုံရွာတက္ကသိုလ် ဆိုလို့ရှိရင်လည်း ၉၀ ရာခိုင်နှုန်းကျော် ကျောင်းမတက်ဘူး။ ကျောင်းသူကျောင်းသား အားလုံး စုစုပေါင်းမှ အယောက် ၂၀ လောက်ပဲ လာတက်တယ်။ ဒါလည်း ပထမရက်ပဲ လာတက်ပြီး နောက်ရက်ကျတော့ မတက်ကြတော့ဘူး။”

နိုင်ငံတဝန်းက CDM လို့ခေါ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တာကြောင့် စစ်ကောင်စီဘက်က အလုပ်ထုတ်ပစ်လိုက်တဲ့ တက္ကသိုလ်ကောလိပ်က ဌာနမှူးတွေ အပါအဝင် ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေဟာ ရန်ကုန်တက္ကသိုလ် ကောလိပ်တွေမှာ ၂,၀၀၀ နီးပါး ရှိသွားပြီဖြစ်ပြီး တနိုင်ငံလုံးမှာတော့ ၇,၀၀၀ ကျော်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကျွန်ပညာရေးကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေအပြင် နိုင်ငံတဝန်း ဆန္ဒပြသပိတ်တွေ နေ့စဉ်လိုလို ဆက်ဖြစ်နေပြီး မန္တလေး၊ တောင်ကြီး၊ ဖားကန့်၊ မိတ္ထီလာ အပါအဝင် ရန်ကုန်က တောင်ဥက္ကလာပမြို့နယ်မှာလည်း ဒီနေ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသပိတ်တွေ ဆက်ပြီးတော့ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG