သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံအႏွံ႔ ပညာေရး အေဆာက္အဦးတခ်ိဳ႕ ဗံုးခဲြခံရ


မတ္လ ၁၂ ရက္ေန႔က ေတြ႔ရတဲ့ လံုၿခံဳေရးရဲမ်ား

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ေက်ာင္းေတြကို ျပန္ဖြင့္ဖုိ႔ အာဏာသိမ္း စစ္ေကာင္စီက ျပင္ဆင္ေနခ်ိန္ ပညာေရးနဲ႔ဆိုင္တဲ့ အေဆာက္အဦးေတြနားမွာ ဗံုးေပါက္ပြဲမႈေတြ ျဖစ္ေနပါတယ္။ ရန္ကုန္၊ ေမာ္လၿမိဳင္၊ ၿမိဳင္၊ လႈိင္းဘဲြ႔စတဲ့ ၿမိဳ႕ေတြမွာ ဗံုးေတြ ေပါက္ကဲြခဲ့တာပါ။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကုိ ကိုရဲမြန္ကတင္ျပပါမယ္။

ေမလ ၃ ရက္ တနလၤာေန႔ထဲက ေက်ာင္းဆရာ ဆရာမေတြ အလုပ္ခြင္ျပန္ဝင္ၾကဖုိ႔ ပညာေရးဝန္ႀကီးဌာနက ညႊန္ၾကားခ်က္ ထုတ္ထားခ်ိန္မွာ ေက်ာင္းဝန္းေတြ၊ ပညာေရးဆိုင္ရာ ႐ံုးေတြနားမွာ ဗံုးေပါက္ကြဲမႈေတြျဖစ္ေနပါတယ္။ ရန္ကုန္ၿမိဳ႕ သကၤန္းကၽြန္းၿမိဳ႕နယ္ထဲက သုဝဏၰအထက္တန္းေက်ာင္းမွာ အဂၤါေန႔ ညေနပိုင္းက ဗံုးေပါက္ကြဲခဲ့တာနဲ႔ ပတ္သက္လို႔ ေက်ာင္းနားမွာေနသူတေယာက္က ခုလိုေျပာျပပါတယ္။

"အမတို႔ အိမ္နဲ႔ ေက်ာင္းနဲ႔ဆိုရင္ ေက်ာင္းက အမတို႔ အိမ္ရဲ႕ ေနာက္ဘက္မွာေပါ့ေနာ္။ အမတို႔က အိမ္ေရွ႕မွာ ထိုင္ေနတာ။ ထိုင္ေနတဲ့အခ်ိန္ ၃ နာရီခြဲဝန္းက်င္ေလာက္မွာ ဝုန္းခနဲ႔ဆို ၾကားလိုက္တာ။ အဲ့ဒီလိုၾကားေတာ့ဟာ ဗုံးေပါက္တယ္ဆိုၿပီးေတာ့ သြားၾကတာေပါ့။ အမတို႔ကေတာ့ ေက်ာင္းေရွ႕ထိ မေရာက္ခဲ့ဘူး။ ေရာက္ခဲ့တဲ့သူေတြ ေျပာတာကေတာ့ ေက်ာင္းဝင္းထဲမွာ ဗုံးေပါက္တယ္ေပါ့ အမတို႔ အဲ့ဒီလို သိရတယ္ေပါ့။"

သုဝဏၰအထက္တန္းေက်ာင္းမွာ ေန႔လယ္ပိုင္းက ဆရာေတြ အစည္းအေဝး႐ွိခဲ့ေပမဲ့ ေပါက္ကြဲမႈျဖစ္တဲ့အခ်ိန္မွာေတာ့ ေက်ာင္းမွာ ဘယ္သူမွ ရွိမေနေတာ့ဘူးလို႔လည္း သူကေျပာပါတယ္။ အဂၤါေန႔ မနက္အေစာပိုင္းကလည္း မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕က ေမာ္လၿမိဳင္ပညာေရးေကာလိပ္ဝန္းထဲမွာ ဗံုးေပါက္ကြဲတ့ဲအတြက္ ညကင္းေစာင့္တစ္ဦး ေျခလက္ဒဏ္ရာအျပင္းအထန္ရရွိခဲ့ပါတယ္။ ဗံုးေပါက္ကြဲသံၾကားရတာေၾကာင့္ လူသြားမ်ားတဲ့ေနရာေတြမွာ ကားေတြ ဆုိင္ကယ္ေတြကို တားဆီး စစ္ေဆးမႈေတြ ႐ွိခဲ့ပါတယ္။ ပညာေရးေကာလိပ္ဝန္းထဲ အပါအဝင္ ေနရာ ၃ ခုမွာ ဗံုးေပါက္တာနဲ႔ပါတ္သက္လို႔ ၿမိဳ႕ခံတစ္ဦးက ခုလို ေျပာပါတယ္။

“သံုးႀကိမ္ေပါက္တယ္။ ေမာ္လၿမိဳင္ပညာေရးေကာလိပ္နားမွာ ေကာ္လိပ္ထဲမွာ၊ ေကာလိပ္ဝန္းက်င္မွာ ေပါက္တယ္။ ဂိတ္ေစာင့္ကို ဗံုးထိတယ္။ ေျခလက္ေတြ ျပင္းထန္စြာဒဏ္ရာတယ္တဲ့ ဒုတိယဗံုးက ေရႊၿမိဳင္သီရိ႐ုံးနားမွာ ေပါက္တာ အိမ္မွန္ေတြပါ ကြဲထြက္တယ္။ ဟုတ္တယ္ အုပ္ခ်ဳပ္ေရးမွဴး႐ုံး ဟုတ္တယ္။ အဲ့ဒီ႐ုံးနားမွာပဲ ေပါက္တာ အဲ့ဒီအနားက အိမ္မွန္ေတြပါကြဲတယ္။ ျပင္းတယ္ေတာ္ေတာ္။ ေနာက္တစ္ေနရာက သံလြင္ဟိုတယ္နားမွာ ေပါက္တာ။”

မေကြးတိုင္း၊ ပခုကၠဴခ႐ိုင္၊ ၿမိဳင္ၿမိဳ႕မွာလည္း မနက္ ၄ နာရီေလာက္မွာ ပညာေရးမွဴး႐ံုးေ႐ွ႕ အပါအဝင္ ဗံုးေတြ ေပါက္ကြဲခဲ့တယ္လို႔ ေဒသခံက ေျပာပါတယ္။

“ဒီၿမိဳ႕ေပၚမွာ ၄ နာရီခြဲမွာ ဒီဗံုးေပါက္တာေပ့ါ။ ၿမိဳင္ၿမိဳ႕က်န္းမာေရးဒီေဆး႐ုံရဲ႕ေရွ႕ရယ္၊ ပညာေရးမွဴး႐ုံးေရာ။ ၿမိဳင္ၿမိဳ႕တရား႐ုံးေရွ႕မွာ ဗံုးေပါက္တာ အထိအခိုက္ေတာ့ မရွိဘူးခင္ဗ်။ ပ်က္စီးဆံုး႐ႈံးမႈက ဘာမွမရွိဘူးခင္ဗ်။ က်ေနာ္တို႔ ဒီျဖစ္တာက ၄ နာရီခြဲေလာက္ျဖစ္တာ။ ၄ နာရီခြဲေလာက္ျဖစ္ေတာ့ ၅ နာရီေလာက္မွာ သြားပတ္ၾကည့္ေတာ့ ပ်က္စီးမႈ မရွိဘူး။ ဘာမွမရွိဘူး။ ဗံုးေပါက္တာေတာ့ သတင္းက အတည္ျဖစ္တယ္။”

အလားတူ ကရင္ျပည္နယ္ ၊ လိႈင္းဘြဲၿမိဳ႕ ပညာေရးမွဴး႐ုံးမွာလည္း အဂၤါေန႔ မနက္အေစာပိုင္းက ဗံုးေပါက္ကြဲမႈျဖစ္ပြားခဲ့ေပမဲ့ ထိခိုက္ ဒဏ္ရာရသူေတာ့ မ႐ွိခဲ့ပါဘူး။ အေသးစား ဗံုးကြဲမႈျဖစ္ခဲ့တာနဲ႔ ပတ္သက္လို႔ ေဒသခံတေယာက္က ခုလုိေျပာျပပါတယ္။

“ဟုတ္တယ္။ ဟုတ္တယ္။ မနက္အေစာႀကီး ၂ နာရီေလာက္က။ (လူအထိအခိုက္ေတာ့) အဲ့ဒီလို မရွိဘူး။ ေျပာမယ္ဆိုရင္ ၿခိမ္းေျခာက္တဲ့ သေဘာမ်ဳိးပဲလား မသိဘူး။ အဲ့ဒီအထဲေပါ့... အထဲဆိုေပမဲ့ အဟ ရွိတာကို ျခံတံတိုင္းရွိတယ္ေလ။ ဒါေပမဲ့ က်န္တဲ့ဟာေတြ၊ ဘာေတြေတာ့ ဘာမွ မျဖစ္သြားဘူးေပါ့။ အဲ့ဒီလို အဲ့ဒီၿခံထဲကိုပဲ ေဖာက္ခ်က္ခဲြၿပီး ေဖာက္လိုက္တဲ့သေဘာပဲ။ ေျပာေျပာမယ္ဆိုရင္ ဒီလိႈင္းဘြဲ႔ၿမိဳ႕နယ္ထဲမွာ ေတာ္ေတာ္မ်ားမ်ား ဆရာ ၊ဆရာမေတြ CDM မလုပ္တာ မ်ားတယ္။ မ်ားတဲ့အခါက်ေတာ့ ပညာဦးစီးမွဴး႐ုံးေတြလည္း ျပန္ဖြင့္တယ္။ လုပ္တဲ့သူ အနည္းအက်ဥ္းကက်ေတာ့ လုပ္တယ္ေပါ့ေနာ္။ အဲ့ဒါေၾကာင့္ ေျပာမယ္ဆိုရင္ အဲ့ဒီကေန လူငယ္ေတြကေနၿပီးေတာ့ ၿခိမ္းေျခာက္တဲ့သေဘာမ်ဳိးလုပ္တဲ့ သေဘာမ်ဳိးနဲ႔ တူပါတယ္။။”

ျမန္မာႏိုင္ငံမွာ ေက်ာင္းေတြ ျပန္ဖြင့္ေတာ့မွာမို႔ ဆရာ၊ ဆရာမေတြ ေက်ာင္းသူ ေက်ာင္းသားေတြကို စစ္ေကာင္စီကို ဆန္႔က်င္တဲ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လုပ္ၾကဖို႔ တိုက္တြန္းလႈံ႕ေဆာ္မႈေတြ ႐ွိေနပါတယ္။ အခု ျမန္မာႏိုင္ငံေနရာေတာ္ေတာ္မ်ားမ်ားမွာ ႐ွိတဲ့ ပညာေရးနဲ႔ဆိုင္ရာ အေဆာက္အဦးေတြမွာ ဗံုးေတြ ေပါက္ကြဲတာနဲ႔ ပတ္သက္လို႔ ဘယ္သူ႔လက္ခ်က္လဲဆိုတာ ေလာေလာဆယ္ မသိရေသးပါဘူး။ ပညာေရးအေဆာက္အဦးေတြအျပင္ ရပ္ကြက္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ႐ံုးတခ်ဳိ႕မွာ ဗံုးကြဲမႈေတြလည္း ျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

နိုင်ငံအနှံ့ ပညာရေး အဆောက်အဦးတချို့ ဗုံးခွဲခံရ

မြန်မာနိုင်ငံမှာ ကျောင်းတွေကို ပြန်ဖွင့်ဖို့ အာဏာသိမ်း စစ်ကောင်စီက ပြင်ဆင်နေချိန် ပညာရေးနဲ့ဆိုင်တဲ့ အဆောက်အဦးတွေနားမှာ ဗုံးပေါက်ပွဲမှုတွေ ဖြစ်နေပါတယ်။ ရန်ကုန်၊ မော်လမြိုင်၊ မြိုင်၊ လှိုင်းဘွဲ့စတဲ့ မြို့တွေမှာ ဗုံးတွေ ပေါက်ကွဲခဲ့တာပါ။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုရဲမွန်ကတင်ပြပါမယ်။

မေလ ၃ ရက် တနင်္လာနေ့ထဲက ကျောင်းဆရာ ဆရာမတွေ အလုပ်ခွင်ပြန်ဝင်ကြဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ထားချိန်မှာ ကျောင်းဝန်းတွေ၊ ပညာရေးဆိုင်ရာ ရုံးတွေနားမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်နေပါတယ်။ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ထဲက သုဝဏ္ဏအထက်တန်းကျောင်းမှာ အင်္ဂါနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တာနဲ့ ပတ်သက်လို့ ကျောင်းနားမှာနေသူတယောက်က ခုလိုပြောပြပါတယ်။

"အမတို့ အိမ်နဲ့ ကျောင်းနဲ့ဆိုရင် ကျောင်းက အမတို့ အိမ်ရဲ့ နောက်ဘက်မှာပေါ့နော်။ အမတို့က အိမ်ရှေ့မှာ ထိုင်နေတာ။ ထိုင်နေတဲ့အချိန် ၃ နာရီခွဲဝန်းကျင်လောက်မှာ ဝုန်းခနဲ့ဆို ကြားလိုက်တာ။ အဲ့ဒီလိုကြားတော့ဟာ ဗုံးပေါက်တယ်ဆိုပြီးတော့ သွားကြတာပေါ့။ အမတို့ကတော့ ကျောင်းရှေ့ထိ မရောက်ခဲ့ဘူး။ ရောက်ခဲ့တဲ့သူတွေ ပြောတာကတော့ ကျောင်းဝင်းထဲမှာ ဗုံးပေါက်တယ်ပေါ့ အမတို့ အဲ့ဒီလို သိရတယ်ပေါ့။"

သုဝဏ္ဏအထက်တန်းကျောင်းမှာ နေ့လယ်ပိုင်းက ဆရာတွေ အစည်းအဝေးရှိခဲ့ပေမဲ့ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာတော့ ကျောင်းမှာ ဘယ်သူမှ ရှိမနေတော့ဘူးလို့လည်း သူကပြောပါတယ်။ အင်္ဂါနေ့ မနက်အစောပိုင်းကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့က မော်လမြိုင်ပညာရေးကောလိပ်ဝန်းထဲမှာ ဗုံးပေါက်ကွဲတဲ့အတွက် ညကင်းစောင့်တစ်ဦး ခြေလက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ဗုံးပေါက်ကွဲသံကြားရတာကြောင့် လူသွားများတဲ့နေရာတွေမှာ ကားတွေ ဆိုင်ကယ်တွေကို တားဆီး စစ်ဆေးမှုတွေ ရှိခဲ့ပါတယ်။ ပညာရေးကောလိပ်ဝန်းထဲ အပါအဝင် နေရာ ၃ ခုမှာ ဗုံးပေါက်တာနဲ့ပါတ်သက်လို့ မြို့ခံတစ်ဦးက ခုလို ပြောပါတယ်။

“သုံးကြိမ်ပေါက်တယ်။ မော်လမြိုင်ပညာရေးကောလိပ်နားမှာ ကော်လိပ်ထဲမှာ၊ ကောလိပ်ဝန်းကျင်မှာ ပေါက်တယ်။ ဂိတ်စောင့်ကို ဗုံးထိတယ်။ ခြေလက်တွေ ပြင်းထန်စွာဒဏ်ရာတယ်တဲ့ ဒုတိယဗုံးက ရွှေမြိုင်သီရိရုံးနားမှာ ပေါက်တာ အိမ်မှန်တွေပါ ကွဲထွက်တယ်။ ဟုတ်တယ် အုပ်ချုပ်ရေးမှူးရုံး ဟုတ်တယ်။ အဲ့ဒီရုံးနားမှာပဲ ပေါက်တာ အဲ့ဒီအနားက အိမ်မှန်တွေပါကွဲတယ်။ ပြင်းတယ်တော်တော်။ နောက်တစ်နေရာက သံလွင်ဟိုတယ်နားမှာ ပေါက်တာ။”

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မှာလည်း မနက် ၄ နာရီလောက်မှာ ပညာရေးမှူးရုံးရှေ့ အပါအဝင် ဗုံးတွေ ပေါက်ကွဲခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ဒီမြို့ပေါ်မှာ ၄ နာရီခွဲမှာ ဒီဗုံးပေါက်တာပေ့ါ။ မြိုင်မြို့ကျန်းမာရေးဒီဆေးရုံရဲ့ရှေ့ရယ်၊ ပညာရေးမှူးရုံးရော။ မြိုင်မြို့တရားရုံးရှေ့မှာ ဗုံးပေါက်တာ အထိအခိုက်တော့ မရှိဘူးခင်ဗျ။ ပျက်စီးဆုံးရှုံးမှုက ဘာမှမရှိဘူးခင်ဗျ။ ကျနော်တို့ ဒီဖြစ်တာက ၄ နာရီခွဲလောက်ဖြစ်တာ။ ၄ နာရီခွဲလောက်ဖြစ်တော့ ၅ နာရီလောက်မှာ သွားပတ်ကြည့်တော့ ပျက်စီးမှု မရှိဘူး။ ဘာမှမရှိဘူး။ ဗုံးပေါက်တာတော့ သတင်းက အတည်ဖြစ်တယ်။”

အလားတူ ကရင်ပြည်နယ် ၊ လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးမှာလည်း အင်္ဂါနေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမဲ့ ထိခိုက် ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ အသေးစား ဗုံးကွဲမှုဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံတယောက်က ခုလိုပြောပြပါတယ်။

“ဟုတ်တယ်။ ဟုတ်တယ်။ မနက်အစောကြီး ၂ နာရီလောက်က။ (လူအထိအခိုက်တော့) အဲ့ဒီလို မရှိဘူး။ ပြောမယ်ဆိုရင် ခြိမ်းခြောက်တဲ့ သဘောမျိုးပဲလား မသိဘူး။ အဲ့ဒီအထဲပေါ့... အထဲဆိုပေမဲ့ အဟ ရှိတာကို ခြံတံတိုင်းရှိတယ်လေ။ ဒါပေမဲ့ ကျန်တဲ့ဟာတွေ၊ ဘာတွေတော့ ဘာမှ မဖြစ်သွားဘူးပေါ့။ အဲ့ဒီလို အဲ့ဒီခြံထဲကိုပဲ ဖောက်ချက်ခွဲပြီး ဖောက်လိုက်တဲ့သဘောပဲ။ ပြောပြောမယ်ဆိုရင် ဒီလှိုင်းဘွဲ့မြို့နယ်ထဲမှာ တော်တော်များများ ဆရာ ၊ဆရာမတွေ CDM မလုပ်တာ များတယ်။ များတဲ့အခါကျတော့ ပညာဦးစီးမှူးရုံးတွေလည်း ပြန်ဖွင့်တယ်။ လုပ်တဲ့သူ အနည်းအကျဉ်းကကျတော့ လုပ်တယ်ပေါ့နော်။ အဲ့ဒါကြောင့် ပြောမယ်ဆိုရင် အဲ့ဒီကနေ လူငယ်တွေကနေပြီးတော့ ခြိမ်းခြောက်တဲ့သဘောမျိုးလုပ်တဲ့ သဘောမျိုးနဲ့ တူပါတယ်။။”

မြန်မာနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်တော့မှာမို့ ဆရာ၊ ဆရာမတွေ ကျောင်းသူ ကျောင်းသားတွေကို စစ်ကောင်စီကို ဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ကြဖို့ တိုက်တွန်းလှုံ့ဆော်မှုတွေ ရှိနေပါတယ်။ အခု မြန်မာနိုင်ငံနေရာတော်တော်များများမှာ ရှိတဲ့ ပညာရေးနဲ့ဆိုင်ရာ အဆောက်အဦးတွေမှာ ဗုံးတွေ ပေါက်ကွဲတာနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်လဲဆိုတာ လောလောဆယ် မသိရသေးပါဘူး။ ပညာရေးအဆောက်အဦးတွေအပြင် ရပ်ကွက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတချို့မှာ ဗုံးကွဲမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG