သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီ သတ်မှတ်ကြေညာ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG)။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)။

(Zawgyi / Unicode)

မြန်မာ အာဏာသိမ်းစစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဗုံးခွဲမှု၊ လူသတ်မှု၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်တပ်ပိုင် သတင်းဌာနက ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင် အများစုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် စစ်ကောင်စီအနေနဲ့ နိုင်ငံအတွင်း တည်ငြိမ်မှုရအောင် အခုချိန်ထိ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အစိုးရဝန်ထမ်းတွေက အကြမ်းမဖက် အာဏာဖီဆန်တဲ့အနေနဲ့ အခုချိန်ထိ လုပ်ငန်းခွင် ပြန်မဝင်ကြသေးတာကြောင့် ဘဏ်နဲ့ စာသင်ကျောင်းတွေ အပါအဝင် တိုင်းပြည်အတွင်းက စီးပွားရေးလုပ်ငန်း အတော်တော်များများ ရပ်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်ကစလို့ နိုင်ငံအတွင်းက နေရာအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခန ဖြစ်ပေါ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ပြည်သူတွေကလည်း နိုင်ငံအတွင်း နေရာတချို့မှာ အရပ်ဘက် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး စစ်အာဏာရှင်စနစ်ကို တော်လှန် တိုက်ခိုက်နေကြတာပါ။

အာဏာသိမ်းစစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အဖြစ် တန်ပြန် ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း သူတို့အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းလိုက်ကြောင်း မေလ ၅ ရက်နေ့က ကြေညာခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် အခုချိန်ထိ အရပ်သားပြည်သူ ၈၀၀ နီးပါး သေဆုံးခဲ့ရပြီး သတင်းထောက်တွေ အပါအဝင် လူ ၈,၀၀၀ နီးပါးလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)







XS
SM
MD
LG