သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ရက္ ၁၀၀ နီးပါးရွိေပမယ့္ ကန္႔ကြက္ဆႏၵျပမႈေတြ ရွိဆဲ


စစ္အာဏာသိမ္းမႈဆန္႔က်င္ ဆႏၵျပပြဲတခု။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာ ရက္ေပါင္း ၁၀၀ နီးပါး ရွိလာၿပီျဖစ္ေပမယ့္ စစ္အာဏာရွင္ဆန္႔က်င္ ဆႏၵျပပြဲေတြကေတာ့ အခုခ်ိန္ထိ ရွိေနဆဲပါ။ ဒီကေန႔မွာလည္း ရန္ကုန္တုိင္းအတြင္းက ၿမိဳ႕နယ္တခ်ဳိ႕ အပါအဝင္ ျမန္မာႏုိင္ငံ ေနရာေဒသ အေတာ္မ်ားမ်ားမွာ စစ္အာဏာသိမ္းမႈဆန္႔က်င္ ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

ရန္ကုန္၊ အင္းစိန္ၿမိဳ႕နယ္မွာ လူငယ္ေတြ လွ်ပ္တျပက္ ဆႏၵျပခဲ့ၾကတဲ့ အသံေတြကုိ ၾကားခဲ့ၾကရတာပါ။

ရန္ကုန္၊ လႈိင္ၿမိဳ႕နယ္အတြင္း လူငယ္ ၃ ဦးကုိ စစ္ေကာင္စီက ဒီကေန႔ ဖမ္းဆီးသြားခဲ့ပါတယ္။

အလားတူပဲ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ေန႔စဥ္ဆုိသလုိ ျပဳလုပ္ေနတဲ့ ထားဝယ္၊ ေလာင္းလုံၿမိဳ႕က ျပည္သူေတြဟာ ဒီကေန႔မွာလည္း လမ္းမေတြေပၚထြက္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

စစ္ကုိင္းတုိင္း၊ ျမင္းမူၿမိဳ႕မွာေတာ့ ဆႏၵျပျပည္သူေတြကုိ လက္နက္ကုိင္တပ္ဖြဲ႔ေတြဘက္က အၾကမ္းဖက္ ၿဖိဳခြဲခဲ့တဲ့အတြက္ လူငယ္တဦး ေသဆုံးၿပီး ေနာက္တဦး ထိခုိက္ဒဏ္ရာရသြားခဲ့ပါတယ္။

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕က ဒီကေန႔ ဆႏၵျပပြဲမွာေတာ့ လူေထာင္နဲ႔ခ်ီ ပါဝင္ခဲ့တယ္လုိ႔ ဆုိပါတယ္။ မႏၱေလးၿမိဳ႕က ဆႏၵျပပြဲေတြမွာ Wheel chair နဲ႔ ေန႔စဥ္ပါဝင္ခဲ့တဲ့ မသန္စြမ္းသူတဦးကုိလည္း စစ္ေကာင္စီက ဒီကေန႔ ဖမ္းဆီးခဲ့ပါတယ္။ မႏၱေလး ရတနာပုံတကၠသုိလ္ေက်ာင္းသားေတြလည္း ဒီကေန႔ စစ္အာဏာရွင္ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

မိတၳီလာၿမိဳ႕က ဆုိင္ကယ္သပိတ္စစ္ေၾကာင္းကုိ ရာဘာက်ည္ဆန္၊ ေသနတ္က်ည္ဆန္ အစစ္ေတြနဲ႔ပါ အၾကမ္းဖက္ ၿဖိဳခြဲခဲ့တာေၾကာင့္ ထိခုိက္ဒဏ္ရာရသူေတြ ရွိတယ္လုိ႔ ဆုိပါတယ္။ ေသဆုံးသူရွိမရွိ ဆုိတာေတာ့ မသိရေသးပါဘူး။

အလားတူပဲ ကခ်င္ျပည္နယ္ မုိးေကာင္းၿမိဳ႕၊ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕၊ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နဲ႔ စစ္ကုိင္းၿမိဳ႕ေတြမွာလည္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ၊ ေက်ာင္းမတက္မေရး ေတာင္းဆုိ ဆႏၵျပပြဲေတြ အသီးသီး ျပဳလုပ္ခဲ့ၾကပါတယ္။

မေန႔ ေမလ ၈ ရက္ေန႔ညကေတာ့ စစ္ကုိင္းတုိင္း၊ ကနီၿမိဳ႕နယ္အတြင္းက ဇီးပင္တြင္းရြာကုိ စစ္ေကာင္စီရဲ႕ လက္နက္ကုိင္တပ္ဖြဲ႔ေတြက ဝင္ေရာက္စီးနင္းၿပီး ပစၥည္းေတြ သိမ္းယူသြားတယ္လုိ႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

စစ်အာဏာသိမ်းမှု ရက် ၁၀၀ နီးပါးရှိပေမယ့် ကန့်ကွက်ဆန္ဒပြမှုတွေ ရှိဆဲ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၁၀၀ နီးပါး ရှိလာပြီဖြစ်ပေမယ့် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေကတော့ အခုချိန်ထိ ရှိနေဆဲပါ။ ဒီကနေ့မှာလည်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့ အပါအဝင် မြန်မာနိုင်ငံ နေရာဒေသ အတော်များများမှာ စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ လူငယ်တွေ လျှပ်တပြက် ဆန္ဒပြခဲ့ကြတဲ့ အသံတွေကို ကြားခဲ့ကြရတာပါ။

ရန်ကုန်၊ လှိုင်မြို့နယ်အတွင်း လူငယ် ၃ ဦးကို စစ်ကောင်စီက ဒီကနေ့ ဖမ်းဆီးသွားခဲ့ပါတယ်။

အလားတူပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတဲ့ ထားဝယ်၊ လောင်းလုံမြို့က ပြည်သူတွေဟာ ဒီကနေ့မှာလည်း လမ်းမတွေပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာတော့ ဆန္ဒပြပြည်သူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် လူငယ်တဦး သေဆုံးပြီး နောက်တဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ဒီကနေ့ ဆန္ဒပြပွဲမှာတော့ လူထောင်နဲ့ချီ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့က ဆန္ဒပြပွဲတွေမှာ Wheel chair နဲ့ နေ့စဉ်ပါဝင်ခဲ့တဲ့ မသန်စွမ်းသူတဦးကိုလည်း စစ်ကောင်စီက ဒီကနေ့ ဖမ်းဆီးခဲ့ပါတယ်။ မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းသားတွေလည်း ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မိတ္ထီလာမြို့က ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရာဘာကျည်ဆန်၊ သေနတ်ကျည်ဆန် အစစ်တွေနဲ့ပါ အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူရှိမရှိ ဆိုတာတော့ မသိရသေးပါဘူး။

အလားတူပဲ ကချင်ပြည်နယ် မိုးကောင်းမြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မွန်ပြည်နယ် ပေါင်မြို့နဲ့ စစ်ကိုင်းမြို့တွေမှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ကျောင်းမတက်မရေး တောင်းဆို ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မနေ့ မေလ ၈ ရက်နေ့ညကတော့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ဇီးပင်တွင်းရွာကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး ပစ္စည်းတွေ သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG