သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဏ္အပ္ေငြထုတ္ဖို႔ အက်ိဳးေဆာင္ခ ေပးေနရ


ATM စက္မွာ ေငြထုတ္ဖို႔ တန္းစီေနၾကသူမ်ားကို ရန္ကုန္ၿမိဳ႕ ေနရာတခုမွာ ေတြ႔ရ။ (မတ္ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

ဘဏ္ေတြမွာ ေငြအပ္ထားသူေတြ ေငြထုတ္ယူႏိုင္ဖုိ႔ အခက္အခဲေတြ ႐ွိေနခ်ိန္မွာ ျပည္သူေတြဟာ ကိုယ္လိုခ်င္တဲ့ ေငြပမာဏေပၚအလိုက္ ရာခိုင္ႏႈန္းနဲ႔ အက်ဳိးေဆာင္ခေပးၿပီး အျပင္ကေန ေငြသားရေအာင္ လုပ္ေနၾကရပါတယ္။ Wave Money လုိေငြပို႔တဲ့ လုပ္ငန္းေတြမွာလည္း ဝန္ေဆာင္မႈအျပင္ အပိုေငြထပ္ေပးၿပီး ထုတ္ယူရတဲ့ျပႆနာေတြ ရွိလာေနပါတယ္။ ခုလုိ ဘဏ္လုပ္ငန္းေၾကာင့္ျဖစ္တဲ့ ေနာက္ဆက္တဲြ ဂယက္အေၾကာင္း ရန္ကုန္လာတဲ့ သတင္းအျပည့္အစုံကို အလိမၼာက တင္ဆက္ေပးမွာပါ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ ဘဏ္စနစ္ေတြ ကေမာက္ကမျဖစ္ေနတာမွာ ျပည္သူေတြဟာ ပုဂၢလိကဘဏ္ေတြမွာ အပ္ႏွံထားတဲ့ ကိုယ္ပိုင္ေငြေၾကးကို ျပန္လည္ထုတ္ယူႏိုင္ဖို႔ အခက္အခဲေတြ ေတာ္ေတာ္ေလး ႐ွိေနၾကပါတယ္။ ျပည္တြင္းမွာ လူသုံးမ်ားတဲ့ ပုဂၢလိက ဘဏ္ေတြထဲက ကေမာၻဇဘဏ္မွာ အပ္ေငြထုတ္ယူလိုသူေတြအေနနဲ႔ ATM စက္မွာ တေန႔ကို အမ်ားဆုံး ေငြက်ပ္ ၂၀၀,၀၀၀ သာ ထုတ္ယူႏိုင္ၿပီး တပတ္ကို အမ်ားဆုံး ၄၀၀,၀၀၀ သာ ထုတ္ယူႏိုင္တာပါ။ KBZPay နဲ႔ ထုတ္မယ္ဆိုရင္ေတာ့ တပတ္ကို အမ်ားဆုံး ၂၀၀,၀၀၀ သာ ထုတ္ယူႏိုင္တယ္လို႔ ေျပာင္းလဲ သတ္မွတ္ထားပါတယ္။

ဒီလို ေငြထုတ္ယူႏိုင္တဲ့ ပမာဏကို အဆမတန္ေလွ်ာ့ခ်လိုက္တာ၊ ATM စက္တိုင္းမွာ ေငြထုတ္ယူလို႔မရတာနဲ႔ ရတဲ့ စက္ေတြမွာ တန္းစီေစာင့္ရတာေတြ ရွိလာလို႔ အျပင္ကေန ပမာဏအေပၚလိုက္ၿပီး ရာခိုင္ႏႈန္း ဝန္ေဆာင္မႈနဲ႔ ေငြသားလဲလွယ္ေပးသူေတြဆီကေန ေငြသားရေအာင္ လုပ္လာၾကရပါတယ္။ တရားမဝင္ ခုလို လုပ္ေနတာေတြကို အေရးယူမယ္လို႔ ဗဟိုဘဏ္က ေျပာထားေပမဲ့ ေလာေလာဆယ္ ေငြလိုခ်င္သူေတြ ဒီနည္းနဲ႔ လုပ္ေနၾကရတဲ့အတြက္ ေငြသားလဲလွယ္သူေတြၾကားမွာလည္း လိမ္လည္တဲ့ ျပႆနာေတြ ရွိလာေနပါတယ္။

ေငြသားလဲေပးတဲ့သူကို ေငြပမာဏရဲ႕ ၁၀ ရာခိုင္ႏႈန္း အထိ ပိုေပးၿပီး ဘဏ္စာရင္း လႊဲေပးရတဲ့အထိ ျဖစ္ေနပါတယ္။ မႏၲေလးမွာ အတိုး ၇.၅ ရာခိုင္ႏႈန္းယူၿပီး ေငြသားလဲလွယ္ေပးေနသူတဦးကေတာ့ ဒီရာခိုင္ႏႈန္းဟာ ေလွ်ာ့ယူထားတဲ့ပမာဏျဖစ္တယ္လို႔ ေျပာပါတယ္။

“ရာခိုင္ႏႈန္းက ၇.၅ ယူတယ္၊ သူမ်ားေတြ ၈ အထိေတာင္ ယူေနတာ။ ညီမကက်ေတာ့ ရာခိုင္ႏႈန္းကို ေငြသားထဲက ႏုတ္တယ္ဆိုေတာ့ သိန္း ၂၀ ဆိုရင္ ၁၈ သိန္းခြဲယူၿပီး ညီမကို KPay ကေန သိန္း ၂၀ ေပးရမွာ။ ဘဏ္စာအုပ္ နံပါတ္ကေန လႊဲလို႔ရတယ္၊ K pay ရတယ္၊ ဖုန္းနံပါတ္နဲ႔လည္း ရတယ္။ ဘဏ္စာအုပ္နဲ႔ဆို (ရာခိုင္ႏႈန္း) ေစ်းပိုမ်ားတယ္၊ စာအုပ္နဲ႔က်ေတာ့ ဘဏ္သြားၿပီး ထုတ္ရတာမ်ိဳးေလ။ Mobile Banking နဲ႔ K Pay တို႔ကက်ေတာ့ လြယ္တယ္။ ဒီအတိုင္းလႊဲလိုက္႐ုံပဲ ဘဏ္ပိတ္လည္း ရတယ္ဆိုေတာ့ေလ။”

ေနာက္ထပ္ သုံးစြဲသူမ်ားတဲ့ AYA Bank မွာေတာ့ ATM စက္ကေန တရက္ကို ေငြက်ပ္ ၃၀၀,၀၀၀ သာ ထုတ္ယူႏိုင္ၿပီး တပတ္ကို အမ်ားဆုံး ထုတ္ယူႏိုင္တဲ့ပမာဏ ၅၀၀,၀၀၀ က်ပ္သာ သတ္မွတ္ထားပါတယ္။ ဘဏ္စနစ္မလိုဘဲ ျပည္တြင္းမွာ တေနရာကေန တေနရာ ေငြလႊဲတဲ့စနစ္မွာ လူသုံးမ်ားတဲ့ Wave Money ဝန္ေဆာင္မႈ လုပ္ငန္းမွာေတာ့ သတ္မွတ္ထားတဲ့ ေငြလႊဲခ ပိုေပးေနရတဲ့အျပင္ ေငြထုတ္ယူတဲ့အခါမွာလည္း ေငြက်ပ္ ၁၀၀,၀၀၀ ထုတ္ရင္ ၇,၀၀၀ ေပးရတဲ့အထိ ေပါက္ေစ်း ျဖစ္ေနပါတယ္။ ဒါေတာင္မွ အရင္ကလို ဆိုင္တိုင္းမွာ Wave Money ေငြထုတ္ယူဖို႔က မလြယ္ေတာ့ပါဘူး။ ရန္ကင္းၿမိဳ႕နယ္က Wave Money ဝန္ေဆာင္မႈေပးေနတဲ့ ဆိုင္မွာေတာ့ အခုလတ္တေလာမွာ ေငြသြင္းတာသာ လက္ခံၿပီး ေငြထုတ္ေပးတာမရွိေသးဘူးလို႔ ေျပာပါတယ္။

“ေငြထုတ္လို႔ မရပါဘူးရွင့္၊ အလႊဲပဲ ရပါတယ္။ အလႊဲကေတာ့ လႊဲခကရွိတယ္။ ၁၀၀,၀၀၀ ဆိုရင္ ၁,၅၀၀၊ ၁၀,၀၀၀ ဆိုရင္ ၄၀၀၊ အဲဒါ သူ႔ႏႈန္းအတိုင္းပဲ ယူတယ္ရွင့္။ အခုေလာေလာဆယ္ေတာ့ ေငြထုတ္မရေသးဘူး။ တပတ္ - ႏွစ္ပတ္ေတာ့ ရဦးမယ္မထင္ဘူး။ ”

စစ္အာဏာမသိမ္းခင္ ကာလတုန္းက Wave Money ဝန္ေဆာင္မႈေပးေနတဲ့ ဆိုင္တိုင္းကေန ေငြက်ပ္ ၁၀ သိန္းအထိ လႊဲႏိုင္၊ ထုတ္ႏိုင္တယ္ဆိုေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ ဆိုင္ေတာ္ေတာ္မ်ားမ်ားက ေငြထုတ္ေပးတဲ့ဝန္ေဆာင္မႈကို ရပ္ထားၾကပါတယ္။ ေငြက်ပ္ ၁သိန္းအထိဆို လႊဲမယ့္သူက ၄၀၀ ထပ္ေဆာင္းေပးရမွာျဖစ္ၿပီး၊ ၁၀၀,၀၀၀ ကေန ၂၅၀,၀၀၀ အထိဆို ၇၀၀ က်ပ္၊ ၂၅၀,၀၀၀ ကေန ၅၀၀,၀၀၀ အထိဆို ၁,၀၀၀ ဆိုၿပီး လႊဲတဲ့သူကသာ အပိုထပ္ေဆာင္းေပးရတဲ့ ႏႈန္းထားသတ္မွတ္ထားတာပါ။

ဒါေပမဲ့ အခုအခါမွာေတာ့ လႊဲတဲ့သူသာမကဘဲ ေငြထုတ္ယူမယ့္သူကပါ ဆိုင္ကေျပာတဲ့ ႏႈန္းထားအတိုင္း အပိုေဆာင္းေပးေနရတဲ့ အေျခအေနကို ရင္ဆိုင္ေနရတယ္လို႔ ရန္ကုန္ကေန ဧရာဝတီတိုင္းဘက္ကို Wave Money ဝန္ေဆာင္မႈကေနတဆင့္ ေငြအၿမဲလႊဲေနသူတဦးက ေျပာပါတယ္။

“အခုရက္ပိုင္း ေငြလႊဲတာ ၁၀၀,၀၀၀ လႊဲတာကို ၁,၅၀၀ ေပးရတယ္။ ဟိုကထုတ္တဲ့သူကို ဘယ္ေလာက္ေပးရလဲ ေမးၾကည့္ေတာ့ ၂,၀၀၀ ေပးရတယ္တဲ့။ သူက သက္သာတယ္ေျပာရမယ္။ တခ်ိဳ႕ေနရာေတြမွာ ၂,၀၀၀ မရဘူး။ အရင္တုန္းက ေငြလႊဲရင္ လႊဲတဲ့သူကပဲ ေပးရတယ္။ ထုတ္တဲ့သူက ပိုက္ဆံမေပးရဘူး။ အခုက ႏွစ္ဘက္စားျဖစ္ေနတယ္။”

ျပည္တြင္းမွာရွိတဲ့ ဘဏ္ေတြက အလုပ္သမားေတြ စုေပါင္းထားတဲ့ ျမန္မာႏိုင္ငံဘဏ္ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ကေတာ့ KBZ၊ AYA၊ MAB နဲ႔ တျခားပုဂၢလိက ဘဏ္ခြဲေတြက တာဝန္ရွိသူေတြနဲ႔ ေငြပြဲစားေတြေပါင္းၿပီး ေငြလဲတဲ့အခါ ရာခိုင္ႏႈန္းနဲ႔ထပ္တိုးယူေနတာကို ကန႔္ကြက္ ရႈတ္ခ်ထားပါတယ္။

အခုလို ေငြသားရယူႏိုင္ဖုိ႔ တရားမဝင္ ရာခိုင္ႏႈန္းန႔ဲ အက်ဳိးေဆာင္ခလို ယူေနၾကတာကို ဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ ဗဟိုဘဏ္က ေျပာၾကားထားေပမဲ့လည္း ဘဏ္ေတြကေန ေငြထုတ္ယူႏုိင္ဖုိ႔ ခက္ခဲေနတာေၾကာင့္ ဒီနည္းနဲ႔ပဲ အမ်ားက လုပ္ေနၾကပါတယ္။ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ ႏိုင္ငံမတည္မၿငိမ္ျဖစ္ေနတာ၊ အုပ္ခ်ဳပ္ေနသူေတြနဲ႔ ဘဏ္လုပ္ငန္းအေပၚ အယံုအၾကည္နည္းပါးတာေၾကာင့္ ဘဏ္ေတြမွာ အပ္ႏွံထားတဲ့ ကိုယ့္ရဲ႕ ေငြေတြ ျပန္ရႏိုင္ဖို႔အတြက္ နည္းမ်ိဳးစုံသုံး ႀကိဳးစားေနၾကတာျဖစ္ပါတယ္။

ဘဏ္အပ္ေငြထုတ္ဖို႔ အက်ိဳးေဆာင္ခ ေပးေနရ
please wait

No media source currently available

0:00 0:04:29 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘဏ်အပ်ငွေထုတ်ဖို့ အကျိုးဆောင်ခ ပေးနေရ

ဘဏ်တွေမှာ ငွေအပ်ထားသူတွေ ငွေထုတ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေချိန်မှာ ပြည်သူတွေဟာ ကိုယ်လိုချင်တဲ့ ငွေပမာဏပေါ်အလိုက် ရာခိုင်နှုန်းနဲ့ အကျိုးဆောင်ခပေးပြီး အပြင်ကနေ ငွေသားရအောင် လုပ်နေကြရပါတယ်။ Wave Money လိုငွေပို့တဲ့ လုပ်ငန်းတွေမှာလည်း ဝန်ဆောင်မှုအပြင် အပိုငွေထပ်ပေးပြီး ထုတ်ယူရတဲ့ပြဿနာတွေ ရှိလာနေပါတယ်။ ခုလို ဘဏ်လုပ်ငန်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ဂယက်အကြောင်း ရန်ကုန်လာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဘဏ်စနစ်တွေ ကမောက်ကမဖြစ်နေတာမှာ ပြည်သူတွေဟာ ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ကိုယ်ပိုင်ငွေကြေးကို ပြန်လည်ထုတ်ယူနိုင်ဖို့ အခက်အခဲတွေ တော်တော်လေး ရှိနေကြပါတယ်။ ပြည်တွင်းမှာ လူသုံးများတဲ့ ပုဂ္ဂလိက ဘဏ်တွေထဲက ကမ္ဘောဇဘဏ်မှာ အပ်ငွေထုတ်ယူလိုသူတွေအနေနဲ့ ATM စက်မှာ တနေ့ကို အများဆုံး ငွေကျပ် ၂၀၀,၀၀၀ သာ ထုတ်ယူနိုင်ပြီး တပတ်ကို အများဆုံး ၄၀၀,၀၀၀ သာ ထုတ်ယူနိုင်တာပါ။ KBZPay နဲ့ ထုတ်မယ်ဆိုရင်တော့ တပတ်ကို အများဆုံး ၂၀၀,၀၀၀ သာ ထုတ်ယူနိုင်တယ်လို့ ပြောင်းလဲ သတ်မှတ်ထားပါတယ်။

ဒီလို ငွေထုတ်ယူနိုင်တဲ့ ပမာဏကို အဆမတန်လျှော့ချလိုက်တာ၊ ATM စက်တိုင်းမှာ ငွေထုတ်ယူလို့မရတာနဲ့ ရတဲ့ စက်တွေမှာ တန်းစီစောင့်ရတာတွေ ရှိလာလို့ အပြင်ကနေ ပမာဏအပေါ်လိုက်ပြီး ရာခိုင်နှုန်း ဝန်ဆောင်မှုနဲ့ ငွေသားလဲလှယ်ပေးသူတွေဆီကနေ ငွေသားရအောင် လုပ်လာကြရပါတယ်။ တရားမဝင် ခုလို လုပ်နေတာတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်က ပြောထားပေမဲ့ လောလောဆယ် ငွေလိုချင်သူတွေ ဒီနည်းနဲ့ လုပ်နေကြရတဲ့အတွက် ငွေသားလဲလှယ်သူတွေကြားမှာလည်း လိမ်လည်တဲ့ ပြဿနာတွေ ရှိလာနေပါတယ်။

ငွေသားလဲပေးတဲ့သူကို ငွေပမာဏရဲ့ ၁၀ ရာခိုင်နှုန်း အထိ ပိုပေးပြီး ဘဏ်စာရင်း လွှဲပေးရတဲ့အထိ ဖြစ်နေပါတယ်။ မန္တလေးမှာ အတိုး ၇.၅ ရာခိုင်နှုန်းယူပြီး ငွေသားလဲလှယ်ပေးနေသူတဦးကတော့ ဒီရာခိုင်နှုန်းဟာ လျှော့ယူထားတဲ့ပမာဏဖြစ်တယ်လို့ ပြောပါတယ်။

“ရာခိုင်နှုန်းက ၇.၅ ယူတယ်၊ သူများတွေ ၈ အထိတောင် ယူနေတာ။ ညီမကကျတော့ ရာခိုင်နှုန်းကို ငွေသားထဲက နုတ်တယ်ဆိုတော့ သိန်း ၂၀ ဆိုရင် ၁၈ သိန်းခွဲယူပြီး ညီမကို KPay ကနေ သိန်း ၂၀ ပေးရမှာ။ ဘဏ်စာအုပ် နံပါတ်ကနေ လွှဲလို့ရတယ်၊ K pay ရတယ်၊ ဖုန်းနံပါတ်နဲ့လည်း ရတယ်။ ဘဏ်စာအုပ်နဲ့ဆို (ရာခိုင်နှုန်း) ဈေးပိုများတယ်၊ စာအုပ်နဲ့ကျတော့ ဘဏ်သွားပြီး ထုတ်ရတာမျိုးလေ။ Mobile Banking နဲ့ K Pay တို့ကကျတော့ လွယ်တယ်။ ဒီအတိုင်းလွှဲလိုက်ရုံပဲ ဘဏ်ပိတ်လည်း ရတယ်ဆိုတော့လေ။”

နောက်ထပ် သုံးစွဲသူများတဲ့ AYA Bank မှာတော့ ATM စက်ကနေ တရက်ကို ငွေကျပ် ၃၀၀,၀၀၀ သာ ထုတ်ယူနိုင်ပြီး တပတ်ကို အများဆုံး ထုတ်ယူနိုင်တဲ့ပမာဏ ၅၀၀,၀၀၀ ကျပ်သာ သတ်မှတ်ထားပါတယ်။ ဘဏ်စနစ်မလိုဘဲ ပြည်တွင်းမှာ တနေရာကနေ တနေရာ ငွေလွှဲတဲ့စနစ်မှာ လူသုံးများတဲ့ Wave Money ဝန်ဆောင်မှု လုပ်ငန်းမှာတော့ သတ်မှတ်ထားတဲ့ ငွေလွှဲခ ပိုပေးနေရတဲ့အပြင် ငွေထုတ်ယူတဲ့အခါမှာလည်း ငွေကျပ် ၁၀၀,၀၀၀ ထုတ်ရင် ၇,၀၀၀ ပေးရတဲ့အထိ ပေါက်ဈေး ဖြစ်နေပါတယ်။ ဒါတောင်မှ အရင်ကလို ဆိုင်တိုင်းမှာ Wave Money ငွေထုတ်ယူဖို့က မလွယ်တော့ပါဘူး။ ရန်ကင်းမြို့နယ်က Wave Money ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်မှာတော့ အခုလတ်တလောမှာ ငွေသွင်းတာသာ လက်ခံပြီး ငွေထုတ်ပေးတာမရှိသေးဘူးလို့ ပြောပါတယ်။

“ငွေထုတ်လို့ မရပါဘူးရှင့်၊ အလွှဲပဲ ရပါတယ်။ အလွှဲကတော့ လွှဲခကရှိတယ်။ ၁၀၀,၀၀၀ ဆိုရင် ၁,၅၀၀၊ ၁၀,၀၀၀ ဆိုရင် ၄၀၀၊ အဲဒါ သူ့နှုန်းအတိုင်းပဲ ယူတယ်ရှင့်။ အခုလောလောဆယ်တော့ ငွေထုတ်မရသေးဘူး။ တပတ် - နှစ်ပတ်တော့ ရဦးမယ်မထင်ဘူး။ ”

စစ်အာဏာမသိမ်းခင် ကာလတုန်းက Wave Money ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်တိုင်းကနေ ငွေကျပ် ၁၀ သိန်းအထိ လွှဲနိုင်၊ ထုတ်နိုင်တယ်ဆိုပေမဲ့ အခုနောက်ပိုင်းမှာတော့ ဆိုင်တော်တော်များများက ငွေထုတ်ပေးတဲ့ဝန်ဆောင်မှုကို ရပ်ထားကြပါတယ်။ ငွေကျပ် ၁သိန်းအထိဆို လွှဲမယ့်သူက ၄၀၀ ထပ်ဆောင်းပေးရမှာဖြစ်ပြီး၊ ၁၀၀,၀၀၀ ကနေ ၂၅၀,၀၀၀ အထိဆို ၇၀၀ ကျပ်၊ ၂၅၀,၀၀၀ ကနေ ၅၀၀,၀၀၀ အထိဆို ၁,၀၀၀ ဆိုပြီး လွှဲတဲ့သူကသာ အပိုထပ်ဆောင်းပေးရတဲ့ နှုန်းထားသတ်မှတ်ထားတာပါ။

ဒါပေမဲ့ အခုအခါမှာတော့ လွှဲတဲ့သူသာမကဘဲ ငွေထုတ်ယူမယ့်သူကပါ ဆိုင်ကပြောတဲ့ နှုန်းထားအတိုင်း အပိုဆောင်းပေးနေရတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ရန်ကုန်ကနေ ဧရာဝတီတိုင်းဘက်ကို Wave Money ဝန်ဆောင်မှုကနေတဆင့် ငွေအမြဲလွှဲနေသူတဦးက ပြောပါတယ်။

“အခုရက်ပိုင်း ငွေလွှဲတာ ၁၀၀,၀၀၀ လွှဲတာကို ၁,၅၀၀ ပေးရတယ်။ ဟိုကထုတ်တဲ့သူကို ဘယ်လောက်ပေးရလဲ မေးကြည့်တော့ ၂,၀၀၀ ပေးရတယ်တဲ့။ သူက သက်သာတယ်ပြောရမယ်။ တချို့နေရာတွေမှာ ၂,၀၀၀ မရဘူး။ အရင်တုန်းက ငွေလွှဲရင် လွှဲတဲ့သူကပဲ ပေးရတယ်။ ထုတ်တဲ့သူက ပိုက်ဆံမပေးရဘူး။ အခုက နှစ်ဘက်စားဖြစ်နေတယ်။”

ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေက အလုပ်သမားတွေ စုပေါင်းထားတဲ့ မြန်မာနိုင်ငံဘဏ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကတော့ KBZ၊ AYA၊ MAB နဲ့ တခြားပုဂ္ဂလိက ဘဏ်ခွဲတွေက တာဝန်ရှိသူတွေနဲ့ ငွေပွဲစားတွေပေါင်းပြီး ငွေလဲတဲ့အခါ ရာခိုင်နှုန်းနဲ့ထပ်တိုးယူနေတာကို ကန့်ကွက် ရှုတ်ချထားပါတယ်။

အခုလို ငွေသားရယူနိုင်ဖို့ တရားမဝင် ရာခိုင်နှုန်းနဲ့ အကျိုးဆောင်ခလို ယူနေကြတာကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ်က ပြောကြားထားပေမဲ့လည်း ဘဏ်တွေကနေ ငွေထုတ်ယူနိုင်ဖို့ ခက်ခဲနေတာကြောင့် ဒီနည်းနဲ့ပဲ အများက လုပ်နေကြပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံမတည်မငြိမ်ဖြစ်နေတာ၊ အုပ်ချုပ်နေသူတွေနဲ့ ဘဏ်လုပ်ငန်းအပေါ် အယုံအကြည်နည်းပါးတာကြောင့် ဘဏ်တွေမှာ အပ်နှံထားတဲ့ ကိုယ့်ရဲ့ ငွေတွေ ပြန်ရနိုင်ဖို့အတွက် နည်းမျိုးစုံသုံး ကြိုးစားနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG