သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရးႏွင့္ အာဏာသိမ္းမႈ ဆန္႔က်င္ပဲြ ကမၻာအႏွံ႔ ဆက္လက္ႏဲႊ


ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရး နယူးေယာက္က ေတာင္းဆိုလႈပ္ရွားမႈ။ (ေမ ၉၊ ၂၀၂၁။ ဓာတ္ပုံ - Kyaw Soe Latt (နယူးေယာက္)

(Zawgyi / Unicode)

ေမလ ၉ ရက္ တနဂၤေႏြေန႔မွာ က်ေရာက္တဲ့ အေမမ်ားေန႔ အထိမ္းအမွတ္အျဖစ္ ျမန္မာျပည္ရဲ႕ မိခင္လို႔ေခၚတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဖမ္းဆီးခံေနရာကေန လြတ္ေျမာက္ေစဖုိ႔ ေတာင္းဆိုတဲ့ လႈပ္ရွားမႈကို ျပည္ပေရာက္ ျမန္မာႏြယ္ဖြားေတြ ပါဝင္တဲ့ Support the Democracy Movements in Burma အဖြဲ႔က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕က ဝါရွင္တန္ရင္ျပင္မွာ ျပဳလုပ္ခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး အဖမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တျခား အဖမ္းခံေနရသူေတြ အားလံုး လြတ္ေျမာက္ေရးအတြက္ ဆုေတာင္းပြဲေတြပါ ျပဳလုပ္ခဲ့ၾကတာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိ္မ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲေတြ ေန႔စဥ္လိုလို ျပဳလုပ္ေနခ်ိန္မွာပဲ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြကလည္း သူတို႔ေရာက္ရွိေနတဲ့ ႏိုင္ငံေတြကေန ျမန္မာ့အေရး ကမာၻကသိေအာင္ ႀကိဳးပမ္းေနၾကပါတယ္။

အေမရိကန္အေရွ႕ျခမ္းက မက္ဆာခ်ဴးဆက္ျပည္နယ္ ေဘာ့စ္တြန္ၿမိဳ႕က လႊတ္ေတာ္အေဆာက္အဦးေရွ႕မွာ တနဂၤေႏြေန႔က အေမရိကန္ေရာက္ ျမန္မာေတြ စုေဝးၿပီး ျမန္မာစစ္တပ္ကို အက်ိဳးျပဳေနတဲ့ ေရနံကုမၸဏီတခုျဖစ္တဲ့ Chevron ကို သပိတ္ေမွာက္ဖို႔ စာတန္းေတြ ကိုင္ေဆာင္ ဆႏၵျပခဲ့ၾကပါတယ္။

ဂ်ပန္ႏိုင္ငံမွာေတာ့ တုိက်ိဳၿမိဳ႕ ကုလသမဂၢ႐ုံးေဘးက ကုလသမဂၢတကၠသိုလ္ေရွ႕မွာ ဂ်ပန္ေရာက္ျမန္မာေတြ စုေဝးၿပီး ေဟာင္ေကာင္၊ တိဘက္၊ မြန္ဂိုလီးယား၊ ကေမာၻဒီးယားနဲ႔ Turkistan ႏုိင္ငံသားေတြနဲ႔အတူ တ႐ုတ္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့တာပါ။

ဂ်ပန္ႏုိင္ငံ နာဂိုယာဘက္မွာေတာ့ ေႏြဦးေတာ္လွန္ေရးအတြင္း အသက္ေပးသြားသူေတြအတြက္ ရည္စူးၿပီး ဆြမ္းဆက္ကပ္တာ၊ တရားနာတာနဲ႔ ဘာသာေပါင္းစံု ဆုေတာင္းပြဲကို ဂ်ပန္ေရာက္ ျမန္မာေတြ စုေဝးက်င္းပခဲ့ၾကပါတယ္။

စေနေန႔ကလည္း ဝါရွင္တန္ဒီစီ၊ နယူးေယာက္နဲ႔ အေမရိကန္အေနာက္ျခမ္း ဆန္ဖရန္စစၥကို- ေဘးဧရိယာမွာ အေမရိကန္ေရာက္ ျမန္မာေတြ စုေဝးၿပီး ျမန္မာႏုိင္ငံမွာ အေရြးေကာက္ခံ လႊတ္ေတာ္အမတ္ေတြ ပါဝင္တဲ့ CRPH က အသစ္ဖြဲ႔စည္းလိုက္တဲ့ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရကို ေထာက္ခံတဲ့ ဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် အာဏာသိမ်းမှု ဆန့်ကျင်ပွဲ ကမ္ဘာအနှံ့ ဆက်လက်နွဲှ

မေလ ၉ ရက် တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ အမေများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာပြည်ရဲ့ မိခင်လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံနေရာကနေ လွတ်မြောက်စေဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာနွယ်ဖွားတွေ ပါဝင်တဲ့ Support the Democracy Movements in Burma အဖွဲ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဝါရှင်တန်ရင်ပြင်မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အဖမ်းခံနေရသူတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲတွေပါ ပြုလုပ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့စဉ်လိုလို ပြုလုပ်နေချိန်မှာပဲ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း သူတို့ရောက်ရှိနေတဲ့ နိုင်ငံတွေကနေ မြန်မာ့အရေး ကမ္ဘာကသိအောင် ကြိုးပမ်းနေကြပါတယ်။

အမေရိကန်အရှေ့ခြမ်းက မက်ဆာချူးဆက်ပြည်နယ် ဘော့စ်တွန်မြို့က လွှတ်တော်အဆောက်အဦးရှေ့မှာ တနင်္ဂနွေနေ့က အမေရိကန်ရောက် မြန်မာတွေ စုဝေးပြီး မြန်မာစစ်တပ်ကို အကျိုးပြုနေတဲ့ ရေနံကုမ္ပဏီတခုဖြစ်တဲ့ Chevron ကို သပိတ်မှောက်ဖို့ စာတန်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာတော့ တိုကျိုမြို့ ကုလသမဂ္ဂရုံးဘေးက ကုလသမဂ္ဂတက္ကသိုလ်ရှေ့မှာ ဂျပန်ရောက်မြန်မာတွေ စုဝေးပြီး ဟောင်ကောင်၊ တိဘက်၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီးယားနဲ့ Turkistan နိုင်ငံသားတွေနဲ့အတူ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာပါ။

ဂျပန်နိုင်ငံ နာဂိုယာဘက်မှာတော့ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးသွားသူတွေအတွက် ရည်စူးပြီး ဆွမ်းဆက်ကပ်တာ၊ တရားနာတာနဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဂျပန်ရောက် မြန်မာတွေ စုဝေးကျင်းပခဲ့ကြပါတယ်။

စနေနေ့ကလည်း ဝါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စစ္စကို- ဘေးဧရိယာမှာ အမေရိကန်ရောက် မြန်မာတွေ စုဝေးပြီး မြန်မာနိုင်ငံမှာ အရွေးကောက်ခံ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ CRPH က အသစ်ဖွဲ့စည်းလိုက်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG