သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီမွာ စစ္တပ္ပစ္လို႔ ရြာသူ တဦးေသဆံုး


ဧၿပီလ ၃ ရက္ေန႔က စစ္ကိုင္းတိုင္းရွိ ဆႏၵျပပဲြ တခုအတြင္း ေသနတ္ ထိမွန္သူတဦးကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ဧၿပီ ၀၃၊ ၂၀၂၁)

[Zawgyi/Unicode]

ေဒသခံေတြနဲ႔ စစ္ေကာင္စီတို႔ အေျခအေန တင္းမာေနတဲ့ စစ္ကိုင္းတိုင္း ကနီၿမိဳ႕နားက သမင္းၿခံေက်းရြာမွာ စစ္တပ္က ပစ္ခတ္တာေၾကာင့္ ရြာသူ ၁ ေယာက္ ေသဆံုးခဲ့ပါတယ္။ စစ္ကိုင္းတိုင္း ျမင္းမူၿမိဳ႕မွာလည္း လူေသဆံုးတဲ့အထိ ပစ္ခတ္မႈေတြ မေန႔ကျဖစ္ၿပီးေနာက္ ဒီေန႔ ၿမိဳ႕တြင္းက ေစ်းေတြ၊ ဆိုင္ေတြ ပိတ္ထားရပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုခင္ေမာင္စိုးမင္း ကေျပာျပပါမယ္။

ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ အျပန္အလွန္ ပစ္ခတ္မႈေတြ႐ွိေနတဲ့ စစ္ကိုင္းတိုင္း ကနီၿမိဳ႕အနီးက သမင္ၿခံေက်းရြာမွာ ဒီကေန႔ ေမ ၁၀ ရက္ ေန႔လယ္ပိုင္းမွာ စစ္တပ္က ပစ္ခတ္တာေၾကာင့္ ရြာသူ ၁ ဦးေသဆံုးခဲ့သလို ေဒသခံရြာသားေတြလည္း ထြက္ေျပးေနရပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“အခုဟာ သမင္ၿခံေတာျပင္ သမင္ၿခံရြာရဲ႕ေတာျပင္ေခၚတာ ေျပာင္းျပန္ေတာ ေတာက္ေလွ်ာက္ ကားလမ္းေဘးေတြ ဘယ္လိုေျပာမလဲ... ၿခံဳေတြ႕လည္းပစ္ မဲမဲျမင္ရာ ပစ္ေနတာဆိုေတာ့ ေတာက္ေလွ်ာက္ ေျပးေနၾကေတာ့တာ။ သူတို႔က ပိုက္စိပ္တိုက္ၿပီး ရွာေနတာေလ ေတြ႕သမွ် အကုန္ပစ္ေနတာဆိုေတာ့ အေ၀းႀကီး ေရွာင္ေနရတာ။ ဒီအတိုင္းလိုက္ပစ္တာ တိုက္ပြဲမျဖစ္ဘူး။ လူထုက ျပန္မလုပ္ဘဲေျပးေနတာ ေပးေနတာကို ဒီေကာင္ေတြက ပိုက္စိပ္တိုက္ၿပီး ေတာက္ေလွ်ာက္လိုက္ပစ္ေနတာဆိုေတာ့ ကေလးမေလးတေယာက္ဆီးခံုမွန္လို႔ ကေလးမေလးတေယာက္ သမင္ၿခံသူေလ... ေသသြားတယ္။ ဒီေန႔ ေန႔ခင္းေလာက္က ကေလးမေလးက သရက္သီးခူးၿပီးျပန္လာတာ ဘယ္လိုေျပာမလဲ... သူတို႔က လူျမင္ရင္ေတာက္ေလွ်ာက္ ပစ္ေနတာဆိုေတာ့ သူသူကိုယ္ကိုယ္ ေယာက္က်ားေလး၊ မိန္းကေလး မေရြးဘူး။ စက္ေသနတ္ေတြနဲ႔ ေတာက္ေလွ်ာက္ လိုက္ပစ္ေနတာဆိုေတာ့ ကေလးမေလးက ကံဆိုးတာေပါ့ မွန္သြားတယ္။ လူေသသြားတယ္။”

အဲဒီေဒသဘက္က ျပည္သူေတြဟာ ကိုယ့္ေဒသကို ခုခံကာကြယ္ဖုိ႔အတြက္ဆိုၿပီး ေဒသခံ ကာကြယ္ေရးအဖဲြ႔ေတြ ဖဲြ႔ၿပီး တပ္ေတြကို တိုက္ခိုက္ခဲ့တာပါ။ ေမ ၇ ရက္ကပဲ သမင္ၿခံေက်းရြာအနီးမွာ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြက စစ္ေကာင္စီတပ္ေတြကို တိုက္ခိုက္ခဲ့တာေၾကာင့္ ဗိုလ္မွဴးအဆင့္ ၁ ဦး၊ အပါ၀င္ ၆ ဦး က်ဆံုးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေမ ၆ ရက္ေန႔ကလည္း ကနီၿမိဳ႕နဲ႔ ခ်င္းတြင္းျမစ္သာျခားတဲ့ ကင္းရြာအနီးမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ခႏၱီးသြားတဲ့ လံုၿခံဳေရးတပ္ေတြပါတဲ့ စက္ေလွ ၂ စီးကို တိုက္ခိုက္ခဲ့ပါတယ္။

အခုလို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ လက္နက္စြဲကိုင္ ခံုခံတိုက္ေနတဲ့အေပၚ စစ္ေကာင္စီအေနနဲ႔ သည္းမခံဘဲ ရွင္းလင္းေဆာင္ရြက္သြားမယ္လို႔ ေမ ၇ ရက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြဘက္ကလည္း စစ္ေကာင္စီျပဳတ္က်ၿပီး ဒီမိုကေရစီအစိုးရ ျပန္မတက္မခ်င္း ခုခံသြားမယ္လို႔ ေျပာထားပါတယ္။

စစ္ကိုင္းတိုင္းထဲကပဲ ျမင္းမူၿမိဳ႕မွာေတာ့ ဆႏၵျပသူေတြအေပၚ မေန႔ ေမ ၉ ရက္ က တပ္ေတြပစ္ခတ္ ၿဖိဳခြင္းတဲ့အျပင္ ၂ ဦးကို ဖမ္းဆီးသြားတဲ့အတြက္ ၿမိဳ႕ခံေတြက ျပန္လႊတ္ေပးဖို႔ ရဲစခန္းေရွ႕သြားၿပိး ေတာင္းဆိုရာကေန စစ္တပ္က ပစ္ခတ္တာေၾကာင့္ ၁ ဦး ေသဆံုးခဲ့ပါတယ္။ ဒီကေန႔ေတာ့ ၿမိဳ႕မွာ ေစ်းဆိုင္ေတြပါ ပိတ္ထားၾကၿပီး တိတ္ဆိတ္ေနတယ္လို႔ ၿမိဳ ႔ခံတေယာက္က ေျပာပါတယ္။

“အခုလက္ရွိအေနအထားကေတာ့ ေစ်းလည္း ပိတ္ထားတယ္။ စားေသာက္ဆိုင္ေတြလည္း အကုန္ပိတ္ထားတယ္ခင္ဗ်။ ဒီေန႔သူတို႔က မေန႔က လမ္းေတြတားထားတာေတြကို ျပန္ၿပီးေတာ့ ရွင္းသြားတယ္။ ဒီေန႔က ပစ္ခတ္မႈ မရွိဘူး ၿငိမ္ေနၾကတယ္ေပါ့။ သူတို႔လည္း အထက ေက်ာင္းႀကီးထဲမွာ စခန္းခ်ထားတယ္ေပါ့။ ဒီေန႔က ဆႏၵျပပြဲ မရွိဘူး။ ဘာမွလည္းလုပ္လို႔မရဘူး။ သူတို႔က မနက္ကတည္းက လမ္းေၾကာင္းရွင္း ဘာရွင္းဆိုေတာ့ လူစုလို႔လည္းမရဘူး။ မေန႔က သဲအိတ္ေတြ၊ ဘာေတြ က်ေနာ္တို႔ လုပ္ထားခဲတဲ့ဟာေတြ သူတို႔ရွင္းတာေပါ့။ ဒီေန႔ကေတာ့ ဖမ္းဆီးတာ မရွိဘူး။ မေန႔ကဖမ္းသြားတဲ့ ကေလးေတြေတာ့ ဘာသတင္းမွ မရဘူး။”

စစ္တပ္က ပစ္ခတ္တာေၾကာင့္ က်ည္ဆံထိမွန္ၿပီး ေသဆံုးခဲ့တာလို႔ မ်က္ျမင္ေတြ႕တဲ့ေဒသခံေတြက ေျပာေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ ဆႏၵထုတ္ေဖာ္တာကို သြားေရာက္ညွိႏႈိင္းေျဖရွင္းခဲ့ေပမဲ့ မရတဲ့အတြက္ေၾကာင့္ အင္အားသံုးၿပီး လူစုခြဲတယ္လို႔ ဆိုပါတယ္။

ရဲစခန္းကို လူအင္အား ၂၀၀ ေလာက္က ၀ိုင္းရံလာတဲ့အတြက္ လူစုခြဲခဲ့ၿပီးေနာက္မွာ လူအင္အား ၅၀ ေလာက္က ၿမိဳ႕မေစ်းေကြ႕မွာ တာယာေတြ မီးရိႈ႕ၿပီး လက္လုပ္ဗံုးနဲ႔ ျပန္လည္တိုက္ခိုက္ရာမွာ သူတုိ႔လက္ထဲမွာတင္ လက္လုပ္ဗံုးေပါက္ၿပီး ေသဆံုးခဲ့တာလို႔ သတင္းထုတ္ျပန္ထားပါတယ္။ စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနမႈကို ဆန္႔က်င္ေနတဲ့ ဆႏၵျပသူေတြကုိ စစ္တပ္က ပစ္ခတ္ ဖမ္းဆီးခဲ့တာေၾကာင့္ စစ္ကိုင္းတိုင္းနဲ ႔ခ်င္းျပည္နယ္ဘက္က ေဒသခံတခ်ဳိ႕က ရရာလက္နက္ စြဲကိုင္ၿပီး စစ္ေကာင္စီတပ္ေတြကို ျပန္လည္ခုခံေနၾကတာျဖစ္ပါတယ္။

ကနီမွာ စစ္တပ္ပစ္လို႔ ရြာသူ တဦးေသဆံုး
please wait

No media source currently available

0:00 0:04:32 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကနီမှာ စစ်တပ်ပစ်လို့ ရွာသူ တဦးသေဆုံး

ဒေသခံတွေနဲ့ စစ်ကောင်စီတို့ အခြေအနေ တင်းမာနေတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နားက သမင်းခြံကျေးရွာမှာ စစ်တပ်က ပစ်ခတ်တာကြောင့် ရွာသူ ၁ ယောက် သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း မြင်းမူမြို့မှာလည်း လူသေဆုံးတဲ့အထိ ပစ်ခတ်မှုတွေ မနေ့ကဖြစ်ပြီးနောက် ဒီနေ့ မြို့တွင်းက ဈေးတွေ၊ ဆိုင်တွေ ပိတ်ထားရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်း ကနီမြို့အနီးက သမင်ခြံကျေးရွာမှာ ဒီကနေ့ မေ ၁၀ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ပစ်ခတ်တာကြောင့် ရွာသူ ၁ ဦးသေဆုံးခဲ့သလို ဒေသခံရွာသားတွေလည်း ထွက်ပြေးနေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“အခုဟာ သမင်ခြံတောပြင် သမင်ခြံရွာရဲ့တောပြင်ခေါ်တာ ပြောင်းပြန်တော တောက်လျှောက် ကားလမ်းဘေးတွေ ဘယ်လိုပြောမလဲ... ခြုံတွေ့လည်းပစ် မဲမဲမြင်ရာ ပစ်နေတာဆိုတော့ တောက်လျှောက် ပြေးနေကြတော့တာ။ သူတို့က ပိုက်စိပ်တိုက်ပြီး ရှာနေတာလေ တွေ့သမျှ အကုန်ပစ်နေတာဆိုတော့ အဝေးကြီး ရှောင်နေရတာ။ ဒီအတိုင်းလိုက်ပစ်တာ တိုက်ပွဲမဖြစ်ဘူး။ လူထုက ပြန်မလုပ်ဘဲပြေးနေတာ ပေးနေတာကို ဒီကောင်တွေက ပိုက်စိပ်တိုက်ပြီး တောက်လျှောက်လိုက်ပစ်နေတာဆိုတော့ ကလေးမလေးတယောက်ဆီးခုံမှန်လို့ ကလေးမလေးတယောက် သမင်ခြံသူလေ... သေသွားတယ်။ ဒီနေ့ နေ့ခင်းလောက်က ကလေးမလေးက သရက်သီးခူးပြီးပြန်လာတာ ဘယ်လိုပြောမလဲ... သူတို့က လူမြင်ရင်တောက်လျှောက် ပစ်နေတာဆိုတော့ သူသူကိုယ်ကိုယ် ယောက်ကျားလေး၊ မိန်းကလေး မရွေးဘူး။ စက်သေနတ်တွေနဲ့ တောက်လျှောက် လိုက်ပစ်နေတာဆိုတော့ ကလေးမလေးက ကံဆိုးတာပေါ့ မှန်သွားတယ်။ လူသေသွားတယ်။”

အဲဒီဒေသဘက်က ပြည်သူတွေဟာ ကိုယ့်ဒေသကို ခုခံကာကွယ်ဖို့အတွက်ဆိုပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပြီး တပ်တွေကို တိုက်ခိုက်ခဲ့တာပါ။ မေ ၇ ရက်ကပဲ သမင်ခြံကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးအဆင့် ၁ ဦး၊ အပါဝင် ၆ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေ ၆ ရက်နေ့ကလည်း ကနီမြို့နဲ့ ချင်းတွင်းမြစ်သာခြားတဲ့ ကင်းရွာအနီးမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ခန္တီးသွားတဲ့ လုံခြုံရေးတပ်တွေပါတဲ့ စက်လှေ ၂ စီးကို တိုက်ခိုက်ခဲ့ပါတယ်။

အခုလို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ လက်နက်စွဲကိုင် ခုံခံတိုက်နေတဲ့အပေါ် စစ်ကောင်စီအနေနဲ့ သည်းမခံဘဲ ရှင်းလင်းဆောင်ရွက်သွားမယ်လို့ မေ ၇ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း စစ်ကောင်စီပြုတ်ကျပြီး ဒီမိုကရေစီအစိုးရ ပြန်မတက်မချင်း ခုခံသွားမယ်လို့ ပြောထားပါတယ်။

စစ်ကိုင်းတိုင်းထဲကပဲ မြင်းမူမြို့မှာတော့ ဆန္ဒပြသူတွေအပေါ် မနေ့ မေ ၉ ရက် က တပ်တွေပစ်ခတ် ဖြိုခွင်းတဲ့အပြင် ၂ ဦးကို ဖမ်းဆီးသွားတဲ့အတွက် မြို့ခံတွေက ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့သွားပြိး တောင်းဆိုရာကနေ စစ်တပ်က ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒီကနေ့တော့ မြို့မှာ ဈေးဆိုင်တွေပါ ပိတ်ထားကြပြီး တိတ်ဆိတ်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“အခုလက်ရှိအနေအထားကတော့ ဈေးလည်း ပိတ်ထားတယ်။ စားသောက်ဆိုင်တွေလည်း အကုန်ပိတ်ထားတယ်ခင်ဗျ။ ဒီနေ့သူတို့က မနေ့က လမ်းတွေတားထားတာတွေကို ပြန်ပြီးတော့ ရှင်းသွားတယ်။ ဒီနေ့က ပစ်ခတ်မှု မရှိဘူး ငြိမ်နေကြတယ်ပေါ့။ သူတို့လည်း အထက ကျောင်းကြီးထဲမှာ စခန်းချထားတယ်ပေါ့။ ဒီနေ့က ဆန္ဒပြပွဲ မရှိဘူး။ ဘာမှလည်းလုပ်လို့မရဘူး။ သူတို့က မနက်ကတည်းက လမ်းကြောင်းရှင်း ဘာရှင်းဆိုတော့ လူစုလို့လည်းမရဘူး။ မနေ့က သဲအိတ်တွေ၊ ဘာတွေ ကျနော်တို့ လုပ်ထားခဲတဲ့ဟာတွေ သူတို့ရှင်းတာပေါ့။ ဒီနေ့ကတော့ ဖမ်းဆီးတာ မရှိဘူး။ မနေ့ကဖမ်းသွားတဲ့ ကလေးတွေတော့ ဘာသတင်းမှ မရဘူး။”

စစ်တပ်က ပစ်ခတ်တာကြောင့် ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တာလို့ မျက်မြင်တွေ့တဲ့ဒေသခံတွေက ပြောပေမယ့် စစ်ကောင်စီဘက်ကတော့ ဆန္ဒထုတ်ဖော်တာကို သွားရောက်ညှိနှိုင်းဖြေရှင်းခဲ့ပေမဲ့ မရတဲ့အတွက်ကြောင့် အင်အားသုံးပြီး လူစုခွဲတယ်လို့ ဆိုပါတယ်။

ရဲစခန်းကို လူအင်အား ၂၀၀ လောက်က ဝိုင်းရံလာတဲ့အတွက် လူစုခွဲခဲ့ပြီးနောက်မှာ လူအင်အား ၅၀ လောက်က မြို့မဈေးကွေ့မှာ တာယာတွေ မီးရှို့ပြီး လက်လုပ်ဗုံးနဲ့ ပြန်လည်တိုက်ခိုက်ရာမှာ သူတို့လက်ထဲမှာတင် လက်လုပ်ဗုံးပေါက်ပြီး သေဆုံးခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေမှုကို ဆန့်ကျင်နေတဲ့ ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်ဘက်က ဒေသခံတချို့က ရရာလက်နက် စွဲကိုင်ပြီး စစ်ကောင်စီတပ်တွေကို ပြန်လည်ခုခံနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG