သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ NLD ဗဟိုလူငယ္တာဝန္ခံနဲ႔ ပါတီဝင္တခ်ိဳ႕ ဖမ္းဆီးခံရ


ရန္ကုန္ၿမိဳ႕ရွိ NLD ပါတီ ဌာနခ်ဳပ္ျမင္ကြင္း။ (မွတ္တမ္းဓါတ္ပံု - NLD)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေနသူေတြအေပၚ န.စ.က စစ္ေကာင္စီက ဆက္လက္ဖမ္းဆီးေနတာမွာ ရခိုင္ျပည္နယ္ NLD ပါတီ ဗဟိုလူငယ္လုပ္ငန္းအဖဲြ႔ တာဝန္ခံ အပါအဝင္ NLD ပါတီဝင္တခ်ဳိ႕ ဖမ္းဆီးခံရပါတယ္။ အလားတူ ကနီၿမိဳ႕၊ ဖားကန္႔ၿမိဳ႕ေတြက ေဒသခံတခ်ဳိ႕လည္း ဖမ္းဆီးခံခဲ့ရပါတယ္။ ရန္ကုန္ကလာတဲ့ အဖမ္းအဆီးသတင္းကို ကိုျငိမ္းခ်မ္း ကတင္ျပပါမယ္။

NLD ပါတီဝင္တခ်ဳိ႕ အခုရက္ပိုင္း ဖမ္ဆီးခံေနရတာမွာ ရခိုင္ျပည္နယ္ NLD ပါတီ ဒုဥကၠ႒ ဦးစုိးေလးဟာ ရန္ကုန္ၿမိဳ႕မွာ တိမ္းေ႐ွာင္ေနစဥ္ ေမလ ၈ ရက္ေန႔က အဖမ္းခံရပါတယ္။ အလားတူ ရခိုင္ျပည္နယ္ NLD ပါတီ ဗဟိုလူငယ္လုပ္ငန္းအဖြဲ႔ တာဝန္ခံျဖစ္တဲ့ မမိုးဆန္းဆုၾကည္ဟာလည္း ေမလ ၉၊ တနဂၤေႏြေန႔က ဖမ္းဆီးခံရပါတယ္။ သူဟာ စစ္တပ္က အာဏာသိမ္းခ့ဲၿပီးေနာက္ ဖမ္းဆီးခဲ့ တဲ့ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုရဲ႕သမီးျဖစ္ပါတယ္။ သူဖမ္းဆီးခံရတာနဲ႔ ပတ္သက္လို႔ အမျဖစ္သူ ေဒၚၾကည္ၾကည္ဦးက ခုလိုေျပာပါတယ္။

“ေနတာကေတာ့ ရန္ကုန္မွာပဲ ေနတာေပါ့ ရန္ကုန္ကေနပါသြားတာ။ အဲဒီေန႔က ေန႔လယ္ပိုင္းေလာက္က အဆက္အသြယ္ရလိုက္ေသးတယ္။ အဲဒါကေတာ့ မေမးလိုက္ဘူး။ ေန႔လယ္ပိုင္းေလာက္မွာေတာ့ ေရွာင္ေနတယ္။ လံုၿခံဳတယ္။ ေနရာကိုေတာ့ သူလည္း မေျပာျပဘူး။ သတင္းေတြၾကားလို႔ ဖုန္းေခၚၾကည့္တဲ့အခါ ဖုန္းေခၚလို႔မရေတာ့ဘူး။ အခုသတင္းေတြမွာ ၾကားေနရသလို ႏိွပ္စက္တာတို႔ လုပ္ခ်င္သလို လုပ္ေနတာတို႔ အဲဒါကို စိုမ္းရိမ္တာေပါ့ အသက္အႏၱရာယ္တစ္ခုခုျဖစ္မွာကို။”

မမိုးဆန္းစုၾကည္ကို ဘာေၾကာင့္ဖမ္းဆီးသလဲဆိုတာ မသိရဘူးလို႔ အမျဖစ္သူက ေျပာပါတယ္။ ေမလ ၆ ရက္ေန႔ကလည္း ပါတီဗဟိုေကာ္မတီဝင္ ဦးဘမ်ိဳးသိန္း၊ ဦးစိုးဝင္း (ေခၚ) ဦးစိုးေလး၊ ရခိုင္ျပည္နယ္ လူငယ္လုပ္ငန္းအဖြဲ႕ဝင္ ဟိန္းမင္းထက္တုိ႔ NLD ႐ုံးခ်ဳပ္ေရွ႕ မွာ ဖမ္းဆီးခံရပါတယ္။ သူတုိ႔ကို လက္နက္ကိုင္ေဆာင္ထားတဲ့ အရပ္ဝတ္နဲ႔လူေတြက အိမ္စီးကားေပၚ ဖမ္းဆီးေခၚေဆာင္သြားတာကို CCTV လံုၿခံဳေရးကင္မရာက ႐ိုက္ကူးထားတဲ့ပံုေတြမွာ ေတ႔ြရပါတယ္။

ခုလို NLD ပါတီဝင္ေတြသာ မကဘဲ ျပည္သူေတြကိုလည္း စစ္ေကာင္စီတပ္ေတြက ဖမ္းဆီးေနပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕နယ္ မင္းမေက်းရြာအနီး ေတာထဲမွာ ေနထုိင္ၿပီး ေတာင္ယာလုပ္သူ ေဒသခံေတြကို ဒီကေန႔ မနက္ပိုင္းက စစ္ေကာင္စီတပ္ေတြဝင္လာၿပီး အမ်ိဳးသား ၂၀ ေက်ာ္ေလာက္ကို ဖမ္းဆီး သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီေတာထဲမွာေနတဲ့ မင္းမေဒသခံေတြဟာ မိမိကိုယ္ကို ကာကြယ္ဖို႔အတြက္ တူးမီးေသနတ္ ကိုင္ေဆာင္ေလ့႐ွိသူေတြျဖစ္ပါတယ္။ အိမ္မွာ တူမီးေသနတ္ေတြ႔တာေၾကာင့္ ခင္ပြန္းနဲ႔ သားျဖစ္သူကို စစ္ေကာင္စီတပ္က ဖမ္းေဆာင္သြားတယ္လို႔ ဖမ္းဆီးခံရရဲ႕ အမ်ိဳးသမီးက ေျပာပါတယ္။

“ေတာနက္တစ္ဝိုက္ေနၾကတာဆိုေတာ့ ကိုယ္တို႔ အသက္အႏၱရာယ္ ကာကြယ္ရေအာင္ဆိုၿပီးေတာ့ အဲဒီလိုေလးေတြ ေသနတ္ကေလးေတြ လုပ္ၾကတာပါ။ အဲဒါကို စာအုပ္ႀကီးနဲ႔ လာတာ။ ဆႏၵျပတာလည္း သိပ္မရွိဘူး။ အစပိုင္းကေတာ့ ကနီးကိုေတာ့ကို တစ္ေခါက္လိုက္ဖူးတယ္။ ေယာက်ာ္းေတြက အကုန္ေခၚသြားတာ နွစ္ေယာက္ရွိရင္ နွစ္ေယာက္ေခၚသြားတယ္။ သံုး ေယာက္ရွိရင္ သံုးေယာက္ေခၚသြားတာ။ ၂၀ ေက်ာ္ေလာက္ရွိမယ္။ ဒီအိမ္က သားအဖနွစ္ေယာက္ရွိတာေလ.. သားအဖနွစ္ေယာက္လံုးပါသြားတာ။ ကူညီၾကပါဘူး။ က်မတို႔က ေတာသူဆိုေတာ့ ေတာင္ယာေလးေတြ လုပ္စားရတာ။ အခု သမီးေလးနွစ္ေယာက္နဲ႔ သားငယ္ေလး ေျခာက္တန္းတစ္ေယာက္နဲ႔ က်မတို႔ သားသမီးေလးေယာက္ေပါင္းၿပီး ဘာမွလည္း မလုပ္တတ္ဘူး။ ဒီသားအဖနွစ္ေယာက္ပဲ လုပ္တတ္တာ။ ဘာလည္း မလုပ္တတ္ဘူး။ သူတို႔ေနာက္ တစ္ခါ လာစစ္ရင္လည္း အေသပဲခံလိုက္မယ္။ ေသသြားတာက ေအးတယ္။”

ၿပီးခဲ့တဲ့ သီတင္းပါတ္ေတြက အဲဒီမင္းမ ေက်းရြာ အနီးတစ္ဝိုက္မွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံေတြ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ခဲ့ပါတယ္။ တိုက္ခုိက္မႈေတြျဖစ္ၿပီးေနာက္ အနီးက႐ြာေတြကို စစ္တပ္ေတြ ဝင္ေရာက္ ဖမ္းဆီးေနတာေၾကာင့္ မင္းမေက်းရြာသားေတြ အကုန္လံုးနီးပါး ဒီကေန႔အထိ ထြက္ေျပးေနရတယ္လို႔လည္း မင္းမေဒသခံတစ္ဦးကေျပာပါတယ္။

“ပထမ ေလး၊ ငါးရက္ေလာက္က အခုဖမ္းသြားတဲ့ ေနရာရဲ႕ ႏွစ္မိုင္ေက်ာ္ေက်ာ္ေလာက္မွာ တို္က္ပြဲျဖစ္တာ တစ္ခုရွိတယ္ဗ်ာ ျပည္သူနဲ႔ စစ္တပ္နဲ႔ေပါ့ဗ်ာ။ ၿပီးေတာ့ အဲဒီေတာင္နားမွာပဲ နွစ္မိုင္ေက်ာ္ေက်ာ္ေလာက္မွာ တို္က္ပြဲျဖစ္တာရွိတယ္ဗ်ာ။ အဲဒါနဲ႔ ပတ္သတ္ၿပီးေတာ့ က်ေနာ္တို႔ရြာနဲ႔ ၾကားထဲမွာေနတဲ့ ေတာထဲကလူေတြကို မနက္က ၄ နာရီေလာက္မွာ လာၿပီး ေတာ့ ဖမ္းတယ္လို႔ ၾကားတယ္။ အခုကက်ေနာ္တို႔ကလည္း ေတာထဲမွာပဲဗ်ာ။ ေတာထဲမွာ ေနရတဲ့ ရက္ေတြလည္း ေတာ္ေတာ္မ်ားေနပါၿပီ ဘာလို႔လည္း ဆိုေတာ့ က်ေနာ္တို႔ရြာနဲ႔ ငါးမိုင္ေလာက္မွာရွိတဲ့ ေခ်ာင္းမဆိုတဲ့ ရြာမွာလည္း တပ္စြဲထားတယ္ဗ်ာ။ က်ေနာ္တို႔ရြာရဲ႕ ေျမာက္ဘက္က ၂ မိုင္ေက်ာ္ေက်ာ္မွာလည္း တပ္စြဲတယ္။ ကနီအထိေပါ့ဗ်ာ ၾကားထဲမွာ တပ္စြဲထားတာ သံုးေနရာေလာက္ရွိတယ္။ သူတို႔ကလည္း အခ်ိန္မေရြး ဝင္ေရာက္ၿပီးေတာ့ ဖမ္းတာစီးတာလုပ္တာဆိုေတာ့ ေၾကာက္ၿပီးေတာ့ ကေလးေပါက္စေတြေရာ လူႀကီးေတြေရာ ေတာထဲမွာ ထြက္ေနရတာ အခုလည္း က်ေနာ္တို႔ ေတာထဲမွာပါပဲ။”

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္အတြင္းက မမံုေက်းရြာမွာလည္း ဒီကေန႔ မနက္ပိုင္းက သပိတ္ေခါင္းေဆာင္တစ္ဦးကို ရွာမေတြ႔တာေၾကာင့္ သပိတ္ေခါင္းေဆာင္ရဲ႕ဇနီးနဲ႔ ကေလးေတြအပါအဝင္ စုစုေပါင္း ၁၁ ေယာက္ကို ဖမ္းဆီးခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သပိတ္ေခါင္းေဆာင္ရဲ႕ဇနီးနဲ႔ ကေလးနွစ္ဦးကို ျပန္လႊတ္ေပးလိုက္တယ္လို႔ မမံုေက်းရြာ သားတစ္ဦးကေျပာပါတယ္။

“အားလံုးအိပ္ေပ်ာ္ေနတဲ့ အခ်ိန္ မနက္ ၅ နာရီေလာက္မွာ သူတို႔လာၿပီးေတာ့ ဝိုင္းထားတယ္။ မမံုရပ္ကြက္ ၂ ေပါ့... အဲဒီမွာ အကုန္လံုးဝိုင္းထားၿပီးေတာ့ အိမ္ကိုဝိုင္းထားၿပီးမွ သူ႔ေယာက်ာ္းကို လိုက္ရွာတယ္။ သပိတ္ေခါင္းေဆာင္ကို လိုက္လို႔မေတြ႔ေတာ့ ကေလးနဲ႔ မိန္းမေတြကို ဖမ္းသြားတယ္။ ၿပီးေတာ့ ဆႏၵျပတဲ့ ပစၥည္းေတြ ထားတဲ့ အိမ္ကိုလည္း ဝင္ေမႊသြားတယ္။ လူ ၈ ေယာက္ဖမ္းသြားတယ္။ အကုန္လံုးစုစုေပါင္း ၁၁ ေယာက္ မိန္းကေလး သံုးေယာက္ ေယာက်ာ္းေလး ၈ ေယာက္။ ၁၁ ေယာက္ထဲက သံုးေယာက္ပဲ လြတ္ေသးတယ္။ က်န္တဲ့ ၈ ေယာက္က်န္ေသးတယ္။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာရွင္ဆန္႔က်င္လႈပ္ရွားမႈအတြင္း ပစ္ခတ္ခံရသူေတြနဲ႔ ဖမ္းဆီးခံရသူေတြအျပင္ ထြက္ေျပးတိမ္းေရွာင္ေနရသူ အမ်ားအျပားရွိေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် NLD ဗဟိုလူငယ်တာဝန်ခံနဲ့ ပါတီဝင်တချို့ ဖမ်းဆီးခံရ

စစ်အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေအပေါ် န.စ.က စစ်ကောင်စီက ဆက်လက်ဖမ်းဆီးနေတာမှာ ရခိုင်ပြည်နယ် NLD ပါတီ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ အပါအဝင် NLD ပါတီဝင်တချို့ ဖမ်းဆီးခံရပါတယ်။ အလားတူ ကနီမြို့၊ ဖားကန့်မြို့တွေက ဒေသခံတချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ရန်ကုန်ကလာတဲ့ အဖမ်းအဆီးသတင်းကို ကိုငြိမ်းချမ်း ကတင်ပြပါမယ်။

NLD ပါတီဝင်တချို့ အခုရက်ပိုင်း ဖမ်ဆီးခံနေရတာမှာ ရခိုင်ပြည်နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးစိုးလေးဟာ ရန်ကုန်မြို့မှာ တိမ်းရှောင်နေစဉ် မေလ ၈ ရက်နေ့က အဖမ်းခံရပါတယ်။ အလားတူ ရခိုင်ပြည်နယ် NLD ပါတီ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံဖြစ်တဲ့ မမိုးဆန်းဆုကြည်ဟာလည်း မေလ ၉၊ တနင်္ဂနွေနေ့က ဖမ်းဆီးခံရပါတယ်။ သူဟာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖမ်းဆီးခဲ့ တဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့သမီးဖြစ်ပါတယ်။ သူဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ အမဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ခုလိုပြောပါတယ်။

“နေတာကတော့ ရန်ကုန်မှာပဲ နေတာပေါ့ ရန်ကုန်ကနေပါသွားတာ။ အဲဒီနေ့က နေ့လယ်ပိုင်းလောက်က အဆက်အသွယ်ရလိုက်သေးတယ်။ အဲဒါကတော့ မမေးလိုက်ဘူး။ နေ့လယ်ပိုင်းလောက်မှာတော့ ရှောင်နေတယ်။ လုံခြုံတယ်။ နေရာကိုတော့ သူလည်း မပြောပြဘူး။ သတင်းတွေကြားလို့ ဖုန်းခေါ်ကြည့်တဲ့အခါ ဖုန်းခေါ်လို့မရတော့ဘူး။ အခုသတင်းတွေမှာ ကြားနေရသလို နှိပ်စက်တာတို့ လုပ်ချင်သလို လုပ်နေတာတို့ အဲဒါကို စိုမ်းရိမ်တာပေါ့ အသက်အန္တရာယ်တစ်ခုခုဖြစ်မှာကို။”

မမိုးဆန်းစုကြည်ကို ဘာကြောင့်ဖမ်းဆီးသလဲဆိုတာ မသိရဘူးလို့ အမဖြစ်သူက ပြောပါတယ်။ မေလ ၆ ရက်နေ့ကလည်း ပါတီဗဟိုကော်မတီဝင် ဦးဘမျိုးသိန်း၊ ဦးစိုးဝင်း (ခေါ်) ဦးစိုးလေး၊ ရခိုင်ပြည်နယ် လူငယ်လုပ်ငန်းအဖွဲ့ဝင် ဟိန်းမင်းထက်တို့ NLD ရုံးချုပ်ရှေ့ မှာ ဖမ်းဆီးခံရပါတယ်။ သူတို့ကို လက်နက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့လူတွေက အိမ်စီးကားပေါ် ဖမ်းဆီးခေါ်ဆောင်သွားတာကို CCTV လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ပုံတွေမှာ တေ့ွရပါတယ်။

ခုလို NLD ပါတီဝင်တွေသာ မကဘဲ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးနေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မင်းမကျေးရွာအနီး တောထဲမှာ နေထိုင်ပြီး တောင်ယာလုပ်သူ ဒေသခံတွေကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေဝင်လာပြီး အမျိုးသား ၂၀ ကျော်လောက်ကို ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတောထဲမှာနေတဲ့ မင်းမဒေသခံတွေဟာ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် တူးမီးသေနတ် ကိုင်ဆောင်လေ့ရှိသူတွေဖြစ်ပါတယ်။ အိမ်မှာ တူမီးသေနတ်တွေ့တာကြောင့် ခင်ပွန်းနဲ့ သားဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆောင်သွားတယ်လို့ ဖမ်းဆီးခံရရဲ့ အမျိုးသမီးက ပြောပါတယ်။

“တောနက်တစ်ဝိုက်နေကြတာဆိုတော့ ကိုယ်တို့ အသက်အန္တရာယ် ကာကွယ်ရအောင်ဆိုပြီးတော့ အဲဒီလိုလေးတွေ သေနတ်ကလေးတွေ လုပ်ကြတာပါ။ အဲဒါကို စာအုပ်ကြီးနဲ့ လာတာ။ ဆန္ဒပြတာလည်း သိပ်မရှိဘူး။ အစပိုင်းကတော့ ကနီးကိုတော့ကို တစ်ခေါက်လိုက်ဖူးတယ်။ ယောကျာ်းတွေက အကုန်ခေါ်သွားတာ နှစ်ယောက်ရှိရင် နှစ်ယောက်ခေါ်သွားတယ်။ သုံး ယောက်ရှိရင် သုံးယောက်ခေါ်သွားတာ။ ၂၀ ကျော်လောက်ရှိမယ်။ ဒီအိမ်က သားအဖနှစ်ယောက်ရှိတာလေ.. သားအဖနှစ်ယောက်လုံးပါသွားတာ။ ကူညီကြပါဘူး။ ကျမတို့က တောသူဆိုတော့ တောင်ယာလေးတွေ လုပ်စားရတာ။ အခု သမီးလေးနှစ်ယောက်နဲ့ သားငယ်လေး ခြောက်တန်းတစ်ယောက်နဲ့ ကျမတို့ သားသမီးလေးယောက်ပေါင်းပြီး ဘာမှလည်း မလုပ်တတ်ဘူး။ ဒီသားအဖနှစ်ယောက်ပဲ လုပ်တတ်တာ။ ဘာလည်း မလုပ်တတ်ဘူး။ သူတို့နောက် တစ်ခါ လာစစ်ရင်လည်း အသေပဲခံလိုက်မယ်။ သေသွားတာက အေးတယ်။”

ပြီးခဲ့တဲ့ သီတင်းပါတ်တွေက အဲဒီမင်းမ ကျေးရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် အနီးကရွာတွေကို စစ်တပ်တွေ ဝင်ရောက် ဖမ်းဆီးနေတာကြောင့် မင်းမကျေးရွာသားတွေ အကုန်လုံးနီးပါး ဒီကနေ့အထိ ထွက်ပြေးနေရတယ်လို့လည်း မင်းမဒေသခံတစ်ဦးကပြောပါတယ်။

“ပထမ လေး၊ ငါးရက်လောက်က အခုဖမ်းသွားတဲ့ နေရာရဲ့ နှစ်မိုင်ကျော်ကျော်လောက်မှာ တိုက်ပွဲဖြစ်တာ တစ်ခုရှိတယ်ဗျာ ပြည်သူနဲ့ စစ်တပ်နဲ့ပေါ့ဗျာ။ ပြီးတော့ အဲဒီတောင်နားမှာပဲ နှစ်မိုင်ကျော်ကျော်လောက်မှာ တိုက်ပွဲဖြစ်တာရှိတယ်ဗျာ။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ရွာနဲ့ ကြားထဲမှာနေတဲ့ တောထဲကလူတွေကို မနက်က ၄ နာရီလောက်မှာ လာပြီး တော့ ဖမ်းတယ်လို့ ကြားတယ်။ အခုကကျနော်တို့ကလည်း တောထဲမှာပဲဗျာ။ တောထဲမှာ နေရတဲ့ ရက်တွေလည်း တော်တော်များနေပါပြီ ဘာလို့လည်း ဆိုတော့ ကျနော်တို့ရွာနဲ့ ငါးမိုင်လောက်မှာရှိတဲ့ ချောင်းမဆိုတဲ့ ရွာမှာလည်း တပ်စွဲထားတယ်ဗျာ။ ကျနော်တို့ရွာရဲ့ မြောက်ဘက်က ၂ မိုင်ကျော်ကျော်မှာလည်း တပ်စွဲတယ်။ ကနီအထိပေါ့ဗျာ ကြားထဲမှာ တပ်စွဲထားတာ သုံးနေရာလောက်ရှိတယ်။ သူတို့ကလည်း အချိန်မရွေး ဝင်ရောက်ပြီးတော့ ဖမ်းတာစီးတာလုပ်တာဆိုတော့ ကြောက်ပြီးတော့ ကလေးပေါက်စတွေရော လူကြီးတွေရော တောထဲမှာ ထွက်နေရတာ အခုလည်း ကျနော်တို့ တောထဲမှာပါပဲ။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက မမုံကျေးရွာမှာလည်း ဒီကနေ့ မနက်ပိုင်းက သပိတ်ခေါင်းဆောင်တစ်ဦးကို ရှာမတွေ့တာကြောင့် သပိတ်ခေါင်းဆောင်ရဲ့ဇနီးနဲ့ ကလေးတွေအပါအဝင် စုစုပေါင်း ၁၁ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သပိတ်ခေါင်းဆောင်ရဲ့ဇနီးနဲ့ ကလေးနှစ်ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ မမုံကျေးရွာ သားတစ်ဦးကပြောပါတယ်။

“အားလုံးအိပ်ပျော်နေတဲ့ အချိန် မနက် ၅ နာရီလောက်မှာ သူတို့လာပြီးတော့ ဝိုင်းထားတယ်။ မမုံရပ်ကွက် ၂ ပေါ့... အဲဒီမှာ အကုန်လုံးဝိုင်းထားပြီးတော့ အိမ်ကိုဝိုင်းထားပြီးမှ သူ့ယောကျာ်းကို လိုက်ရှာတယ်။ သပိတ်ခေါင်းဆောင်ကို လိုက်လို့မတွေ့တော့ ကလေးနဲ့ မိန်းမတွေကို ဖမ်းသွားတယ်။ ပြီးတော့ ဆန္ဒပြတဲ့ ပစ္စည်းတွေ ထားတဲ့ အိမ်ကိုလည်း ဝင်မွှေသွားတယ်။ လူ ၈ ယောက်ဖမ်းသွားတယ်။ အကုန်လုံးစုစုပေါင်း ၁၁ ယောက် မိန်းကလေး သုံးယောက် ယောကျာ်းလေး ၈ ယောက်။ ၁၁ ယောက်ထဲက သုံးယောက်ပဲ လွတ်သေးတယ်။ ကျန်တဲ့ ၈ ယောက်ကျန်သေးတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုအတွင်း ပစ်ခတ်ခံရသူတွေနဲ့ ဖမ်းဆီးခံရသူတွေအပြင် ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG