သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းရက္ ၁၀ဝ ျပည့္ ဘဏ္အပ္ေငြထုတ္ယူမႈ ျပႆနာႀကီးေန


ရန္ကုန္ရွိ KBZ ATM ေငြထုတ္စက္ တခုမွာ ေငြထုတ္ဖို႔ တန္းစီေနၾကသူမ်ား။ (ဧၿပီ ၀၇၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းယူခဲ့တာ ရက္ ၁၀၀ ျပည့္လာခ်ိန္မွာေတာ့ ရန္ကုန္ၿမိဳ႕က ATM ေငြထုတ္စက္ေတြေရွ႕မွာ ေငြထုတ္ယူဖို႔ တန္းစီေစာင့္ေနၾကတဲ့ လူတန္းရွည္ႀကီးေတြဟာ ေန႔စဥ္ ျမင္ေတြ႔ေနက် ျမင္ကြင္းတခုျဖစ္လာေနပါတယ္။

ရန္ကုန္က ဘဏ္တခုေရွ႕မွာ ေစာင့္ေနၾကသူတခ်ဳိ႕က ေရွ႕ဆံုးမွာ ေနရာရဖို႔အတြက္ ညမထြက္ရအမိန္႔ကိုေတာင္ မေၾကာက္ႏုိင္ဘဲ မနက္အေစာႀကီးကတည္းက လာတန္းစီေနတဲ့အေၾကာင္း AP သတင္းဌာနကိုေျပာပါတယ္။

အခ်ိန္အၾကာႀကီး ေစာင့္ရဖို႔ တြက္ထားၾကတာေၾကာင့္ အမ်ားစုက စားေသာက္စရာေတြ ကိုယ့္ဖာသာယူလာၾကပါတယ္။ ဒါေပမဲ့လည္း လူမ်ားလြန္းတာေၾကာင့္ ကိုယ္အလွည့္ေရာက္တဲ့အခါ ထုတ္စရာေငြမရွိေတာ့ဘဲ လွည့္ျပန္သြားၾကရသူကလည္း အမ်ားႀကီးပါ။

ထုတ္ခြင့္ရသူေတြအေနနဲ႔လည္း ကိုယ္လိုခ်င္သေလာက္ေငြကို ထုတ္လို႔ရတာ မဟုတ္ဘဲ ဘဏ္အမ်ားစုက တရက္ကို က်ပ္ေငြ ၂၀၀,၀၀၀ ပဲ ထုတ္ခြင့္ေပးထားတာပါ။

ဘဏ္ေတြက တိုကင္နံပါတ္နဲ႔ အလွည့္က် တန္းစီထုတ္ယူဖို႔ စီစဥ္ေပမဲ့လည္း တိုကင္နံပါတ္ယူဖို႔ ဖုန္းေခၚတဲ့အခါ ဖုန္းေျဖမယ့္သူမရွိတာ၊ အြန္လိုင္းကေန တိုကင္နံပါတ္ယူေတာ့လည္း သံုးတဲ့လူမ်ားလြန္းတာေၾကာင့္ အလုပ္မျဖစ္တာေတြနဲ႔ ၾကံဳရတယ္လုိ႔ ေျပာၾကပါတယ္။

ဒီအေတာအတြင္းမွာပဲ ေရႊေစ်းလည္း တက္လာေနၿပီး ဒီကေန႔ ရန္ကုန္မွာ ၁၆ ပဲရည္ အေခါက္ေရႊ တက်ပ္သားကို က်ပ္ေငြ ၁၆ သိန္းေက်ာ္အထိ ေစ်းေပါက္တယ္လို႔ ျပည္တြင္းကလာတဲ့ သတင္းေတြမွာ ေတြ႔ရပါတယ္။

အေမရိကန္ေဒၚလာနဲ႔ က်ပ္ေငြ လဲႏႈန္းမွာလည္း က်ပ္ေငြတန္ဖိုး ဆက္တိုက္က်လာေနၿပီး ဒီကေန႔မွာ တေဒၚလာဝယ္ေစ်း ၁,၇၀၀ က်ပ္အထိ ရွိလာပါတယ္။ ေလာင္စာဆီေစ်းနဲ႔ အေျခခံစားကုန္ေစ်းႏႈန္းေတြလည္း တျဖည္းျဖည္း ပိုတက္လာေနပါတယ္။

ျမန္မာ့စီးပြားေရးဟာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ အထိနာၿပီးသား ျဖစ္ေနရာကေန စစ္တပ္က အာဏာသိမ္းယူလိုက္တာေၾကာင့္ ပိုဆိုးလာၿပီး ၿပိဳလဲက်မယ့္အေျခအေနနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ကုလသမဂၢ ဖြံ႔ၿဖိဳးမႈအစီအစဥ္ (UNDP) ရဲ႕ မၾကာေသးခင္က အစီရင္ခံစာတခုမွာ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ဘဏ်အပ်ငွေထုတ်ယူမှု ပြဿနာကြီးနေ

စစ်တပ်က အာဏာသိမ်းယူခဲ့တာ ရက် ၁၀၀ ပြည့်လာချိန်မှာတော့ ရန်ကုန်မြို့က ATM ငွေထုတ်စက်တွေရှေ့မှာ ငွေထုတ်ယူဖို့ တန်းစီစောင့်နေကြတဲ့ လူတန်းရှည်ကြီးတွေဟာ နေ့စဉ် မြင်တွေ့နေကျ မြင်ကွင်းတခုဖြစ်လာနေပါတယ်။

ရန်ကုန်က ဘဏ်တခုရှေ့မှာ စောင့်နေကြသူတချို့က ရှေ့ဆုံးမှာ နေရာရဖို့အတွက် ညမထွက်ရအမိန့်ကိုတောင် မကြောက်နိုင်ဘဲ မနက်အစောကြီးကတည်းက လာတန်းစီနေတဲ့အကြောင်း AP သတင်းဌာနကိုပြောပါတယ်။

အချိန်အကြာကြီး စောင့်ရဖို့ တွက်ထားကြတာကြောင့် အများစုက စားသောက်စရာတွေ ကိုယ့်ဖာသာယူလာကြပါတယ်။ ဒါပေမဲ့လည်း လူများလွန်းတာကြောင့် ကိုယ်အလှည့်ရောက်တဲ့အခါ ထုတ်စရာငွေမရှိတော့ဘဲ လှည့်ပြန်သွားကြရသူကလည်း အများကြီးပါ။

ထုတ်ခွင့်ရသူတွေအနေနဲ့လည်း ကိုယ်လိုချင်သလောက်ငွေကို ထုတ်လို့ရတာ မဟုတ်ဘဲ ဘဏ်အများစုက တရက်ကို ကျပ်ငွေ ၂၀၀,၀၀၀ ပဲ ထုတ်ခွင့်ပေးထားတာပါ။

ဘဏ်တွေက တိုကင်နံပါတ်နဲ့ အလှည့်ကျ တန်းစီထုတ်ယူဖို့ စီစဉ်ပေမဲ့လည်း တိုကင်နံပါတ်ယူဖို့ ဖုန်းခေါ်တဲ့အခါ ဖုန်းဖြေမယ့်သူမရှိတာ၊ အွန်လိုင်းကနေ တိုကင်နံပါတ်ယူတော့လည်း သုံးတဲ့လူများလွန်းတာကြောင့် အလုပ်မဖြစ်တာတွေနဲ့ ကြုံရတယ်လို့ ပြောကြပါတယ်။

ဒီအတောအတွင်းမှာပဲ ရွှေဈေးလည်း တက်လာနေပြီး ဒီကနေ့ ရန်ကုန်မှာ ၁၆ ပဲရည် အခေါက်ရွှေ တကျပ်သားကို ကျပ်ငွေ ၁၆ သိန်းကျော်အထိ ဈေးပေါက်တယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။

အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေ လဲနှုန်းမှာလည်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာနေပြီး ဒီကနေ့မှာ တဒေါ်လာဝယ်ဈေး ၁,၇၀၀ ကျပ်အထိ ရှိလာပါတယ်။ လောင်စာဆီဈေးနဲ့ အခြေခံစားကုန်ဈေးနှုန်းတွေလည်း တဖြည်းဖြည်း ပိုတက်လာနေပါတယ်။

မြန်မာ့စီးပွားရေးဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အထိနာပြီးသား ဖြစ်နေရာကနေ စစ်တပ်က အာဏာသိမ်းယူလိုက်တာကြောင့် ပိုဆိုးလာပြီး ပြိုလဲကျမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ မကြာသေးခင်က အစီရင်ခံစာတခုမှာ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG